Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရပြီးနောက် ပါကစ္စတန်နိုင်ငံအနှံ့ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး၊ ပြည်နယ်လေးခုမှာ အဓိကရုန်းများဖြစ်ပွား

Htay Oung (NP News) - မေ ၁ဝ

ပါကစ္စတန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီက ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို မေလ ၉ ရက်၊ အင်္ဂါနေ့ အစ္စလာမာဘတ် တရားရုံးချုပ်မှာ ရှိနေစဉ် ၀င်ရောက်ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနောက် ခန်း အပေါ် ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူတစ်ဦးထက်မနည်း သေဆုံးပြီး နျူကလီးယာလက်နက်ပိုင် နိုင်ငံအတွင်း ပြင်းထန်တဲ့ မငြိမ်မသက်မှုများက ခြိမ်းခြောက်နေပါတယ်လို့ Reuters က ယမန်နေ့ ရေးသားပါ တယ်။

စစ်တမ်းများအရ အင်မရန်ခန်းဟာ ပါကစ္စတန်နိုင်ငံမှာ လူကြိုက်အများဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ ယခင်နှစ် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရခြင်း နောက်ကွယ်မှာ လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲဟောင်းက ပါဝင်ပတ်သက် နေကြောင်း၊ သူ့ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုမှာ အကြီးတန်းစစ်တပ်အရာရှိတစ်ဦးက ကြိုးကိုင်နေခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ်ဟောင်းက အကြိမ်ကြိမ်စွပ်စွဲခဲ့ပါတယ်။ ခန်းရဲ့ပြောဆိုချက်တွေဟာ မဟုတ်မမှန်ကြောင်း နိုင်ငံမှာ သြဇာလွှမ်းမိုးတဲ့ ပါကစ္စတန်စစ်တပ်က ငြင်းဆိုလိုက်ပြီး နောက်တစ်ရက်အကြာမှာ ယခုလို ဖမ်းဆီးခံရ ခြင်းဖြစ်ပါတယ်။ အဓိကရုန်း ထိန်းချုပ်ရေးကိရိယာ အပြည့်အစုံတပ်ဆင်ထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့အများအပြား တို့က ဝိုင်းရံထားစဉ် ဝန်ကြီးချုပ်ဟောင်းကို လက်မောင်းမှ ဆွဲငင်ပြီး အနက်ရောင်ဗင်ကားထဲကို ခေါ်ဆောင်သွားခဲ့ ကြောင်း တွေ့မြင်ရပါတယ်။ 

ခန်းထောက်ခံသူများနဲ့ ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် မြို့ကြီးများရဲ့ အဓိကလမ်းမကြီး တွေမှာ ပိတ်ဆို့ကုန်ကြောင်း၊ လာဟိုးနဲ့ ရာဝဲလ်ပင်ဒီရှိ စစ်ဘက်အဆောက်အအုံများမှာ ဝင်ရောက်စီးနင်းခံခဲ့ရ ကြောင်း မျက်မြင်သက်သေများနဲ့ ခန်းရဲ့ပါတီက မျှဝေထားတဲ့ ဗွီဒီယိုများအရ သိရှိရပါတယ်။ အဓိက ရုန်းဖြစ်ပွားရာ ပြည်နယ်လေးခုအနက် ၃ ခုတို့အတွင်း လူစုလူဝေးပြုလုပ်မှုအားလုံးကို တားမြစ်လိုက်ကြောင်း ပါကစ္စတန် အာဏာပိုင်များက အရေးပေါ်အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

ရိုက်တာအနေနဲ့  ဗီဒီယိုများရဲ့စစ်မှန်မှုကို သီးခြား အတည်မပြုနိုင်ခြင်း မရှိပါဘူး၊ မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက် ကို တပ်မတော်ပြည်သူ့ဆက်ဆံရေးအဖွဲ့က လောလောဆယ် တုံ့ပြန်ခြင်း မရှိပါဘူး။ ဘလူချီစတန်ပြည်နယ် မြို့တော် ကီတာမှာ အဓိကရုန်းဖြစ်ပွားစဉ် ကန့်ကွက်ဆန္ဒပြသူတစ်ဦး သေဆုံးပြီး ရဲအရာရှိ ခြောက်ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ကြောင့် အင်တာနက် မိုဘိုင်းဒေတာဝန်ဆောင်မှုများကို ဆိုင်းငံ့ထားကြောင်း ပါကစ္စတန် ဆက်သွယ်ရေးစောင့်ကြည့်မှုအဖွဲ့ထံမှ သိရှိရပြီး Twitter၊, Facebook နဲ့ YouTube တို့မှာလည်း ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာအင်တာနက် စောင့်ကြည့်လေ့လာသူ Netblocks က အတည်ပြုပါတယ်။

ခရစ်ကတ်အားကစား သူရဲကောင်းမှ နိုင်ငံရေးသမားဖြစ်လာသူ အသက် ၇ဝ အရွယ် အင်မရန်ခန်းဟာ ပါလီ မန်လွှတ်တော်အတွင်း အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ချက်အရ ၂ဝ၂၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံရပါတယ်။ အဲဒီအချိန်ကတည်းက ခန်း အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ နှေးကွေးသွားမယ့် အရိပ် အယောင်မျိုးပြသခဲ့ခြင်းမရှိဘဲ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆန္ဒပြတောင်းဆိုစဉ် ပြီးခဲ့တဲ့ နိုဝင်ဘာလ အစ္စလာမ်မာဘတ်မြို့မှာ သူ့ရဲ့ယာဉ်တန်းဟာ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ခန်း ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ဟာ ပါကစ္စတန်နိုင်ငံအတွင်း စံချိန်တင် ငွေကြေးဖောင်းပွမှု၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း တိုးမြင့် လာမှုနဲ့အတူ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းများနဲ့ နပမ်းလုံးနေရချိန် တိုက်ဆိုင် နေပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ IMF ရဲ့ အထောက်အပံ့ချေးငွေပမာဏဟာ ပါကစ္စတန်ရဲ့ တစ်လတာ သွင်းကုန်များကို ကာမိတဲ့အထိ နိုင်ငံခြားငွေလုံလောက်မှုမရှိတဲ့အပြင် အစီအစဉ်အကောင်အထည် ဖော်ဖို့ လပေါင်းများစွာ နှောင့်နှေးနေပါတယ်။ 

ခန်းဟာ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေဖို့ သတိပေးချက်များကို လျစ်လျူရှုပြီးနောက် အမျိုးသား တာဝန်ယူ/ တာဝန်ခံမှု ဗျူရို (NAB) က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်  ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်ခံထားရသူ အိမ်ခြံမြေလုပ်ငန်းရှင်ထံမှ ရူပီး ၇ ဘီလျံ (ဒေါ်လာ ၂၄.၇ သန်း) အထိ တန်ကြေးရှိ မြေကွက် များကို ခန်းနဲ့ သူ့ရဲ့ဇနီးတို့က ရယူခဲ့တယ်လို့ စွပ်စွဲခံခြင်းခဲ့ရကြောင်း၊ ငွေကြေးခဝါချမှုနဲ့စပ်လျဉ်းတဲ့ ပေါင်သန်း ၁၉ဝ (ဒေါ်လာ သန်း ၂၄ဝ) ကို ဗြိတိန်အာဏာပိုင်များက ပါကစ္စတန်နိုင်ငံကို  လွှဲပြောင်းပေးခဲ့ကြောင်း၊ ခန်းဟာ အဲဒီငွေ တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည့်အစား အိမ်ခြံမြေလုပ်ငန်းရှင်ထံ ပြန်ပေးစေခဲ့တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက သတင်းထောက်များကို  ပြောပြပါတယ်။ 

ခန်း အပေါ် အကျင့်ပျက် ခြစားမှုဆိုင်ရာ ပြစ်မှုများနဲ့ စွဲချက်တင်ထားကြောင်း ပါကစ္စတန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက သတင်းထုတ်ပြန်ပေမဲ့ ဘယ်လိုအမှားအယွင်းမျိုးကှိုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးချုပ်ဟောင်းက ငြင်းဆိုနေပါတယ်။

ဗုဒ္ဓဟူးနေ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတရားရုံးမှာ အင်မရန်ခန်းကို ရုံးထုတ်စစ်ဆေးမယ်လို့ GEO TV က ပြော ပါတယ်။ လေးနှစ်ကြာအာဏာရ ရာထူးမှ နှုတ်ထွက်ပြီးကတည်းက ခန်းအပေါ် စွဲချက်တင်ထားတဲ့ အမှုပေါင်း ၁ဝဝ ကျော်မှာ လာဘ်စားမှုဟာ တစ်ခုဖြစ်ပါတယ်။ ကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရပါက အစိုးရရုံးတက်ခွင့်နဲ့ နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လည်း တားဆီးခံရဖွယ် ရှိနေပါတယ်။

ခန်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်၍ နိုင်ငံတစ်ဝှန်းလုံး စျေးဆိုင်-ရုံးတွေကို ပိတ်ပစ်ပြီး အလုပ်မဆင်းပဲနေကြဖို့ သူ့ရဲ့ “ပါကစ္စတန်_တာရက်_အီး_အင်ဆာ့ဖ်” PTI က ထောက်ခံသူများကို တောင်းဆိုလိုက်ပါတယ်။

ခန်းရဲ့မွေးရပ်ဇာတိ လာဟိုးမြို့နဲ့ အနောက်မြောက်ပိုင်း “ ခိုင်ဘာ_ပထွန်ခွာ”  ပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝှမ်း ရှိ မြို့ကြီးများနဲ့ အဓိကလမ်းမကြီးများပေါ်မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေက လမ်းမများကို ပိတ်ဆို့ထားတဲ့အတွက် ရဲတပ်ဖွဲ့က သတိပေးချက်အဆင့်ကို မြင့်တင်လိုက်ပြီး လူစုဝေးခြင်းများကို တားမြစ်ထားပါတယ်။

ကန့်ကွက်ဆန္ဒပြသူတွေဟာ ဆိပ်ကမ်းမြို့ ကရာချိရှိ အဓိကလမ်းများကို ပိတ်ဆို့ခဲ့ပြီး မြို့တော် အစ္စလာမ်မာ ဘတ်မှာတော့ ဆန္ဒပြသူများတွေ ရဲတပ်ဖွဲ့၀င်များက မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရှိရပါတယ်။

 လာဟိုးမြို့နေအိမ်မှ ခန်းကို ဖမ်းဆီးရန် ယခင်ကြိုးပမ်းမှုတွေဟာ ဝန်ကြီးချုပ်ဟောင်းအပေါ် ထောက်ခံသူများနဲ့ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများအကြား ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားခဲ့ရပါတယ်။ ရာထူးသက်တမ်း အ ပြည့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၀န်ကြီးချုပ်ရယ်လို့ မရှိခဲ့ဖူးပဲ နိုင်ငံသမိုင်းရဲ့ ထက်ဝက်နီးပါး ကာလကို စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ ပါကစ္စတန်မှာ နိုင်ငံရေး ခွက်စောင်းခုတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလ အာဖရိက ကင်ညာနိုင်ငံမှာ နာမည်ကြီးပါကစ္စတန်သတင်းထောက်တစ်ဦး အသတ်ခံခဲ့ ရပါတယ်။ အဲဒီလုပ်ကြံမှုနောက်ကွယ်မှာ ပါကစ္စတန် တန်ပြန်ထောက်လှမ်းရေး (ISI) မှ အကြီးတန်းအရာရှိဖြစ်သူ  ဗိုလ်မှူးချုပ် ဖိုင်ဆယ်_နက်ဆာက ပါ၀င်ပတ်သက်နေကြောင်း၊ သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုမှာလည်း အဲဒီ ဗိုလ်မှူးချုပ်က ကြိုးကိုင်နေခြင်း ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်အပေါ် အင်မရန်ခန်းက ထပ်မံစွပ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။ ခန်းရဲ့စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ကြောင်း စစ်တပ်က ငြင်းဆိုပါတယ်။

တောင်အာရှနိုင်ငံရဲ့ လွတ်လပ်ရေးရရှိပြီး ၇၅ နှစ်တာ သမိုင်းတစ်ဝက်နီးပါးမှာ  အာဏာသိမ်းမှုသုံးကြိမ်နဲ့ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး လက်နက်ကိုင်တပ်များဟာ ပါကစ္စတန်ရဲ့ အင်အားအကြီးဆုံးအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ စစ်တပ်ကတော့ သူတို့အနေနဲ့ အရေးပါတဲ့ အင်စတီကျူးရှင်းဖြစ်ပေမဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါတယ်။

#ဝန်ကြီးချုပ်ဟောင်း_အင်မရန်_ခန်း_ဖမ်းဆီးခံရ #ပါကစ္စတန်_အဂတိလိုက်စားမှုတိုက်ဖျက်ရေး_အေဂျင်စီ

#ISI #ပါကစ္စတန်တန်ပြန်ထောက်လှမ်းရေး #ဗိုလ်မှူးချုပ်_ဖိုင်ဆယ်_နက်ဆာ

(Reuters., 09 May 2023,” Former Pakistan PM Imran Khan arrested, stirring nationwide violence” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;

ဝန္ႀကီးခ်ဳပ္ေဟာင္း ဖမ္းဆီးခံရၿပီးေနာက္ ပါကစၥတန္ႏိုင္ငံအႏွံ႔ အၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ၿပီး၊ ျပည္နယ္ေလးခုမွာ အဓိက႐ုန္းမ်ားျဖစ္ပြား

Htay Oung (NP News) - ေမ ၁ဝ

ပါကစၥတန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေအဂ်င္စီက ဝန္ႀကီးခ်ဳပ္ေဟာင္း အင္မရန္ခန္းကို ေမလ ၉ ရက္၊ အဂၤါေန႔ အစၥလာမာဘတ္ တရား႐ုံးခ်ဳပ္မွာ ရွိေနစဥ္ ၀င္ေရာက္ဖမ္းဆီးလိုက္ပါတယ္။ အဲဒီေနာက္ ခန္း အေပၚ ေထာက္ခံသူမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔အၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားမႈေၾကာင့္ ဆႏၵျပသူတစ္ဦးထက္မနည္း ေသဆုံးၿပီး န်ဴကလီးယာလက္နက္ပိုင္ ႏိုင္ငံအတြင္း ျပင္းထန္တဲ့ မၿငိမ္မသက္မႈမ်ားက ၿခိမ္းေျခာက္ေနပါတယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါ တယ္။

စစ္တမ္းမ်ားအရ အင္မရန္ခန္းဟာ ပါကစၥတန္ႏိုင္ငံမွာ လူႀကိဳက္အမ်ားဆုံး ေခါင္းေဆာင္ျဖစ္ပါတယ္။ ယခင္ႏွစ္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဖယ္ရွားခံရျခင္း ေနာက္ကြယ္မွာ လက္နက္ကိုင္တပ္ဖြဲ႕အႀကီးအကဲေဟာင္းက ပါဝင္ပတ္သက္ ေနေၾကာင္း၊ သူ႔ကိုလုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားမႈမွာ အႀကီးတန္းစစ္တပ္အရာရွိတစ္ဦးက ႀကိဳးကိုင္ေနျခင္းျဖစ္ ေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္းက အႀကိမ္ႀကိမ္စြပ္စြဲခဲ့ပါတယ္။ ခန္းရဲ႕ေျပာဆိုခ်က္ေတြဟာ မဟုတ္မမွန္ေၾကာင္း ႏိုင္ငံမွာ ၾသဇာလႊမ္းမိုးတဲ့ ပါကစၥတန္စစ္တပ္က ျငင္းဆိုလိုက္ၿပီး ေနာက္တစ္ရက္အၾကာမွာ ယခုလို ဖမ္းဆီးခံရ ျခင္းျဖစ္ပါတယ္။ အဓိက႐ုန္း ထိန္းခ်ဳပ္ေရးကိရိယာ အျပည့္အစုံတပ္ဆင္ထားတဲ့ လုံၿခဳံေရးရဲတပ္ဖြဲ႕အမ်ားအျပား တို႔က ဝိုင္းရံထားစဥ္ ဝန္ႀကီးခ်ဳပ္ေဟာင္းကို လက္ေမာင္းမွ ဆြဲငင္ၿပီး အနက္ေရာင္ဗင္ကားထဲကို ေခၚေဆာင္သြားခဲ့ ေၾကာင္း ေတြ႕ျမင္ရပါတယ္။ 

ခန္းေထာက္ခံသူမ်ားနဲ႔ ရဲတပ္ဖြဲ႕တို႔အၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားၿပီးေနာက္ ၿမိဳ႕ႀကီးမ်ားရဲ႕ အဓိကလမ္းမႀကီး ေတြမွာ ပိတ္ဆို႔ကုန္ေၾကာင္း၊ လာဟိုးနဲ႔ ရာဝဲလ္ပင္ဒီရွိ စစ္ဘက္အေဆာက္အအုံမ်ားမွာ ဝင္ေရာက္စီးနင္းခံခဲ့ရ ေၾကာင္း မ်က္ျမင္သက္ေသမ်ားနဲ႔ ခန္းရဲ႕ပါတီက မွ်ေဝထားတဲ့ ဗြီဒီယိုမ်ားအရ သိရွိရပါတယ္။ အဓိက ႐ုန္းျဖစ္ပြားရာ ျပည္နယ္ေလးခုအနက္ ၃ ခုတို႔အတြင္း လူစုလူေဝးျပဳလုပ္မႈအားလုံးကို တားျမစ္လိုက္ေၾကာင္း ပါကစၥတန္ အာဏာပိုင္မ်ားက အေရးေပၚအမိန႔္ထုတ္ျပန္လိုက္ပါတယ္။ 

႐ိုက္တာအေနနဲ႔  ဗီဒီယိုမ်ားရဲ႕စစ္မွန္မႈကို သီးျခား အတည္မျပဳႏိုင္ျခင္း မရွိပါဘူး၊ မွတ္ခ်က္ေပးဖို႔ ေမတၱာရပ္ခံခ်က္ ကို တပ္မေတာ္ျပည္သူ႔ဆက္ဆံေရးအဖြဲ႕က ေလာေလာဆယ္ တုံ႔ျပန္ျခင္း မရွိပါဘူး။ ဘလူခ်ီစတန္ျပည္နယ္ ၿမိဳ႕ေတာ္ ကီတာမွာ အဓိက႐ုန္းျဖစ္ပြားစဥ္ ကန္႔ကြက္ဆႏၵျပသူတစ္ဦး ေသဆုံးၿပီး ရဲအရာရွိ ေျခာက္ဦး အပါအဝင္ ၁၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္နယ္ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာနအမိန႔္ေၾကာင့္ အင္တာနက္ မိုဘိုင္းေဒတာဝန္ေဆာင္မႈမ်ားကို ဆိုင္းငံ့ထားေၾကာင္း ပါကစၥတန္ ဆက္သြယ္ေရးေစာင့္ၾကည့္မႈအဖြဲ႕ထံမွ သိရွိရၿပီး Twitter၊, Facebook နဲ႔ YouTube တို႔မွာလည္း ဝင္ေရာက္ၾကည့္ရႈခြင့္ကို ကန႔္သတ္ထားေၾကာင္း အျပည္ျပည္ဆိုင္ရာအင္တာနက္ ေစာင့္ၾကည့္ေလ့လာသူ Netblocks က အတည္ျပဳပါတယ္။

ခရစ္ကတ္အားကစား သူရဲေကာင္းမွ ႏိုင္ငံေရးသမားျဖစ္လာသူ အသက္ ၇ဝ အ႐ြယ္ အင္မရန္ခန္းဟာ ပါလီ မန္လႊတ္ေတာ္အတြင္း အယုံအၾကည္မရွိအဆို မဲခြဲဆုံးျဖတ္ခ်က္အရ ၂ဝ၂၂ ခုႏွစ္ ဧၿပီလမွာ ဝန္ႀကီးခ်ဳပ္အျဖစ္မွ ျဖဳတ္ခ်ခံရပါတယ္။ အဲဒီအခ်ိန္ကတည္းက ခန္း အေနနဲ႔ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ ေႏွးေကြးသြားမယ့္ အရိပ္ အေယာင္မ်ိဳးျပသခဲ့ျခင္းမရွိဘဲ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပေပးဖို႔ ဆႏၵျပေတာင္းဆိုစဥ္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ အစၥလာမ္မာဘတ္ၿမိဳ႕မွာ သူ႔ရဲ႕ယာဥ္တန္းဟာ တိုက္ခိုက္ခံရၿပီး ဒဏ္ရာရရွိတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ခန္း ဖမ္းဆီးခံရတဲ့ျဖစ္စဥ္ဟာ ပါကစၥတန္ႏိုင္ငံအတြင္း စံခ်ိန္တင္ ေငြေၾကးေဖာင္းပြမႈ၊ ဖြံ႕ၿဖိဳးမႈေႏွးေကြးျခင္း တိုးျမင့္ လာမႈနဲ႔အတူ ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းမ်ားနဲ႔ နပမ္းလုံးေနရခ်ိန္ တိုက္ဆိုင္ ေနပါတယ္။ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ IMF ရဲ႕ အေထာက္အပံ့ေခ်းေငြပမာဏဟာ ပါကစၥတန္ရဲ႕ တစ္လတာ သြင္းကုန္မ်ားကို ကာမိတဲ့အထိ ႏိုင္ငံျခားေငြလုံေလာက္မႈမရွိတဲ့အျပင္ အစီအစဥ္အေကာင္အထည္ ေဖာ္ဖို႔ လေပါင္းမ်ားစြာ ေႏွာင့္ေႏွးေနပါတယ္။ 

ခန္းဟာ သူ႔ကိုယ္သူ ထိန္းထိန္းသိမ္းသိမ္းေနဖို႔ သတိေပးခ်က္မ်ားကို လ်စ္လ်ဴရႈၿပီးေနာက္ အမ်ိဳးသား တာဝန္ယူ/ တာဝန္ခံမႈ ဗ်ဴ႐ို (NAB) က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္စဥ္  ေငြေၾကးခဝါခ်မႈနဲ႔ စြဲခ်က္တင္ခံထားရသူ အိမ္ၿခံေျမလုပ္ငန္းရွင္ထံမွ ႐ူပီး ၇ ဘီလ်ံ (ေဒၚလာ ၂၄.၇ သန္း) အထိ တန္ေၾကးရွိ ေျမကြက္ မ်ားကို ခန္းနဲ႔ သူ႔ရဲ႕ဇနီးတို႔က ရယူခဲ့တယ္လို႔ စြပ္စြဲခံျခင္းခဲ့ရေၾကာင္း၊ ေငြေၾကးခဝါခ်မႈနဲ႔စပ္လ်ဥ္းတဲ့ ေပါင္သန္း ၁၉ဝ (ေဒၚလာ သန္း ၂၄ဝ) ကို ၿဗိတိန္အာဏာပိုင္မ်ားက ပါကစၥတန္ႏိုင္ငံကို  လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ ခန္းဟာ အဲဒီေငြ ေတြကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းရမည့္အစား အိမ္ၿခံေျမလုပ္ငန္းရွင္ထံ ျပန္ေပးေစခဲ့တယ္လို႔ ပါကစၥတန္ ျပည္ထဲေရးဝန္ႀကီးက သတင္းေထာက္မ်ားကို  ေျပာျပပါတယ္။ 

ခန္း အေပၚ အက်င့္ပ်က္ ျခစားမႈဆိုင္ရာ ျပစ္မႈမ်ားနဲ႔ စြဲခ်က္တင္ထားေၾကာင္း ပါကစၥတန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေအဂ်င္စီက သတင္းထုတ္ျပန္ေပမဲ့ ဘယ္လိုအမွားအယြင္းမ်ိဳးကႈိမွ် က်ဴးလြန္ခဲ့ျခင္းမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္းက ျငင္းဆိုေနပါတယ္။

ဗုဒၶဟူးေန႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးတရား႐ုံးမွာ အင္မရန္ခန္းကို ႐ုံးထုတ္စစ္ေဆးမယ္လို႔ GEO TV က ေျပာ ပါတယ္။ ေလးႏွစ္ၾကာအာဏာရ ရာထူးမွ ႏႈတ္ထြက္ၿပီးကတည္းက ခန္းအေပၚ စြဲခ်က္တင္ထားတဲ့ အမႈေပါင္း ၁ဝဝ ေက်ာ္မွာ လာဘ္စားမႈဟာ တစ္ခုျဖစ္ပါတယ္။ က်ဴးလြန္ေၾကာင္း ထင္ရွားတယ္လို႔ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရပါက အစိုးရ႐ုံးတက္ခြင့္နဲ႔ ႏိုဝင္ဘာလမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အမ်ိဳးသားေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ကို လည္း တားဆီးခံရဖြယ္ ရွိေနပါတယ္။

ခန္း ဖမ္းဆီးခံရမႈနဲ႔ ပတ္သက္၍ ႏိုင္ငံတစ္ဝွန္းလုံး ေစ်းဆိုင္-႐ုံးေတြကို ပိတ္ပစ္ၿပီး အလုပ္မဆင္းပဲေနၾကဖို႔ သူ႔ရဲ႕ “ပါကစၥတန္_တာရက္_အီး_အင္ဆာ့ဖ္” PTI က ေထာက္ခံသူမ်ားကို ေတာင္းဆိုလိုက္ပါတယ္။

ခန္းရဲ႕ေမြးရပ္ဇာတိ လာဟိုးၿမိဳ႕နဲ႔ အေနာက္ေျမာက္ပိုင္း “ ခိုင္ဘာ_ပထြန္ခြာ”  ျပည္နယ္တို႔အပါအဝင္ ႏိုင္ငံတစ္ဝွမ္း ရွိ ၿမိဳ႕ႀကီးမ်ားနဲ႔ အဓိကလမ္းမႀကီးမ်ားေပၚမွာ ရာနဲ႔ခ်ီတဲ့ ေထာက္ခံသူေတြက လမ္းမမ်ားကို ပိတ္ဆို႔ထားတဲ့အတြက္ ရဲတပ္ဖြဲ႕က သတိေပးခ်က္အဆင့္ကို ျမင့္တင္လိုက္ၿပီး လူစုေဝးျခင္းမ်ားကို တားျမစ္ထားပါတယ္။

ကန္႔ကြက္ဆႏၵျပသူေတြဟာ ဆိပ္ကမ္းၿမိဳ႕ ကရာခ်ိရွိ အဓိကလမ္းမ်ားကို ပိတ္ဆို႔ခဲ့ၿပီး ၿမိဳ႕ေတာ္ အစၥလာမ္မာ ဘတ္မွာေတာ့ ဆႏၵျပသူမ်ားေတြ ရဲတပ္ဖြဲ႕၀င္မ်ားက မ်က္ရည္ယိုဗုံးမ်ားနဲ႔ ပစ္ခတ္လူစုခြဲခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိ သူမ်ားထံမွ သိရွိရပါတယ္။

 လာဟိုးၿမိဳ႕ေနအိမ္မွ ခန္းကို ဖမ္းဆီးရန္ ယခင္ႀကိဳးပမ္းမႈေတြဟာ ဝန္ႀကီးခ်ဳပ္ေဟာင္းအေပၚ ေထာက္ခံသူမ်ားနဲ႔ တရားဥပေဒစိုးမိုးေရးဝန္ထမ္းမ်ားအၾကား ျပင္းျပင္းထန္ထန္ ခိုက္ရန္ျဖစ္ပြားခဲ့ရပါတယ္။ ရာထူးသက္တမ္း အ ျပည့္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ၀န္ႀကီးခ်ဳပ္ရယ္လို႔ မရွိခဲ့ဖူးပဲ ႏိုင္ငံသမိုင္းရဲ႕ ထက္ဝက္နီးပါး ကာလကို စစ္တပ္က အုပ္ခ်ဳပ္ခဲ့တဲ့ ပါကစၥတန္မွာ ႏိုင္ငံေရး ခြက္ေစာင္းခုတ္ေလ့ရွိပါတယ္။

လြန္ခဲ့တဲ့ ေအာက္တိုဘာလ အာဖရိက ကင္ညာႏိုင္ငံမွာ နာမည္ႀကီးပါကစၥတန္သတင္းေထာက္တစ္ဦး အသတ္ခံခဲ့ ရပါတယ္။ အဲဒီလုပ္ႀကံမႈေနာက္ကြယ္မွာ ပါကစၥတန္ တန္ျပန္ေထာက္လွမ္းေရး (ISI) မွ အႀကီးတန္းအရာရွိျဖစ္သူ  ဗိုလ္မႉးခ်ဳပ္ ဖိုင္ဆယ္_နက္ဆာက ပါ၀င္ပတ္သက္ေနေၾကာင္း၊ သူ႔ကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားမႈမွာလည္း အဲဒီ ဗိုလ္မႉးခ်ဳပ္က ႀကိဳးကိုင္ေနျခင္း ျဖစ္ေၾကာင္း ပါကစၥတန္စစ္တပ္အေပၚ အင္မရန္ခန္းက ထပ္မံစြပ္စြဲခဲ့ျခင္း ျဖစ္ပါတယ္။ ခန္းရဲ႕စြပ္စြဲခ်က္ေတြဟာ မဟုတ္မမွန္ေၾကာင္း စစ္တပ္က ျငင္းဆိုပါတယ္။

ေတာင္အာရွႏိုင္ငံရဲ႕ လြတ္လပ္ေရးရရွိၿပီး ၇၅ ႏွစ္တာ သမိုင္းတစ္ဝက္နီးပါးမွာ  အာဏာသိမ္းမႈသုံးႀကိမ္နဲ႔ စစ္တပ္က တိုက္႐ိုက္အုပ္ခ်ဳပ္ခဲ့ၿပီး လက္နက္ကိုင္တပ္မ်ားဟာ ပါကစၥတန္ရဲ႕ အင္အားအႀကီးဆုံးအဖြဲ႕အစည္းအျဖစ္ ဆက္လက္တည္ရွိေနပါတယ္။ စစ္တပ္ကေတာ့ သူတို႔အေနနဲ႔ အေရးပါတဲ့ အင္စတီက်ဴးရွင္းျဖစ္ေပမဲ့ ႏိုင္ငံေရးမွာ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳေတာ့ေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္။

#ဝန္ႀကီးခ်ဳပ္ေဟာင္း_အင္မရန္_ခန္း_ဖမ္းဆီးခံရ #ပါကစၥတန္_အဂတိလိုက္စားမႈတိုက္ဖ်က္ေရး_ေအဂ်င္စီ

#ISI #ပါကစၥတန္တန္ျပန္ေထာက္လွမ္းေရး #ဗိုလ္မႉးခ်ဳပ္_ဖိုင္ဆယ္_နက္ဆာ

(Reuters., 09 May 2023,” Former Pakistan PM Imran Khan arrested, stirring nationwide violence” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အမျိုးသားအလောင်းနှစ်လောင်းကို မကွေးမြို့နှင့်စစ်တွေမြို့တို့၌ တွေ့ရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved