အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေလ(၂၃)ရက်တွင် စတင်ဆောင်ရွက်မည်
ယွန်း (NP News) - မေ ၅
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေလ(၂၃)ရက်မှ စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျောင်းတွေကို အခုလ(၂၃)ရက်ကနေပြီးတော့ (၃၁)ရက်အထိကို ကျောင်းအပ်နှံရေး ရက် သတ္တပတ်အဖြစ် သတ်မှတ်ပါတယ်။ (၁)ရက်နေ့မှာ ကျောင်းဖွင့်ပါမယ်။ အဲဒီရက်အတွင်းမှာ မအပ်နိုင်တဲ့သူတွေလည်း ကျောင်းတက်ရင်းနဲ့ ကျောင်းအပ်နိုင်ပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ဇွန်လ(၁)ရက်တွင် ယခင်အတိုင်း ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် (၂ဝ၂၃- ၂ဝ၂၄)ပညာသင်နှစ်ကို စနစ်သစ်ပညာရေးစနစ်ဖြစ်သည့် KG+12 ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ စနစ်သစ်ပညာရေးကို ပြီးခဲ့သည့် (၂ဝ၁၆- ၂ဝ၁၇) ပညာသင်နှစ်တွင် စတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်တွင် KG မှ Grade-11 အထိ စာမေးပွဲဖြေဆိုထားသည့် ကျောင်း သားများ၏ အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး အောင်ချက်မှာရာနှုန်းပြည့်နီးပါး ကောင်းမွန်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားခဲ့သည်။
zawgyi version
အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းအပ္လက္ခံျခင္းကို လာမည့္ ေမလ(၂၃)ရက္တြင္ စတင္ေဆာင္႐ြက္မည္
ယြန္း (NP News) - ေမ ၅
အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္လက္ခံျခင္းကို လာမည့္ ေမလ(၂၃)ရက္မွ စတင္ကာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေက်ာင္းေတြကို အခုလ(၂၃)ရက္ကေနၿပီးေတာ့ (၃၁)ရက္အထိကို ေက်ာင္းအပ္ႏွံေရး ရက္ သတၱပတ္အျဖစ္ သတ္မွတ္ပါတယ္။ (၁)ရက္ေန႔မွာ ေက်ာင္းဖြင့္ပါမယ္။ အဲဒီရက္အတြင္းမွာ မအပ္ႏိုင္တဲ့သူေတြလည္း ေက်ာင္းတက္ရင္းနဲ႔ ေက်ာင္းအပ္ႏိုင္ပါတယ္” ဟု အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ေက်ာင္းအပ္လက္ခံျခင္း လုပ္ငန္းမ်ားကို ယခုလအတြင္း ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လာမည့္ ဇြန္လ(၁)ရက္တြင္ ယခင္အတိုင္း ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယခုႏွစ္ (၂ဝ၂၃- ၂ဝ၂၄)ပညာသင္ႏွစ္ကို စနစ္သစ္ပညာေရးစနစ္ျဖစ္သည့္ KG+12 ျဖင့္ သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အဆိုပါ စနစ္သစ္ပညာေရးကို ၿပီးခဲ့သည့္ (၂ဝ၁၆- ၂ဝ၁၇) ပညာသင္ႏွစ္တြင္ စတင္ကာ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဧၿပီလ(၂၇)ရက္တြင္ KG မွ Grade-11 အထိ စာေမးပြဲေျဖဆိုထားသည့္ ေက်ာင္း သားမ်ား၏ ေအာင္စာရင္းမ်ားကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ေအာင္ခ်က္မွာရာႏႈန္းျပည့္နီးပါး ေကာင္းမြန္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအာရေးဗျကလပ်ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း