Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်၏လုပ်ရပ်များက ယူကရိန်းစစ်ပွဲ နောက်ထပ်ပိုမိုပြင်းထန်လာရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်

Pika (NP News) - မေ ၁၄

ယူကရိန်းကို တာဝေးပစ်ခရုဇ်ဒုံးကျည်များ ထောက်ပံ့ပေးသော ဗြိတိန်၏ဆုံးဖြတ်ချက်သည် ယူကရိန်းပဋိပက္ခကို လက်ရှိထက် ပိုမိုပြင်းထန်လာစေမည့် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

ဗြိတိန်၏အဆိုပါဆုံးဖြတ်ချက်သည် စဥ်းစားညဏ်မဲ့သောလုပ်ရပ်တစ်ခုဖြစ်ပြီး ယူကရိန်းပဋိပက္ခတွင် ၎င်း၏ပါဝင်ပတ်သက်မှုကို သိသိသာသာဖြစ်စေခဲ့ကြောင်း ရုရှားနိုင်ငံခြား‌ရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက"ဗြိတိန်နိုင်ငံဟာ အနီရောင်အဖြစ် သတ်မှတ်ထားသော စည်း မျဥ်းတွေကို ဖြတ်ကျော်ပြီး ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူအသေအ‌ပျောက်တွေရှိလာမယ့် အဆင့်အထိ ဖြစ်လာအောင်လုပ်ဆောင်နေတာပါ"ဟုပြောဆိုခဲ့သည်။

ဗြိတိန်၏ခရုဇ်ဒုံးကျည်များအသုံးပြုပြီး ယူကရိန်း၏ ခြိမ်း‌ခြောက်မှုများကို ချေမှုန်းရန်လိုအပ်သည့် လက်တုံ့ပြန်မှုများကို ရုရှားဘက်ကလုပ်ဆောင်ခွင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဗြိတိန်၏မဆင်ခြင်သောလုပ်ရပ်များနှင့် အဖျက်လုပ်ရပ်များနောက်ကွယ်မှ ပါဝင်နေသူများသည် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များအတွက် အပြစ်တင်ခံရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကထပ်မံပြောကြားခဲ့သည်။ ဗြိတိန်သည် ၎င်း၏ Storm Shadow ခရုဇ်ဒုံးကျည်အများအပြားကို ယူကရိန်းထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မေလ(၁၁)ရက်တွင် အတည်ပြုခဲ့သည်။

အဆိုပါလက်နက်များသည် ကီလိုမီတာ(၂၅ဝ)အကွာရှိ ပစ်မှတ်များကို တိုက်ရိုက်ထိမှန်နိုင်ကြောင်း ဗြိတိန်ဘက်ကပြောဆိုခဲ့သည်။ သို့သော်လည်း ဗြိတိန်၏ဆုံးဖြတ်ချက်ကဲ့သို့ လိုက်လံဆုံးဖြတ်ရန် ဝန်လေးမိကြောင်း အမေရိကန်ဘက်ကပြောဆိုခဲ့သည်။ အမေရိကန်သည် ATACMS ဒုံးကျည်များကဲ့သို့သော တာဝေးပစ်လက်နက်များ ယူကရိန်းသို့လွှဲပြောင်းပေးရန် ငြင်းဆိုထားကြောင်းလည်းသိရသည်။ အဆိုပါလက်နက်များ ယူကရိန်းသို့ လွှဲပြောင်းပေးခြင်းသည် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ ကိုယ်ပိုင်စတော့များကို ကျဆင်းစေသောကြောင့် လွှဲပြောင်းပေးခြင်းမျိုး မလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမာ့ခ်မီလီကပြောကြားခဲ့သည်။

ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများက စစ်လက်နက်ပစ္စည်းများ ပေးပို့ခြင်းသည် ပဋိပက္ခကို ပိုမိုအရှိန်မြင့်အောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။ ဗြိတိန်၏ တာဝေးပစ်ခရုဇ်ဒုံးကျည်များ ပေးပို့ခြင်းအတွက် သင့်လျော်သော လက်တုံ့ပြန်မှုများရှိလာမည်ဖြစ်ကြောင်း ရုရှားဘက်ကကတိပြုပြောဆိုခဲ့သည်။

zawgyi version
ၿဗိတိန္၏လုပ္ရပ္မ်ားက ယူကရိန္းစစ္ပြဲ ေနာက္ထပ္ပိုမိုျပင္းထန္လာရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရေဝဖန္
Pika (NP News) - ေမ ၁၄

ယူကရိန္းကို တာေဝးပစ္ခ႐ုဇ္ဒုံးက်ည္မ်ား ေထာက္ပံ့ေပးေသာ ၿဗိတိန္၏ဆုံးျဖတ္ခ်က္သည္ ယူကရိန္းပဋိပကၡကို လက္ရွိထက္ ပိုမိုျပင္းထန္လာေစမည့္ ေနာက္ထပ္ေျခလွမ္းတစ္ခုျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။

ၿဗိတိန္၏အဆိုပါဆုံးျဖတ္ခ်က္သည္ စဥ္းစားညဏ္မဲ့ေသာလုပ္ရပ္တစ္ခုျဖစ္ၿပီး ယူကရိန္းပဋိပကၡတြင္ ၎၏ပါဝင္ပတ္သက္မႈကို သိသိသာသာျဖစ္ေစခဲ့ေၾကာင္း ႐ုရွားႏိုင္ငံျခား‌ေရးဝန္ႀကီးဌာနကေျပာဆိုခဲ့သည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက"ၿဗိတိန္ႏိုင္ငံဟာ အနီေရာင္အျဖစ္ သတ္မွတ္ထားေသာ စည္း မ်ဥ္းေတြကို ျဖတ္ေက်ာ္ၿပီး ပဋိပကၡေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြနဲ႔ လူအေသအ‌ေပ်ာက္ေတြရွိလာမယ့္ အဆင့္အထိ ျဖစ္လာေအာင္လုပ္ေဆာင္ေနတာပါ"ဟုေျပာဆိုခဲ့သည္။

ၿဗိတိန္၏ခ႐ုဇ္ဒုံးက်ည္မ်ားအသုံးျပဳၿပီး ယူကရိန္း၏ ၿခိမ္း‌ေျခာက္မႈမ်ားကို ေခ်မႈန္းရန္လိုအပ္သည့္ လက္တုံ႔ျပန္မႈမ်ားကို ႐ုရွားဘက္ကလုပ္ေဆာင္ခြင့္ရွိေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ ၿဗိတိန္၏မဆင္ျခင္ေသာလုပ္ရပ္မ်ားႏွင့္ အဖ်က္လုပ္ရပ္မ်ားေနာက္ကြယ္မွ ပါဝင္ေနသူမ်ားသည္ ျဖစ္ေပၚလာႏိုင္သည့္အက်ိဳးဆက္မ်ားအတြက္ အျပစ္တင္ခံရမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနကထပ္မံေျပာၾကားခဲ့သည္။ ၿဗိတိန္သည္ ၎၏ Storm Shadow ခ႐ုဇ္ဒုံးက်ည္အမ်ားအျပားကို ယူကရိန္းထံလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ေမလ(၁၁)ရက္တြင္ အတည္ျပဳခဲ့သည္။

အဆိုပါလက္နက္မ်ားသည္ ကီလိုမီတာ(၂၅ဝ)အကြာရွိ ပစ္မွတ္မ်ားကို တိုက္႐ိုက္ထိမွန္ႏိုင္ေၾကာင္း ၿဗိတိန္ဘက္ကေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ၿဗိတိန္၏ဆုံးျဖတ္ခ်က္ကဲ့သို႔ လိုက္လံဆုံးျဖတ္ရန္ ဝန္ေလးမိေၾကာင္း အေမရိကန္ဘက္ကေျပာဆိုခဲ့သည္။ အေမရိကန္သည္ ATACMS ဒုံးက်ည္မ်ားကဲ့သို႔ေသာ တာေဝးပစ္လက္နက္မ်ား ယူကရိန္းသို႔လႊဲေျပာင္းေပးရန္ ျငင္းဆိုထားေၾကာင္းလည္းသိရသည္။ အဆိုပါလက္နက္မ်ား ယူကရိန္းသို႔ လႊဲေျပာင္းေပးျခင္းသည္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္၏ ကိုယ္ပိုင္စေတာ့မ်ားကို က်ဆင္းေစေသာေၾကာင့္ လႊဲေျပာင္းေပးျခင္းမ်ိဳး မလုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ပူးတြဲစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးမာ့ခ္မီလီကေျပာၾကားခဲ့သည္။

ယူကရိန္းသို႔ အေနာက္အုပ္စုႏိုင္ငံမ်ားက စစ္လက္နက္ပစၥည္းမ်ား ေပးပို႔ျခင္းသည္ ပဋိပကၡကို ပိုမိုအရွိန္ျမင့္ေအာင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။ ၿဗိတိန္၏ တာေဝးပစ္ခ႐ုဇ္ဒုံးက်ည္မ်ား ေပးပို႔ျခင္းအတြက္ သင့္ေလ်ာ္ေသာ လက္တုံ႔ျပန္မႈမ်ားရွိလာမည္ျဖစ္ေၾကာင္း ႐ုရွားဘက္ကကတိျပဳေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင်မှာ တိုက်ခိုက်မှုတစ်ခုအတွင်း လူတစ်ဒါဇင်ကျော် သေဆုံး

RELATED POSTS
RECENT POSTS
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved