Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံရဲ့အနာဂါတ်က ယူကရိန်းစစ်ပွဲအခြေအနေအပေါ် များစွာမူတည်နေကြောင်း ရုရှားသမ္မတ ပြော

ဂျန်ဇက် (NP News) - မေ ၁ဝ

ရုရှားနိုင်ငံရဲ့အနာဂါတ်ဟာ ယူကရိန်းစစ်ပွဲအခြေအနေအပေါ်များစွာ မူတည်လျက်ရှိနေကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ရုရှားသမ္မတပူတင်ဟာ မော်စကိုမြို့မှာ မေလ ၁ဝ ရက်က ကျင်းပတဲ့ Victory Day ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားသမ္မတက "လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲအနိုင်ရအောင် ကြိုးပမ်းအားထုတ်မှုထက် အခြား အရေးကြီးတာ မရှိဘူး" လို့ ပြောပါတယ်။ Victory Day  အခမ်းအနားဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီအပေါ် အနိုင်ရမှု အောင်ပွဲခံမှု အခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး စစ်ရေးပြအခမ်းနားကျင်းပခဲ့ပေမယ့် လုံခြုံရေးအခြေအနေများကြောင့် စစ်ရေးပြအခမ်းအနား ပါဝင်မှု ဦးရေကို လျော့ချခဲ့ကြောင်း သိရပါတယ်။ 

ရုရှားသမ္မတပူတင်က ယူကရိန်းစစ်ပွဲဟာ အနောက်အုပ်စုနိုင်ငံများရဲ့ ရန်စမှုများကြောင့် ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ရုရှားသမ္မတပူတင်က "ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေဟာ အချိုးအကွေ့တွေကို ရောက်ရှိနေတယ်။ ဒီစစ်ပွဲဟာ ရုရှားကို ဆန့်ကျင်ဖို့ စစ်ပွဲကို ဖန်တီးခဲ့တဲ့နိုင်ငံတွေ ရှိခဲ့တယ်။ ဒါကြောင့် ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်ခဲ့ရတယ်။ ရုရှားနိုင်ငံရဲ့လုံခြုံရေး၊ ရုရှားနိုင်ငံရဲ့အနာဂါတ်တွေဟာ ရုရှားတပ်ဖွဲ့တွေအပေါ် မူတည်နေတယ်" လို့ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် Victory Day အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့ဝင်ဟာ ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး စစ်ပွဲ အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်စေဖို့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေပေမယ့် ယူကရိန်းကို ကူညီပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနဲ့စေ့စပ်ဆွေးနွေးဖို့ ဆန္ဒမရှိဘူးလို့ သတင်းများထွက်ပေါ်နေပါတယ်။


Zawgyi Version;

႐ုရွားႏိုင္ငံရဲ႕အနာဂါတ္က ယူကရိန္းစစ္ပြဲအေျခအေနအေပၚ မ်ားစြာမူတည္ေနေၾကာင္း ႐ုရွားသမၼတ ေျပာ

ဂ်န္ဇက္ (NP News) - ေမ ၁ဝ

႐ုရွားႏိုင္ငံရဲ႕အနာဂါတ္ဟာ ယူကရိန္းစစ္ပြဲအေျခအေနအေပၚမ်ားစြာ မူတည္လ်က္ရွိေနေၾကာင္း ႐ုရွားသမၼတ ပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ 

႐ုရွားသမၼတပူတင္ဟာ ေမာ္စကိုၿမိဳ႕မွာ ေမလ ၁ဝ ရက္က က်င္းပတဲ့ Victory Day ပြဲအခမ္းအနားမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။

႐ုရွားသမၼတက "လက္ရွိအခ်ိန္မွာ ယူကရိန္းစစ္ပြဲအႏိုင္ရေအာင္ ႀကိဳးပမ္းအားထုတ္မႈထက္ အျခား အေရးႀကီးတာ မရွိဘူး" လို႔ ေျပာပါတယ္။ Victory Day  အခမ္းအနားဟာ ဒုတိယကမာၻစစ္အတြင္းက နာဇီဂ်ာမနီအေပၚ အႏိုင္ရမႈ ေအာင္ပြဲခံမႈ အခမ္းအနားက်င္းပခဲ့တာျဖစ္ၿပီး စစ္ေရးျပအခမ္းနားက်င္းပခဲ့ေပမယ့္ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ စစ္ေရးျပအခမ္းအနား ပါဝင္မႈ ဦးေရကို ေလ်ာ့ခ်ခဲ့ေၾကာင္း သိရပါတယ္။ 

႐ုရွားသမၼတပူတင္က ယူကရိန္းစစ္ပြဲဟာ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ရန္စမႈမ်ားေၾကာင့္ ျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ ႐ုရွားသမၼတပူတင္က "ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ေတြဟာ အခ်ိဳးအေကြ႕ေတြကို ေရာက္ရွိေနတယ္။ ဒီစစ္ပြဲဟာ ႐ုရွားကို ဆန႔္က်င္ဖို႔ စစ္ပြဲကို ဖန္တီးခဲ့တဲ့ႏိုင္ငံေတြ ရွိခဲ့တယ္။ ဒါေၾကာင့္ ႐ုရွားဟာ ယူကရိန္းကို တိုက္ခိုက္ခဲ့ရတယ္။ ႐ုရွားႏိုင္ငံရဲ႕လုံၿခဳံေရး၊ ႐ုရွားႏိုင္ငံရဲ႕အနာဂါတ္ေတြဟာ ႐ုရွားတပ္ဖြဲ႕ေတြအေပၚ မူတည္ေနတယ္" လို႔ ေျပာပါတယ္။

႐ုရွားဟာ ယူကရိန္းကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ Victory Day အခမ္းအနားကို ဒုတိယအႀကိမ္ေျမာက္ က်င္းပခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳး ခ်မွတ္ခဲ့ၿပီး ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့ပါတယ္။ 

ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားတပ္ဖြဲ႕ဝင္ဟာ ယူကရိန္းပိုင္နက္ေလးခုကို သိမ္းပိုက္ထားၿပီး စစ္ပြဲ အဆုံးသတ္ေစဖို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေစဖို႔ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ဖို႔ ႀကိဳးပမ္းေနေပမယ့္ ယူကရိန္းကို ကူညီေပးေနတဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားနဲ႔ေစ့စပ္ေဆြးေႏြးဖို႔ ဆႏၵမရွိဘူးလို႔ သတင္းမ်ားထြက္ေပၚေနပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရပြီးနောက် ပါကစ္စတန်နိုင်ငံအနှံ့ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး၊ ပြည်နယ်လေးခုမှာ အဓိကရုန်းများဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved