Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်သည် ဥပဒေနှင့်ညီညွတ်မှု မရှိ၍ ငြင်းပယ်လိုက်ကြောင်း UEC ကြေညာ

မျိုးကြီး (NP News) - မေ ၁၁

ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် ငြင်းပယ်လိုက်ကြောင်း UEC က ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(မေလ ၁ဝ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီတည်ထောင်လိုသူများက ပါတီအမည်ကိုဖော်ပြကာ လာရောက်လျှောက်ထားသည့် ပါတီအဖွဲ့အစည်း(၁၃)ဖွဲ့ရှိကြောင်း သိရသည်။

အဆိုပါ(၁၃)ဖွဲ့အနက် နှင်းဆီပါတီဟု လူသိများသော Union Development Party၊ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအပါအဝင် (၅)ပါတီသည် တည်ထောင်ခွင့် ရရှိထားကြောင်း သိရသည်။

ထိုသို့ တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် ပါတီအဖွဲ့အစည်း(၈)ဖွဲ့အနက် ဝံသာနုပါတီ၏ လျှောက်ထား ချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၆)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ကော်မရှင်က ဆိုသည်။

ထို့ကြောင် ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

သို့သော် ကျန်ရှိသည့် ပါတီအဖွဲ့အစည်းများကို ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ကော်မရှင်ဘက်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆)တွင် ပါတီများအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့် ရှောက် လိုက်နာရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၎င်းပုဒ်မ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရှုံးလှုံ့ဆော်မှု မပြုလုပ်ရေးတို့ကိုလည်း စောင့်ထိန်းလိုက်နာရန် ပြဋ္ဌာန်းထားသည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရေး၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မ ဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုလုပ်ရန်တို့ကို လိုက်နာရန်လည်း ပုဒ်မ (၆)၌ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

zawgyi version
ဝံသာႏုပါတီ၏ ပါတီတည္ေထာင္ခြင့္ေလွ်ာက္ထားခ်က္သည္ ဥပေဒႏွင့္ညီၫြတ္မႈ မရွိ၍ ျငင္းပယ္လိုက္ေၾကာင္း UEC ေၾကညာ

မ်ိဳးႀကီး (NP News) - ေမ ၁၁

ဝံသာႏုပါတီ၏ ပါတီတည္ေထာင္ခြင့္ေလွ်ာက္ထားခ်က္သည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒႏွင့္ ညီၫြတ္မႈမရွိသည့္အတြက္ ျငင္းပယ္လိုက္ေၾကာင္း UEC က ေၾကညာခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ယမန္ေန႔(ေမလ ၁ဝ ရက္)၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီတည္ေထာင္လိုသူမ်ားက ပါတီအမည္ကိုေဖာ္ျပကာ လာေရာက္ေလွ်ာက္ထားသည့္ ပါတီအဖြဲ႕အစည္း(၁၃)ဖြဲ႕ရွိေၾကာင္း သိရသည္။

အဆိုပါ(၁၃)ဖြဲ႕အနက္ ႏွင္းဆီပါတီဟု လူသိမ်ားေသာ Union Development Party၊ က်ားျဖဴပါတီဟု လူသိမ်ားသည့္ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီအပါအဝင္ (၅)ပါတီသည္ တည္ေထာင္ခြင့္ ရရွိထားေၾကာင္း သိရသည္။

ထိုသို႔ တည္ေထာင္ခြင့္ျပဳရန္ က်န္ရွိသည့္ ပါတီအဖြဲ႕အစည္း(၈)ဖြဲ႕အနက္ ဝံသာႏုပါတီ၏ ေလွ်ာက္ထား ခ်က္အေပၚ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ စိစစ္ျပန္ၾကားခ်က္မ်ားအရ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ(၆)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီၫြတ္ျခင္းမရွိေၾကာင္း ေတြ႕ရွိရသည္ဟု ေကာ္မရွင္က ဆိုသည္။

ထို႔ေၾကာင္ ဝံသာႏုပါတီ၏ ပါတီတည္ေထာင္ခြင့္ေလွ်ာက္ထားခ်က္ကို ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒပါ ပုံစံ(ဂ)ျဖင့္ ျငင္းပယ္လိုက္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့သည္။

သို႔ေသာ္ က်န္ရွိသည့္ ပါတီအဖြဲ႕အစည္းမ်ားကို ဆက္လက္စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေကာ္မရွင္ဘက္က ထုတ္ျပန္ထားသည္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ (၆)တြင္ ပါတီမ်ားအေနျဖင့္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္း ရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးကို ထိန္းသိမ္းေစာင့္ ေရွာက္ လိုက္နာရမည္ဟု ျပ႒ာန္းထားသည္။

ထို႔ျပင္ ၎ပုဒ္မ၌ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလးစားလိုက္နာေရး၊ လူမ်ိဳးေရး သို႔မဟုတ္ ဘာသာေရး သို႔မဟုတ္ လူတစ္ဦးခ်င္း သို႔မဟုတ္ လူအမ်ားႏွင့္ပတ္သက္၍ ပဋိပကၡျဖစ္ေပၚေစႏိုင္သည့္ သိကၡာႏွင့္ကိုယ္က်င့္တရားကို ထိခိုက္ေစႏိုင္သည့္ ေရးသားမႈ၊ ေဟာေျပာမႈ သို႔မဟုတ္ စည္းရႈံးလႈံ႕ေဆာ္မႈ မျပဳလုပ္ေရးတို႔ကိုလည္း ေစာင့္ထိန္းလိုက္နာရန္ ျပ႒ာန္းထားသည္။

ဘာသာေရးကို ႏိုင္ငံေရးအတြက္ အလြဲသုံးစား မျပဳလုပ္ေရး၊ ႏိုင္ငံျခားတိုင္းျပည္တစ္ခုခု၏ အစိုးရ သို႔မ ဟုတ္ ဘာသာေရးအဖြဲ႕အစည္း သို႔မဟုတ္ အျခားအဖြဲ႕အစည္းတစ္ခုခု သို႔မဟုတ္ ပုဂၢိဳလ္တစ္ဦးဦးထံမွ ေငြေၾကး၊ ပစၥည္း၊ အျခားအေထာက္အပံ့ကို ရယူသုံးစြဲျခင္း သို႔မဟုတ္ ယင္းတို႔၏ ၾသဇာခံယူျခင္း မျပဳလုပ္ရန္တို႔ကို လိုက္နာရန္လည္း ပုဒ္မ (၆)၌ထည့္သြင္းျပ႒ာန္းထားသည္ကို ေတြ႕ရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အနောက်အုပ်စုက ရုရှားကို တန်းတူမိတ်ဖက်အဖြစ်လက်ခံဖို့ ငြင်းဆန်ခဲ့ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူပြော

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved