Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း စတင်ဖွင့်လှစ်

မျိုးကြီး (NP News) - မေ ၁ဝ

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သော စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့(မေလ ၉ ရက်)၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆိပ်ကမ်း၌ ကျင်းပခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီး H.E. Shri Sarbananda Sonowal တို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဆိပ်ကမ်းအား ဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။

ယင်းစီမံကိန်းကြောင့် ပင်လယ်ရေကြောင်းလမ်း၊ ပြည်တွင်းရေကြောင်းလမ်းနှင့် မော်တော်ကားလမ်းကို ချိတ်ဆက်ကာ ဘက်စုံသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဒေသတွင်းကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုထားသည်။

ထို့ပြင် ရခိုင် နှင့် ချင်းပြည်နယ်အကြား လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုသည် ပိုမိုကောင်းမွန်လာမည်ဖြစ်ကာ ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း တိုးတက်လာမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးက မျှော်လင့်ထားသည်။

ယခုဖွင့်လှစ်သည့် ဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

zawgyi version

အိႏၵိယ၏ အကူအညီျဖင့္ ေဆာင္႐ြက္ခဲ့သည့္ စစ္ေတြကုလားတန္အျပည္ျပည္ဆိုင္ရာဆိပ္ကမ္း စတင္ဖြင့္လွစ္

မ်ိဳးႀကီး (NP News) - ေမ ၁ဝ

အိႏၵိယႏိုင္ငံ၏ အကူအညီျဖင့္ ေဆာင္႐ြက္ခဲ့ေသာ စစ္ေတြကုလားတန္အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းကို စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါဆိပ္ကမ္းဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔(ေမလ ၉ ရက္)၊ နံနက္ပိုင္းတြင္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ဆိပ္ကမ္း၌ က်င္းပခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

စစ္ေတြကုလားတန္အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း ႏွင့္ အိႏၵိယႏိုင္ငံ ဆိပ္ကမ္းမ်ား၊ သေဘၤာလုပ္ငန္းႏွင့္ ေရေၾကာင္းပို႔ေဆာင္ေရးဝန္ႀကီး H.E. Shri Sarbananda Sonowal တို႔က ဖဲႀကိဳးျဖတ္ကာ ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။

၎ဆိပ္ကမ္းသည္ အိႏၵိယႏိုင္ငံအစိုးရ၏ အကူအညီအေထာက္အပံ့ျဖင့္ ေဆာင္႐ြက္ခဲ့ေသာ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံသုံးျဖတ္သန္းသယ္ယူပို႔ေဆာင္ေရးစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

အဆိုပါဆိပ္ကမ္းအား ဖြင့္လွစ္ႏိုင္မႈသည္ အိႏၵိယႏိုင္ငံအတြက္သာမက ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္အတြက္ပါ မ်ားစြာအက်ိဳးျဖစ္ထြန္းေစႏိုင္မည့္ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာသည္။

ယင္းစီမံကိန္းေၾကာင့္ ပင္လယ္ေရေၾကာင္းလမ္း၊ ျပည္တြင္းေရေၾကာင္းလမ္းႏွင့္ ေမာ္ေတာ္ကားလမ္းကို ခ်ိတ္ဆက္ကာ ဘက္စုံသယ္ယူပို႔ေဆာင္ႏိုင္မည္ျဖစ္ၿပီး ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ေဒသတြင္းကုန္သြယ္မႈကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည္ဟုလည္း ၎က သုံးသပ္ေျပာဆိုထားသည္။

ထို႔ျပင္ ရခိုင္ ႏွင့္ ခ်င္းျပည္နယ္အၾကား လမ္းပန္းဆက္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈသည္ ပိုမိုေကာင္းမြန္လာမည္ျဖစ္ကာ ေဒသခံမ်ား၏ လူမႈစီးပြားဘဝသည္လည္း တိုးတက္လာမည္ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးက ေမွ်ာ္လင့္ထားသည္။

ယခုဖြင့္လွစ္သည့္ ဆိပ္ကမ္းမွတစ္ဆင့္ အိႏၵိယႏိုင္ငံႏွင့္သာမက ေဒသတြင္းႏိုင္ငံမ်ားႏွင့္ပါ တိုက္႐ိုက္ကုန္သြယ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမယ့် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံကို ပြန်လာတော့မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved