Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေတိဂုံစေတီတော်အား သံဃာတော်အပါး (၁၁၁၁၁)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနား နှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲကျင်းပ

မျိုးကြီး (NP News) - မေ ၂

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး (၁၁၁၁၁)ဖြင့် ဗုဒ္ဓါဘိသေက အနေက ဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲမင်္ဂလာ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို ယနေ့(မေလ ၂ ရက်)၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လဆန်း (၁၄)ရက် နံနက် အရုဏ်တက်ချိန်တွင် ရွှေတိဂုံစေတီတော်အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံ၌ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒဆရာတော်ကြီးများအပါအဝင် ဆရာတော်(၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

ထို့ပြင် ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံး၏ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်၊ ဆရာတော်များအပါအဝင် (၁၁၁၁၁)ပါး ကြွရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာအခမ်းအနားများသို့ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား ရန်ကုန်တိုင်းအစိုးရအဖွဲ့အပါအဝင် စုပေါင်းအလှူရှင်များက ငွေကျပ်သိန်းပေါင်း (၃၄ဝဝဝ) ကျော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဦးဇင်းတို့ကလည်း ဒီလိုပွဲမျိုးကို တစ်ခါမှမတက်ဖူးပါဘူး။ အမှန်တိုင်းပြောရရင် မြင်တောင်မမြင်ဖူးပါဘူး။ ဒီလိုပွဲကိုမျိူးကို တက်ရတာလုံးဝ ကို ကျေနပ်မိပါတယ်။ အခုမြန်မာနိုင်ငံမှာက အခြေအနေတွေကမကောင်းကြဘူးလေ။ မကောင်းပေမယ့်လည်း ဒီလောက်သံဃာအများကြီးကို နေပူပူကြီးထဲမှာ ဒုက္ခတွေခံပြီး လာကြတာကိုတွေ့တော့လည်း ဝမ်းသာမိတာ ပေါ့”ဟု အခမ်းအနားသို့ ကြွရောက်လာသော သံဃာတော်တစ်ပါးက NP News ကို မိန့်ကြားထားသည်။

အလားတူ မနက်ဖြန်(မေလ ၃ ရက်)၊ ကဆုန်လပြည့်နေ့တွင်လည်း မန္တလေးမြို့၌ သံဃာ တော်အပါး တစ်သောင်းကျော်ကိုလည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်တာဝန်ယူထားသည့် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် မြန်မာနိုင်ငံအား ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ကြွေးကြော်ထားသည်။

zawgyi version

ေ႐ႊတိဂုံေစတီေတာ္အား သံဃာေတာ္အပါး (၁၁၁၁၁)ျဖင့္ ဗုဒၶါဘိေသက အေနကဇာတင္အခမ္းအနား ႏွင့္ ဆြမ္းဆန္စိမ္းစုေပါင္းေလာင္းလႉပြဲက်င္းပ

မ်ိဳးႀကီး (NP News) - ေမ ၂

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား သံဃာေတာ္အပါး (၁၁၁၁၁)ျဖင့္ ဗုဒၶါဘိေသက အေနက ဇာတင္ မဟာမဂၤလာအခမ္းအနား ႏွင့္ ဆြမ္းဆန္စိမ္းစုေပါင္းေလာင္းလႉပြဲမဂၤလာ အခမ္း အနားကို က်င္းပျပဳလုပ္ခဲ့သည္။

၎အခမ္းအနားကို ယေန႔(ေမလ ၂ ရက္)၊ ေကာဇာသကၠရာဇ္ ၁၃၈၅ ခုႏွစ္ ကဆုန္လဆန္း (၁၄)ရက္ နံနက္ အ႐ုဏ္တက္ခ်ိန္တြင္ ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံႏွင့္ ျပည္သူ႔ရင္ျပင္တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံ၌ ႏိုင္ငံေတာ္ၾသဝါဒါစရိယဆရာေတာ္ႀကီးမ်ား၊ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဆရာေတာ္ႀကီးမ်ား၊ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓရတိပိဋကေကာဝိဒဆရာေတာ္ႀကီးမ်ားအပါအဝင္ ဆရာေတာ္(၁၁၁)ပါးျဖင့္ ဗုဒၶါဘိေသကအေနကဇာတင္မဟာမဂၤလာအခမ္းအနားကို က်င္းပခဲ့သည္။

ထို႔ျပင္ ျပည္သူ႔ရင္ျပင္၌ က်င္းပသည့္ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲသို႔ တိုင္းသံဃနာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ား၊ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဆရာေတာ္ႀကီးမ်ား၊ ရန္ကုန္တိုင္းအတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းအားလုံး၏ ေက်ာင္းထိုင္ဆရာေတာ္ႀကီးမ်ားႏွင့္ ပရိယတၱိစာသင္တိုက္မ်ားမွ သံဃာေတာ္၊ ဆရာေတာ္မ်ားအပါအဝင္ (၁၁၁၁၁)ပါး ႂကြေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မဂၤလာအခမ္းအနားမ်ားသို႔ ႂကြေရာက္လာသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ရန္ကုန္တိုင္းအစိုးရအဖြဲ႕အပါအဝင္ စုေပါင္းအလႉရွင္မ်ားက ေငြက်ပ္သိန္းေပါင္း (၃၄ဝဝဝ) ေက်ာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။

“ဦးဇင္းတို႔ကလည္း ဒီလိုပြဲမ်ိဳးကို တစ္ခါမွမတက္ဖူးပါဘူး။ အမွန္တိုင္းေျပာရရင္ ျမင္ေတာင္မျမင္ဖူးပါဘူး။ ဒီလိုပြဲကိုမ်ိဴးကို တက္ရတာလုံးဝ ကို ေက်နပ္မိပါတယ္။ အခုျမန္မာႏိုင္ငံမွာက အေျခအေနေတြကမေကာင္းၾကဘူးေလ။ မေကာင္းေပမယ့္လည္း ဒီေလာက္သံဃာအမ်ားႀကီးကို ေနပူပူႀကီးထဲမွာ ဒုကၡေတြခံၿပီး လာၾကတာကိုေတြ႕ေတာ့လည္း ဝမ္းသာမိတာ ေပါ့”ဟု အခမ္းအနားသို႔ ႂကြေရာက္လာေသာ သံဃာေတာ္တစ္ပါးက NP News ကို မိန႔္ၾကားထားသည္။

အလားတူ မနက္ျဖန္(ေမလ ၃ ရက္)၊ ကဆုန္လျပည့္ေန႔တြင္လည္း မႏၲေလးၿမိဳ႕၌ သံဃာ ေတာ္အပါး တစ္ေသာင္းေက်ာ္ကိုလည္း ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ႏိုင္ငံေတာ္တာဝန္ယူထားသည့္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္သည္ ျမန္မာႏိုင္ငံအား ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစေရး ႀကိဳးပမ္းလုပ္ေဆာင္သြားမည္ဟု ေႂကြးေၾကာ္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန် ရှိသည့်အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါတွေ့ဆုံဖွယ်ရှိနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved