Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ နှင့် အာဆီယံ ပူးပေါင်းမှုသည် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုကို အထောက်အပံ့ဖြစ်စေဟုဆို

ယွန်း (NP News) - မေ ၄

မြန်မာနိုင်ငံနှင့် အာဆီယံပူးပေါင်းမှုသည် ‌ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုတို့ကို အထောက်အပံ့ဖြစ်စေကြောင်း ASEAN- BAC ဥက္ကဋ္ဌမှ သုံးသပ်ပြောဆိုထားသည်။

Mr. Arsjad Rasjid P. M.(ASEAN-BAC Indonesia) က ပြီးခဲ့သည့် မေလ(၁)ရက်မှ (၃)ရက်အတွင်း မြန်မာနိုင်ငံသို့ ASEAN-BAC Roadshow ၏ အစီအစဥ်တစ်ရပ်အဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။

ခရီးစဥ်၏ အဓိကရည်ရွယ်ချက်သည် ဒီဂျစ်တယ်အသွင်းကူးပြောင်းရေး အပါအဝင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းမြှင့်တင်‌ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ပြီး ‌ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်မှုတွေကိုမြှင့်တင်ပြီး အာဆီယံဗဟိုပြုမှုကို တိုးတက်စေဖို့နဲ့ အရှေ့တောင်အာရှဒေသက တိုးတက်ကြီးပွားခြင်းရဲ့ အချက်အချာကျတဲ့ ဗဟိုစုံချက်တစ်ခု ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်” ဟု Mr. Arsjad Rasjid P. M. ကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအတွက် ‌အရေးပါသော အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံအကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုကို လုပ်ဆောင်လိုကြောင်း Mr. Arsjad Rasjid P. M. မှ အသိပေးပြောဆိုခဲ့သည်။

အလားတူ မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအားကောင်းသော ‌ဒေသတွင်းပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ၎င်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့်တိုးတက်မှုကို ပို၍ထောက်ပံ့စေနိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း "မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အာဆီယံဒေသတစ်ခုလုံးအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေရရှိလာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အာဆီယံအဝန်းအဝိုင်းကိုလည်း အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

Mr. Arsjad Rasjid P. M. သည် ASEAN-BAC Roadshow ခရီးစဉ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအစရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၆) နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ် သည်။                                               

zawgyi version


ယွန်း (NP News) - မေ ၎









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုင်ကယ် နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ရာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ဖွယ်ရာအခြေအနေရှိနေ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved