Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုက ရုရှားကို တန်းတူမိတ်ဖက်အဖြစ်လက်ခံဖို့ ငြင်းဆန်ခဲ့ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူပြော



ဂျန်ဇက် (NP News) - မေ ၁၁

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ နေတိုးမဟာမိတ်အုပ်စုရဲ့နယ်မြေတိုးချဲ့မှုတွေလုပ်ဆောင်ပြီး ရုရှား နိုင်ငံကို ယူကရိန်းအပေါ်အထူးစစ်ဆင်ရေးလုပ်စေဖို့ တွန်းအားပေးခဲ့ကြောင်း၊ အနောက်အုပ်စုဟာ ရုရှားကို တန်းတူရည်တူရှိတဲ့ မိတ်ဖက်အဖြစ်လက်ခံဖို့ ငြင်းဆန်ခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့် က ပြောပါတယ်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက "ယူကရိန်းစစ်ပွဲ ဖြစ်လာတာတွေဟာ အနောက်အုပ်စုရဲ့အမှားတွေကြောင့် ဖြစ်တယ်။ အနောက်အုပ်စုဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆန်ပြီး ရုရှားနိုင်ငံအပေါ် သူတို့စိတ်တိုင်းကျခြယ် လှယ်လုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနယ်စပ်နားအထိ နယ်မြေတွေ တိုးချဲ့ဖို့ လုပ်ဆောင်လာခဲ့တယ်။ အနောက်အုပ်စုရဲ့လုပ်ရပ်တွေကြောင့် ယူကရိန်းအပေါ် ရုရှားတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ စစ်ပွဲမှာ တိုက်ရိုက် ပါဝင်လာခဲ့တယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ၊ ကျည်ဆံများ၊ ငွေကြေးများ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲထဲ ပါဝင်လာခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ရုရှားနိုင်ငံဟာ ဂရိတ်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ ရုရှားဟာ ကိုယ်ပိုင်ရပ်တည်ချက်အတိုင်း လုပ်ကိုင် ဖို့ အလွန်တောင့်တင်းတဲ့နိုင်ငံဖြစ်တယ်" လို့ ပြောပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့ နယ်စပ်ချင်း နီးကပ်စွာတည်ရှိတဲ့ ဥရောပတိုက်အရှေ့ဘက်ပိုင်းကို တစ်လက်မှ ကျူးကျော်မှုလုပ်မှာ မဟုတ်ဘူးဆိုတဲ့ကတိတွေကို ချိုးဖောက်ခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ်ဆွေးနွေးနိုင်ခြင်းမရှိဘဲ လက်ရှိ အချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

စစ်ပွဲအဆုံးသတ်စေဖို့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေမယ့် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက လျစ်လျူရှုထားကြောင်း ဝေဖန်မှုများလည်း ရှိနေပါတယ်။

Zawgyi Version;

ဂျန်ဇက် (NP News) - မေ ၁၁







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စိုက်ပျိုးမှုမရှိသည့် မြေဧက(၆)သန်းနီးပါးရှိနေဟုဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved