မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စိုက်ပျိုးမှုမရှိသည့် မြေဧက(၆)သန်းနီးပါးရှိနေဟုဆို
ယွန်း (NP News) - မေ ၁၁
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စိုက်ပျိုးမှုမရှိသည့် မြေဧက(၆)သန်းနီးပါးရှိနေကြောင်း နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၁ဝ)ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်ကျင်းပသည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးမြေများတွင် လယ်ယာမြေနှင့် ဥယျာဥ်မြေများသာမက အခြားမြေများကိုလည်း ထည့်သွင်းထားသည့်အတွက် နိုင်ငံတစ်ဝန်း၌ စိုက်ပျိုးဧကများ များပြားလျက်ရှိသည်။
စပါးစိုက်ပျိုးမှုတွင် မိုးစပါးစိုက်ဧကသည် (၁၅)သန်းရှိရာမှ (၂ဝ၂၂)ခုနှစ်တွင် မိုးစပါး(၁၄ ဒသမ ၉)သန်းရှိခဲ့ပြီး ၎င်းတို့အနက်မှ လယ်စိုက်ပျိုးမှုသည် (၁၃ ဒသမ ၁၇၅)သန်း ရှိသည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။
မိုးစပါးစိုက်ဧကများ၌ မိုးစပါးစိုက်ပျိုးချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးပါက သီးထပ်စွမ်း အားများ တိုးတက်နိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိအချိန်အထိ တိုင်းနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေသည့်မြေ (၅ သန်း ၇ သိန်း) ကျော်ရှိကြောင်း နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်(၂ဝ၂၂)ခုနှစ်တွင် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကပျမ်းမျှ (၇၂ ဒသမ ၆၄)တင်းခန့်ထွက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများအနက်မှ (၄)သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ် ဧကအထွက်နှုန်း (၇၂ ဒသမ ၆၄)တင်းဖြင့်တွက်ချက်ပါက တင်း(၂၈၉ ဒသမ ၅၄)သန်း ထွက်ရှိမည်ဖြစ်ကြောင်း တပ်ချုပ်မှဆိုသည်။
ထို့နောက် တစ်တင်းလျှင် ငွေကျပ် (၁ဝဝဝဝ)နှုန်းဖြင့် တွက်ချက်ပါက စပါးတင်းသန်း(၂၉ဝ)အတွက် ဘီလျံ(၂၉ဝဝ)ကျော်ရရှိပြီး တိုင်းပြည်၏ စီးပွားရေး တိုးတက်လာနိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထား သည်။
အထက်ပါကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေတိုးလာပါက ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း တက်လာနိုင်ပြီး နိုင်ငံအတွက် များစွာအကျိုးများစွာဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ စိုက်ပျိုးရန်ကျန်သည့်မြေများကို စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာအိမ်ထောင်စု(၂ဝဝ) နီးပါးအတွက် ရွှေ့ပြောင်းနေထိုင်ရေး စီမံကိန်းများဖော်ဆောင်နိုင်ခဲ့
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
Copyright © News Services Station | All Right Reserved