Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် ပုပ်ရဟန်းမင်းကြီး၏ ကြားဝင်ဆောင်ရွက်မှုများကို သမ္မတဇီလန်စကီးပယ်ချ

Pika (NP News) - မေ ၁၄

ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် ကူညီပေးမည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတဇီလန်စကီးကပယ်ချခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇီလန်စကီးသည် ယူကရိန်းအစိုးရနှင့် ရုရှားကြား အဆက်အသွယ်အားလုံးကို ယခင်တည်းကဖြတ်တောက်ထားခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရေးအတွက် နိုင်ငံရပ်ခြားမှ ဖျန်ဖြေမှုအားလုံးကို ပယ်ချခဲ့ကြောင်းသိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးက"ပုပ်ရဟန်းမင်းကြီးကို လေးစားတဲ့အနေနဲ့ ကျွန်တော်တို့က ဖျန်ဖြေမှုတွေကို မလိုအပ်ပါဘူး။ ကျွန်တော်တို့က တရားမျှတတဲ့ ငြိမ်းချမ်းရေးကိုပဲလိုအပ်တာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကျွန်တော့်ရပ်တည်ချက်ကိုသိမှာပါ။ ယူကရိန်းမှာစစ်ပွဲတွေဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးကလည်း ယူကရိန်းနိုင်ငံသားတွေအတွက်ပဲ ဖြစ်ရမှာပါ။ ရုရှားသမ္မတပူတင်နဲ့ ပြေလည်အောင်ညှိနှိုင်းလို့မရပါဘူး"ဟုပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းတွင် စစ်ဆင်ရေးလုပ်ဆောင်နေခြင်းများ ရပ်ဆိုင်းရန် ရုရှားကို တောင်းဆိုထားပြီး ရုရှားနှင့်ယူကရိန်းကြး ပဋိပက္ခအဆုံးသတ်ရေးတွင် သဘောတူညီမှုရရှိအောင် ကူညီပေးရန် အကြိမ်ပေါင်းများစွာကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိအောင်ကြိုးပမ်းခဲ့သော တူရကီ၏ကြိုးပမ်းမှုများကိုလည်း ပုပ်ရဟန်းမင်းကြီးက ချီးကျူးခဲ့ကြောင်းသိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် ၎င်း၏အစိုးရတာဝန်ရှိသူများနှင့် ရုရှားကြား ဆက်သွယ်မှုမှန်သမျှကို တားမြစ်သည့် အမိန့်စာတစ်စောင်ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း ကြားဝင်ဆောင်ရွက်ခဲ့ရာ ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံက အချက်(၁၂)ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီမှု ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ယူကရိန်း၊ အမေရိကန် နှင့် ဘယ်လ်ဂျီယံတို့ကလည်း တရုတ်နိုင်ငံ၏ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပယ်ချခဲ့ကြောင်းသိရသည်။ ယူကရိန်းသည် စစ်ပွဲနှင့်ပတ်သက်ပြီးရုရှားကလျော်ကြေးပေးရန်၊ ရုရှားအစိုးရတာဝန်ရှိသူများက လက်နက်ချပြီး စစ်ရာဇဝတ်မှုခုံရုံးတွင် တရားရင်ဆိုင်ရန်နှင့် ခရိုင်းမီးယားအပါအဝင် ယူကရိန်းကတောင်းဆိုထားသော နယ်မြေများအားလုံးကို ပြန်ပေးရန်စသည့် အချက်(၁ဝ)ချက်ပါဝင်သော ငြိမ်းချမ်းရေးသဘောတူညီချက် အစီအစဥ်ကိုသာ လိုက်နာမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က"အနောက်အုပ်စုနိုင်ငံတွေရဲ့ ရုပ်သေးရုပ်တစ်ခုဖြစ်တဲ့ ဇီလန်စကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မလုပ်ဆောင်ဖူးဆိုတာ ရုရှားကနားလည်ပါတယ်"ဟုပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္းစစ္ပြဲအဆုံးသတ္ႏိုင္ရန္ ပုပ္ရဟန္းမင္းႀကီး၏ ၾကားဝင္ေဆာင္႐ြက္မႈမ်ားကို သမၼတဇီလန္စကီးပယ္ခ်
Pika (NP News) - ေမ ၁၄

႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာ စစ္ပြဲကို အဆုံးသတ္ရန္အတြက္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရာတြင္ ကူညီေပးမည့္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္၏ ကမ္းလွမ္းခ်က္ကို ယူကရိန္းသမၼတဇီလန္စကီးကပယ္ခ်ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ဇီလန္စကီးသည္ ယူကရိန္းအစိုးရႏွင့္ ႐ုရွားၾကား အဆက္အသြယ္အားလုံးကို ယခင္တည္းကျဖတ္ေတာက္ထားခဲ့ၿပီး ပဋိပကၡအဆုံးသတ္ေရးအတြက္ ႏိုင္ငံရပ္ျခားမွ ဖ်န္ေျဖမႈအားလုံးကို ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသမၼတဇီလန္စကီးက"ပုပ္ရဟန္းမင္းႀကီးကို ေလးစားတဲ့အေနနဲ႔ ကြၽန္ေတာ္တို႔က ဖ်န္ေျဖမႈေတြကို မလိုအပ္ပါဘူး။ ကြၽန္ေတာ္တို႔က တရားမွ်တတဲ့ ၿငိမ္းခ်မ္းေရးကိုပဲလိုအပ္တာပါ။ ပုပ္ရဟန္းမင္းႀကီးနဲ႔ေတြ႕ရတာ ကြၽန္ေတာ့္အတြက္ဂုဏ္ယူစရာပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ရပ္တည္ခ်က္ကိုသိမွာပါ။ ယူကရိန္းမွာစစ္ပြဲေတြျဖစ္ပြားေနၿပီး ၿငိမ္းခ်မ္းေရးကလည္း ယူကရိန္းႏိုင္ငံသားေတြအတြက္ပဲ ျဖစ္ရမွာပါ။ ႐ုရွားသမၼတပူတင္နဲ႔ ေျပလည္ေအာင္ညႇိႏႈိင္းလို႔မရပါဘူး"ဟုေျပာဆိုခဲ့သည္။

ပုပ္ရဟန္းမင္းႀကီးဖရန္စစ္သည္ ယူကရိန္းတြင္ စစ္ဆင္ေရးလုပ္ေဆာင္ေနျခင္းမ်ား ရပ္ဆိုင္းရန္ ႐ုရွားကို ေတာင္းဆိုထားၿပီး ႐ုရွားႏွင့္ယူကရိန္းၾကး ပဋိပကၡအဆုံးသတ္ေရးတြင္ သေဘာတူညီမႈရရွိေအာင္ ကူညီေပးရန္ အႀကိမ္ေပါင္းမ်ားစြာကမ္းလွမ္းခဲ့ေၾကာင္းသိရသည္။ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိေအာင္ႀကိဳးပမ္းခဲ့ေသာ တူရကီ၏ႀကိဳးပမ္းမႈမ်ားကိုလည္း ပုပ္ရဟန္းမင္းႀကီးက ခ်ီးက်ဴးခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသမၼတဇီလန္စကီးသည္ ၎၏အစိုးရတာဝန္ရွိသူမ်ားႏွင့္ ႐ုရွားၾကား ဆက္သြယ္မႈမွန္သမွ်ကို တားျမစ္သည့္ အမိန႔္စာတစ္ေစာင္ကိုထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။

ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကလည္း ၾကားဝင္ေဆာင္႐ြက္ခဲ့ရာ ယခုႏွစ္အေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံက အခ်က္(၁၂)ခ်က္ပါ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ယူကရိန္း၊ အေမရိကန္ ႏွင့္ ဘယ္လ္ဂ်ီယံတို႔ကလည္း တ႐ုတ္ႏိုင္ငံ၏ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသည္ စစ္ပြဲႏွင့္ပတ္သက္ၿပီး႐ုရွားကေလ်ာ္ေၾကးေပးရန္၊ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားက လက္နက္ခ်ၿပီး စစ္ရာဇဝတ္မႈခုံ႐ုံးတြင္ တရားရင္ဆိုင္ရန္ႏွင့္ ခ႐ိုင္းမီးယားအပါအဝင္ ယူကရိန္းကေတာင္းဆိုထားေသာ နယ္ေျမမ်ားအားလုံးကို ျပန္ေပးရန္စသည့္ အခ်က္(၁ဝ)ခ်က္ပါဝင္ေသာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ အစီအစဥ္ကိုသာ လိုက္နာမည္ျဖစ္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးကေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က"အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ႐ုပ္ေသး႐ုပ္တစ္ခုျဖစ္တဲ့ ဇီလန္စကီးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ မလုပ္ေဆာင္ဖူးဆိုတာ ႐ုရွားကနားလည္ပါတယ္"ဟုေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်၏လုပ်ရပ်များက ယူကရိန်းစစ်ပွဲ နောက်ထပ်ပိုမိုပြင်းထန်လာရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved