သမဝါယမဦးစီးမှူး၏ မော်တော်ယာဉ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု မန္တလေးမြို့၌ဖြစ်ပွား
NP News - မေ ၁ဝ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် သမဝါယမဦးစီးမှူး၏ မော်တော်ယာဉ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၁ဝ ရက်)၊ နံနက် (၁၁)နာရီခွဲအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၂ လမ်းထောင့်ရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းရုံးရှေ့၌ ရပ်ထားသည့် သမဝါယမဦးစီးမှူး၏ ဆူဇူကီးပစ်ကပ် အမျိုးအစား အဖြူရောင်ယာဉ်ပေါ်သို့ အမျိုးသား နှစ်ဦးက တရုတ်ကြိုးဆွဲလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ထို့သို့ပစ်ပေါက်ခဲ့ခြင်းကြောင့် ကားပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကား၏ရှေ့မှန်၊ တာယာအပါအဝင် သံဘောဒီတို့မှာ ဗုံးစထိမှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။
zawgyi version
သမဝါယမဦးစီးမႉး၏ ေမာ္ေတာ္ယာဥ္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္မႈ မႏၲေလးၿမိဳ႕၌ျဖစ္ပြား
NP News - ေမ ၁ဝ
မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ သမဝါယမဦးစီးမႉး၏ ေမာ္ေတာ္ယာဥ္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သည့္သတင္းအရင္းအျမစ္ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၁ဝ ရက္)၊ နံနက္ (၁၁)နာရီခြဲအခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၈၆ လမ္း၊ ၂၂ လမ္းေထာင့္ရွိ ၿမိဳ႕နယ္သမဝါယမဦးစီးဌာန႐ုံးေရွ႕တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
၎႐ုံးေရွ႕၌ ရပ္ထားသည့္ သမဝါယမဦးစီးမႉး၏ ဆူဇူကီးပစ္ကပ္ အမ်ိဳးအစား အျဖဴေရာင္ယာဥ္ေပၚသို႔ အမ်ိဳးသား ႏွစ္ဦးက တ႐ုတ္ႀကိဳးဆြဲလက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္က ဆိုသည္။
ထို႔သို႔ပစ္ေပါက္ခဲ့ျခင္းေၾကာင့္ ကားေပၚ၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ကား၏ေရွ႕မွန္၊ တာယာအပါအဝင္ သံေဘာဒီတို႔မွာ ဗုံးစထိမွန္ခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့တွင် ဝါးများသယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မြောင်းထဲထိုးကျ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ