Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုအခြေအနေကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

ဂျန်ဇက် (NP News) - မေ ၅

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများကိုလျော့ချပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်နိုင်ဖို့ အဖွဲ့အစည်းများနဲ့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အဖွဲ့အစည်းများကို အတိကျပြောဆိုခြင်းမရှိပေမယ့်လည်း အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးမှု အကြိမ်(၆ဝ) လုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ၎င်းက "ဝန်ကြီးရက်နိုမာဆူဒီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊  (NUG)အဖွဲ့ နဲ့ နစက အပါအဝင်အဖွဲ့အစည်းအားလုံးနီးပါးနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံရေးပြသာနာကိုဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုတွေဖြစ်စေဖို့ ကြိုးပမ်းနေတယ်။ မြန်မာနိုင်ငံရေးအခက်အခဲနဲ့ သက်ဆိုင်သူများကြား ကွာဟချက်တွေကို လျှော့ချနိုင်ဖို့ ပေါင်းကူးဆက်ဆံရေးကိုဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၁ဝ ရက် နဲ့ ၁၁ ရက်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ပြုလုပ်တဲ့ အင်တာဗျူးမှာအခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ နစက တာဝန်ရှိသူများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တာဝန်ရှိသူများကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေကို တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်းသိရပါတယ်။ 

ဒါပေမယ့် NUG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်အောင် အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့လမှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာအာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ဝ၂၁ ခုနှစ်ဧပြီလက အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ နစက ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ရယူခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးတဲ့အတွက် ဝေဖန်မှုများလည်းရှိနေကြောင်းသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့ဟာ မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ 'quiet diplomacy' နည်းလမ်းကိုအသုံးပြုလျက်ရှိနေကြောင်း ဆိုပါတယ်။

zawgyi version

ျမန္မာ့ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈအေျခအေနကို အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ထုတ္ေဖာ္ေျပာဆို

ဂ်န္ဇက္ (NP News) - ေမ ၅

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ားကိုေလ်ာ့ခ်ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား စတင္ႏိုင္ဖို႔ အဖြဲ႕အစည္းမ်ားနဲ႔ လွ်ိဳ႕ဝွက္ေတြ႕ဆုံေဆြးေႏြးေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီဟာ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့အဖြဲ႕အစည္းမ်ားကို အတိက်ေျပာဆိုျခင္းမရွိေပမယ့္လည္း အဖြဲ႕အစည္းေတြနဲ႔ ေစ့စပ္ေဆြးေႏြးမႈ အႀကိမ္(၆ဝ) လုပ္ေဆာင္ထားတယ္လို႔ဆိုပါတယ္။ ၎က "ဝန္ႀကီးရက္ႏိုမာဆူဒီက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊  (NUG)အဖြဲ႕ နဲ႔ နစက အပါအဝင္အဖြဲ႕အစည္းအားလုံးနီးပါးနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့တယ္။ ျမန္မာႏိုင္ငံေရးျပသာနာကိုေျဖရွင္းႏိုင္ဖို႔ အားလုံးပါဝင္တဲ့ ေတြ႕ ဆုံေဆြးေႏြးမႈေတြျဖစ္ေစဖို႔ ႀကိဳးပမ္းေနတယ္။ ျမန္မာႏိုင္ငံေရးအခက္အခဲနဲ႔ သက္ဆိုင္သူမ်ားၾကား ကြာဟခ်က္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေပါင္းကူးဆက္ဆံေရးကိုဆက္လက္လုပ္ေဆာင္သြားမွာပါ"လို႔ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ေမလ ၁ဝ ရက္ နဲ႔ ၁၁ ရက္မွာက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမတိုင္ခင္ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာအခုလိုမ်ိဳး ေျပာခဲ့တာျဖစ္ပါတယ္။အင္ဒိုနီးရွားဟာ ၂ဝ၂၃ ခုႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူခဲ့ၿပီးေနာက္ ျမန္မာ့ႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနပါတယ္။ နစက တာဝန္ရွိသူမ်ားနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕တာဝန္ရွိသူမ်ားကေတာ့ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပာဆိုခ်က္ေတြကို တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေၾကာင္းသိရပါတယ္။ 

ဒါေပမယ့္ NUG အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ အာဆီယံဥကၠ႒နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့လမွာ အိႏၵိယႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ ျမန္မာ့အေရးေတြ႕ဆုံေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ 

ျမန္မာႏိုင္ငံမွာအာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ၂ဝ၂၁ ခုႏွစ္ဧၿပီလက အာဆီယံအဖြဲ႕ေခါင္းေဆာင္ေတြဟာ နစက ေခါင္းေဆာင္နဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ရယူခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ တိုးတက္မႈမရွိေသးတဲ့အတြက္ ေဝဖန္မႈမ်ားလည္းရွိေနေၾကာင္းသိရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ၎တို႔ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကိုေျဖရွင္းႏိုင္ဖို႔ 'quiet diplomacy' နည္းလမ္းကိုအသုံးျပဳလ်က္ရွိေနေၾကာင္း ဆိုပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေလ(၂၃)ရက်တွင် စတင်ဆောင်ရွက်မည်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved