Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန် ရှိသည့်အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါတွေ့ဆုံဖွယ်ရှိနေ

NP News - မေ ၂

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Qin Gang သည် ယနေ့(မေလ ၂ ရက်)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း နစက၏ ထိပ်ပိုင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ (သို့မဟုတ်) မနက်ဖြန်တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာရေးတို့ကို ထည့်သွင်းဆွေးနွေးသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် Mr.Qin Gang သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr.Qin Gang သည် ယမန်နေ့(မေလ ၁ ရက်)တွင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်ဟေဇာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာ ဏာကိုလေးစားသင့်ပြီး ၎င်းနိုင်ငံ၌ တည်ငြိမ်အေးချမ်းရေးပြန်လည်ရရှိစေရန်အတွက် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်ပေးရမည်ဟု Mr.Qin Gang က ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Qin Gang က မြန်မာ့နိုင်ငံရေးအခက်အခဲအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအတိုင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများ ပြန်လည်စတင်သင့်ကြောင်းလည်း တိုက်တွန်းပြောဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ယနေ့၌ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကာ နစကအကြီး အကဲများနှင့်တွေ့ဆုံဆွေးနွေးရန် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

“တရုတ်အစိုးရက နိုင်ငံတစ်နိုင်ငံနဲ့ဆက်ဆံမယ်ဆိုရင် တည်ဆဲအာဏာပိုင်အဖွဲ့အစည်းကိုသာ အဲဒီနိုင်ငံရဲ့အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံလေ့ရှိတယ်။ တည်ဆဲအာဏာပိုင် အဖွဲ့အစည်းကို ဆန့်ကျင်ပုန်ကန်နေတဲ့အဖွဲ့တွေကိုတော့ အစိုးရအဖြစ် အသိအမှတ်ပြုတာမရှိဘူး။ သို့သော် သူတို့ကိုအရပ်ဖက်အဖွဲ့အစည်းဆန်ဆန်တော့ ဆက်ဆံတာမျိုးလုပ်လေ့ရှိတယ်”ဟု တရုတ်-မြန်မာရေးရာကျွမ်းကျင်သုတေသီ ဒေါက်တာဟိန်းခိုင်က NP News ကို သုံးသပ်ပြောဆိုထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ တည်ဆဲတာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံခြင်းသည် တည်ဆဲတာဝန်ရှိသူများအပေါ် အလေးထားရာရောက်ပြီး ဆန့် ကျင်ဘက်အဖွဲ့အစည်းများဖြစ်သည့် NUG/PDF အပေါ် သာမန်အရပ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်ဆံခြင်းမျိုးသာတွေ့ရသည်။

အလားတူ အမေရိကန်အပါအဝင် အခြားမည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းများ၏ NUG အပေါ်ဆက်ဆံမှုပုံစံသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှ အတိုက်အခံအဖွဲ့အစည်းအဖြစ်သာ ဆက်ဆံခြင်းမျိုးကိုတွေ့ရသည်။ 

လက်ရှိအချိန်ထိ NUG ကို မည်သည့်နိုင်ငံကမှ အစိုးရအဖြစ်အသိအမှတ်ပြုပေးထားခြင်းမရှိသေးပေ။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မစ္စတာ Peng Xiubin နှင့်အဖွဲ့သည် ပြီးခဲ့သော ဧပြီလ ၁၈ ရက်တွင် နေပြည်တော်သို့ သွားရောက်ကာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

zawgyi version

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနၿပီး နစကဥကၠ႒ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ရွိသည့္အျပင္ အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊႏွင့္ပါေတြ႕ဆုံဖြယ္ရွိေန

NP News - ေမ ၂

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Mr. Qin Gang သည္ ယေန႔(ေမလ ၂ ရက္)တြင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ေၾကာင္း နစက၏ ထိပ္ပိုင္းသတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။

၎၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း၌ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ယေန႔ (သို႔မဟုတ္) မနက္ျဖန္ေတြ႕ဆုံေဆြးေႏြးသြားရန္ရွိေၾကာင္း စုံစမ္းသိရွိရသည္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ နယ္စပ္လုံၿခဳံေရး၊ စီးပြားေရး၊ ျမန္မာႏိုင္ငံ၌ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားအေပၚ ၿငိမ္းခ်မ္းစြာညႇိႏႈိင္းအေျဖရွာေရးတို႔ကို ထည့္သြင္းေဆြးေႏြးသြားရန္ ရွိေၾကာင္း စုံစမ္းသိရွိရသည္။

ထို႔ျပင္ Mr.Qin Gang သည္ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးသြားဖြယ္ရွိေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Mr.Qin Gang သည္ ယမန္ေန႔(ေမလ ၁ ရက္)တြင္ ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢအထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ထိုသို႔ေတြ႕ဆုံရာ၌ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာ ဏာကိုေလးစားသင့္ၿပီး ၎ႏိုင္ငံ၌ တည္ၿငိမ္ေအးခ်မ္းေရးျပန္လည္ရရွိေစရန္အတြက္ ႏိုင္ငံ ေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ႏိုင္ရန္ တိုးျမႇင့္လုပ္ေဆာင္ေပးရမည္ဟု Mr.Qin Gang က ထည့္သြင္းေျပာဆိုခဲ့သည္။

ဆက္လက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Mr. Qin Gang က ျမန္မာ့ႏိုင္ငံေရးအခက္အခဲအား ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဥပေဒမူေဘာင္မ်ားအတိုင္း ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈမ်ား ျပန္လည္စတင္သင့္ေၾကာင္းလည္း တိုက္တြန္းေျပာဆိုထားသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢအထူးကိုယ္စားလွယ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈအၿပီးတြင္ ယေန႔၌ ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာျခင္းျဖစ္ကာ နစကအႀကီး အကဲမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

“တ႐ုတ္အစိုးရက ႏိုင္ငံတစ္ႏိုင္ငံနဲ႔ဆက္ဆံမယ္ဆိုရင္ တည္ဆဲအာဏာပိုင္အဖြဲ႕အစည္းကိုသာ အဲဒီႏိုင္ငံရဲ႕အစိုးရအျဖစ္ အသိအမွတ္ျပဳဆက္ဆံေလ့ရွိတယ္။ တည္ဆဲအာဏာပိုင္ အဖြဲ႕အစည္းကို ဆန႔္က်င္ပုန္ကန္ေနတဲ့အဖြဲ႕ေတြကိုေတာ့ အစိုးရအျဖစ္ အသိအမွတ္ျပဳတာမရွိဘူး။ သို႔ေသာ္ သူတို႔ကိုအရပ္ဖက္အဖြဲ႕အစည္းဆန္ဆန္ေတာ့ ဆက္ဆံတာမ်ိဳးလုပ္ေလ့ရွိတယ္”ဟု တ႐ုတ္-ျမန္မာေရးရာကြၽမ္းက်င္သုေတသီ ေဒါက္တာဟိန္းခိုင္က NP News ကို သုံးသပ္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံမွ တာဝန္ရွိသူမ်ား ျမန္မာႏိုင္ငံမွ တည္ဆဲတာဝန္ရွိသူမ်ားႏွင့္လာေရာက္ေတြ႕ဆုံျခင္းသည္ တည္ဆဲတာဝန္ရွိသူမ်ားအေပၚ အေလးထားရာေရာက္ၿပီး ဆန႔္ က်င္ဘက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ NUG/PDF အေပၚ သာမန္အရပ္ဖက္အဖြဲ႕အစည္းအျဖစ္ ဆက္ဆံျခင္းမ်ိဳးသာေတြ႕ရသည္။

အလားတူ အေမရိကန္အပါအဝင္ အျခားမည္သည့္ႏိုင္ငံ၊ မည္သည့္အဖြဲ႕အစည္းမ်ား၏ NUG အေပၚဆက္ဆံမႈပုံစံသည္ ျမန္မာႏိုင္ငံ၏ တရားဝင္အစိုးရအျဖစ္ဆက္ဆံျခင္းမ်ိဳးမဟုတ္ဘဲ ျမန္မာႏိုင္ငံအတြင္းမွ အတိုက္အခံအဖြဲ႕အစည္းအျဖစ္သာ ဆက္ဆံျခင္းမ်ိဳးကိုေတြ႕ရသည္။ 

လက္ရွိအခ်ိန္ထိ NUG ကို မည္သည့္ႏိုင္ငံကမွ အစိုးရအျဖစ္အသိအမွတ္ျပဳေပးထားျခင္းမရွိေသးေပ။

တ႐ုတ္ကြန္ျမဴနစ္ပါတီ ႏိုင္ငံတကာဆက္ဆံေရးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္သူ မစၥတာ Peng Xiubin ႏွင့္အဖြဲ႕သည္ ၿပီးခဲ့ေသာ ဧၿပီလ ၁၈ ရက္တြင္ ေနျပည္ေတာ္သို႔ သြားေရာက္ကာ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ၊ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ရွိခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတစ်ဝန်းလုံးတွင် ရထားဘူတာရုံပေါင်း (၁ဝဝဝ)နီးပါးရှိပြီး လူစီးရထား(၇၇)စီးအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved