Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စလာမ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် တရုတ်နိုင်ငံက ရှုမြင်ကြောင်း အစီရင်ခံစာထွက်ပေါ်လာ

ရောင်နီ (NP News) - မေ ၆ 

      တရုတ်အာဏာပိုင်များဟာ မစ္စလာမ်ဘာသာကို အစွန်းရောက်ဝါဒလို့ ရှုမြင်ထားပြီး နိုင်ငံအတွင်း အစ္စ လာမ်ဘာသာဝင် လူနည်းစု ဝီဂါလူမျိုးစုများရဲ့ ဖုန်းများကို စောင့်ကြည့်စစ်ဆေးရန် မာလ်တီမီဒီယာဖိုင်ပေါင်း ၅ဝဝဝဝ ကို ရဲတပ်ဖွဲ့က စစ်ဆေးမှုစတင်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

      အဆိုပါ မာတီမီဒီယာများမှာ ISIL (ISIS) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များမှ ထုတ်လွှင့်ထားတဲ့ အကြမ်းဖက်အသံ၊ ဗီဒီယို၊ ရုပ်ပုံများစာရင်းများနဲ့ မွတ်ဆလင် အများစုဖြစ်တဲ့ ဝီဂါ လူမျိုးစုရဲ့ အနောက်ဘက်ရှန်ကျန်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မြှင့်တင်တဲ့ အဖွဲ့အစည်းများမှ အကြောင်းအရာများလည်း ပါဝင်ပါတယ်။ အဆိုပါ အဖွဲ့အစည်းများမှာ World Uyghur Congress ပြည်ပြေးအဖွဲ့နဲ့ အမေရိကန် အစိုးရ ရန်ပုံငွေ Radio Free Asia သတင်းဌာနတို့ ပါဝင်ပါတယ်။ ဖိုင်များမှာ တရုတ်နိုင်ငံမှာ ဆင်ဆာအပြင်း အထန်ပြုလုပ်ထားတဲ့ 1989 Tiananmen ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဆိုင်ရာ အချက်အလက်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ရှန်ကျန်းရှိ တာ့ခ်မွတ်စလင်များအပေါ် ၎င်းရဲ့ ရွံရှာဖွယ် စော်ကားမှုများကို အကြောင်းပြရန် အစ္စလာမ်ဘာသာကို ပြင်းထန်သော အစွန်းရောက်မှုဖြင့် ဒေါသတကြီး ရှုံ့ချလျက်ရှိတယ်" လို့ HRW ရဲ့ ယာယီဒါရိုက်တာ မာရာဝမ် က ပြောကြားခဲ့ပါတယ်။ 

"ကုလလူ့အခွင့်အရေးကောင်စီက ရှန်ကျန်းနဲ့ အခြားနိုင်ငံများရှိ တရုတ်အစိုးရရဲ့ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းဖြင့် ကာလကြာရှည်စွာ အရေးယူသင့်တယ်" လို့ ၄င်းက ဆိုပါတယ်။ HRW မှ ခွဲခြမ်း စိတ်ဖြာထားတဲ့ စာရင်းမှာ၂ဝ၁၉ ခုနှစ်က အမေရိကန် အခြေစိုက် မီဒီယာတစ်ခုဖြစ်နဲ့ Intercept သို့ ပေါက်ကြားခဲ့တဲ့ ရှန်ကျန်းရဲဒေတာဘေ့စ်မှ ကျယ်ပြန့်သော 52GB စာရွက်စာတမ်းများရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ရှန်ကျန်းရှိ တရုတ်ရဲ တပ်ဖွဲ့များဟာ အာဏာပိုင်တွေကို ၎င်းတို့ မိုဘိုင်းလ်ဖုန်းများရဲ့ အကြောင်းအရာများကို စောင့်ကြည့်နိုင်စေတဲ့ Jingwang Weishi ခေါ် အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန် တောင်းဆိုထားပါတယ်။ 

ရှန်ကျန်းသို့ လာရောက်လည်ပတ်သူများဟာလည်း Fengcai ခေါ် အလားတူအက်ပ်ကို ဒေါင်းလုဒ်လုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ တိုင်းရင်းသား မွတ်စလင်များ ၄င်းတို့ ဘာသာတရားကို ရိုးရှင်းစွာ ကျင့်သုံးခြင်း သို့မဟုတ် စိတ်ဝင်စားမှုပြသခြင်းများအား အကြမ်းဖက် အစွန်းရောက်ဝါဒီများကို ထောက်ခံသူများအဖြစ် သတ်မှတ်ထားကြောင်း HRW မှ ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နဲ့ ၂ဝ၁၈ ခုနှစ်အကြား ရဲတပ်ဖွဲ့မှ အလံပြထားတဲ့ ဖိုင်ပေါင်း ၁ဝဝဝ ကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ပြဿနာဖြစ်နိုင်တယ်လို့ ဆိုထားတဲ့ အကြောင်းအရာရဲ့ ၅၇  ရာခိုင်နှုန်းဟာ သာမန်ဘာသာရေးပစ္စည်းဖြစ် ကြောင်း HRW က ဆိုပါတယ်။ သို့ပေမယ့် ဖိုင်များရဲ့ ၉ ရာခိုင်နှုန်းဟာ ကြမ်းတမ်းတဲ့ အကြောင်းအရာများပါဝင်ပြီး ၄ ရာခိုင်နှုန်းဟာ အကြမ်းဖက်မှုအတွက် တောင်းဆိုတဲ့ အကြောင်းအရာများ ပါရှိကြောင်း အခွင့်အရေးအဖွဲ့မှ သိရပါတယ်။ 

        ဝီဂါနဲ့ အခြားတာ့ခ်မွတ်ဆလင်များဟာ နိုင်ငံရဲ့ လူများစု ဟန်ယဉ်ကျေးမှုမှ ဘာသာစကားနဲ့ ဘာသာရေး ကွဲပြားမှုများကို ဖယ်ရှားရန် တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်း ထန်သော စောင့်ကြည့်မှုကို ခံနေရတယ်လို့ သိရပါတယ်။

zawgyi version

အစၥလာမ္ဘာသာကို အစြန္းေရာက္ဝါဒအျဖစ္ တ႐ုတ္ႏိုင္ငံက ရႈျမင္ေၾကာင္း အစီရင္ခံစာထြက္ေပၚလာ

ေရာင္နီ (NP News) - ေမ ၆ 

       တ႐ုတ္အာဏာပိုင္မ်ားဟာ မစၥလာမ္ဘာသာကို အစြန္းေရာက္ဝါဒလို႔ ရႈျမင္ထားၿပီး ႏိုင္ငံအတြင္း အစၥ လာမ္ဘာသာဝင္ လူနည္းစု ဝီဂါလူမ်ိဳးစုမ်ားရဲ႕ ဖုန္းမ်ားကို ေစာင့္ၾကည့္စစ္ေဆးရန္ မာလ္တီမီဒီယာဖိုင္ေပါင္း ၅ဝဝဝဝ ကို ရဲတပ္ဖြဲ႕က စစ္ေဆးမႈစတင္ေနေၾကာင္း လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ 

       အဆိုပါ မာတီမီဒီယာမ်ားမွာ ISIL (ISIS) ကဲ့သို႔ေသာ လက္နက္ကိုင္အဖြဲ႕မ်ားမွ ထုတ္လႊင့္ထားတဲ့ အၾကမ္းဖက္အသံ၊ ဗီဒီယို၊ ႐ုပ္ပုံမ်ားစာရင္းမ်ားနဲ႔ မြတ္ဆလင္ အမ်ားစုျဖစ္တဲ့ ဝီဂါ လူမ်ိဳးစုရဲ႕ အေနာက္ဘက္ရွန္က်န္းမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ျမႇင့္တင္တဲ့ အဖြဲ႕အစည္းမ်ားမွ အေၾကာင္းအရာမ်ားလည္း ပါဝင္ပါတယ္။ အဆိုပါ အဖြဲ႕အစည္းမ်ားမွာ World Uyghur Congress ျပည္ေျပးအဖြဲ႕နဲ႔ အေမရိကန္ အစိုးရ ရန္ပုံေငြ Radio Free Asia သတင္းဌာနတို႔ ပါဝင္ပါတယ္။ ဖိုင္မ်ားမွာ တ႐ုတ္ႏိုင္ငံမွာ ဆင္ဆာအျပင္း အထန္ျပဳလုပ္ထားတဲ့ 1989 Tiananmen ရင္ျပင္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈဆိုင္ရာ အခ်က္အလက္မ်ားလည္း ပါဝင္တယ္လို႔ သိရပါတယ္။ တ႐ုတ္အစိုးရဟာ ရွန္က်န္းရွိ တာ့ခ္မြတ္စလင္မ်ားအေပၚ ၎ရဲ႕ ႐ြံရွာဖြယ္ ေစာ္ကားမႈမ်ားကို အေၾကာင္းျပရန္ အစၥလာမ္ဘာသာကို ျပင္းထန္ေသာ အစြန္းေရာက္မႈျဖင့္ ေဒါသတႀကီး ရႈံ႕ခ်လ်က္ရွိတယ္" လို႔ HRW ရဲ႕ ယာယီဒါ႐ိုက္တာ မာရာဝမ္ က ေျပာၾကားခဲ့ပါတယ္။ 

"ကုလလူ႔အခြင့္အေရးေကာင္စီက ရွန္က်န္းနဲ႔ အျခားႏိုင္ငံမ်ားရွိ တ႐ုတ္အစိုးရရဲ႕ ခ်ိဳးေဖာက္မႈမ်ားကို စုံစမ္းစစ္ေဆးျခင္းျဖင့္ ကာလၾကာရွည္စြာ အေရးယူသင့္တယ္" လို႔ ၄င္းက ဆိုပါတယ္။ HRW မွ ခြဲျခမ္း စိတ္ျဖာထားတဲ့ စာရင္းမွာ၂ဝ၁၉ ခုႏွစ္က အေမရိကန္ အေျခစိုက္ မီဒီယာတစ္ခုျဖစ္နဲ႔ Intercept သို႔ ေပါက္ၾကားခဲ့တဲ့ ရွန္က်န္းရဲေဒတာေဘ့စ္မွ က်ယ္ျပန႔္ေသာ 52GB စာ႐ြက္စာတမ္းမ်ားရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ယခုအခ်ိန္အထိ လူသိရွင္ၾကား ထုတ္ျပန္ျခင္းမရွိေသးပါဘူး။ ရွန္က်န္းရွိ တ႐ုတ္ရဲ တပ္ဖြဲ႕မ်ားဟာ အာဏာပိုင္ေတြကို ၎တို႔ မိုဘိုင္းလ္ဖုန္းမ်ားရဲ႕ အေၾကာင္းအရာမ်ားကို ေစာင့္ၾကည့္ႏိုင္ေစတဲ့ Jingwang Weishi ေခၚ အက္ပ္ကို ေဒါင္းလုဒ္လုပ္ရန္ ေတာင္းဆိုထားပါတယ္။ 

ရွန္က်န္းသို႔ လာေရာက္လည္ပတ္သူမ်ားဟာလည္း Fengcai ေခၚ အလားတူအက္ပ္ကို ေဒါင္းလုဒ္လုပ္ဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ဟာ တိုင္းရင္းသား မြတ္စလင္မ်ား ၄င္းတို႔ ဘာသာတရားကို ႐ိုးရွင္းစြာ က်င့္သုံးျခင္း သို႔မဟုတ္ စိတ္ဝင္စားမႈျပသျခင္းမ်ားအား အၾကမ္းဖက္ အစြန္းေရာက္ဝါဒီမ်ားကို ေထာက္ခံသူမ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း HRW မွ ေျပာၾကားခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ နဲ႔ ၂ဝ၁၈ ခုႏွစ္အၾကား ရဲတပ္ဖြဲ႕မွ အလံျပထားတဲ့ ဖိုင္ေပါင္း ၁ဝဝဝ ကို ခြဲျခမ္းစိတ္ျဖာၾကည့္ရာ ျပႆနာျဖစ္ႏိုင္တယ္လို႔ ဆိုထားတဲ့ အေၾကာင္းအရာရဲ႕ ၅၇  ရာခိုင္ႏႈန္းဟာ သာမန္ဘာသာေရးပစၥည္းျဖစ္ ေၾကာင္း HRW က ဆိုပါတယ္။ သို႔ေပမယ့္ ဖိုင္မ်ားရဲ႕ ၉ ရာခိုင္ႏႈန္းဟာ ၾကမ္းတမ္းတဲ့ အေၾကာင္းအရာမ်ားပါဝင္ၿပီး ၄ ရာခိုင္ႏႈန္းဟာ အၾကမ္းဖက္မႈအတြက္ ေတာင္းဆိုတဲ့ အေၾကာင္းအရာမ်ား ပါရွိေၾကာင္း အခြင့္အေရးအဖြဲ႕မွ သိရပါတယ္။ 

        ဝီဂါနဲ႔ အျခားတာ့ခ္မြတ္ဆလင္မ်ားဟာ ႏိုင္ငံရဲ႕ လူမ်ားစု ဟန္ယဥ္ေက်းမႈမွ ဘာသာစကားနဲ႔ ဘာသာေရး ကြဲျပားမႈမ်ားကို ဖယ္ရွားရန္ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ျပင္း ထန္ေသာ ေစာင့္ၾကည့္မႈကို ခံေနရတယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား၏ နျူကလီးယားစွမ်းအင်လုပ်ငန်းအပေါ် ပိတ်ဆို့အရေးယူမှုများကို ကာကွယ်မည်ဟု ဥရောပသမဂ္ဂကြုံးဝါး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved