Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတစ်ဝန်းလုံးတွင် ရထားဘူတာရုံပေါင်း (၁ဝဝဝ)နီးပါးရှိပြီး လူစီးရထား(၇၇)စီးအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့

ယွန်း (NP News) – မေ ၂

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရထားဘူတာရုံပေါင်း (၁ဝဝဝ)နီးပါးရှိပြီး လူစီးရထား(၇၇)စီးအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မေလ(၁)ရက်၌ မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးတွင် ကျင်းပခဲ့သော မြန်မာ့မီးရထား၏နှစ်ပတ်လည်အထိမ်းအမှတ်တွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ (၁၈၇၇) ခုနှစ်၊ မေလ(၁)ရက်တွင် ရန်ကုန်- ပြည် ရထားလမ်းပိုင်း(၁၆၁)မိုင်ခရီးကို စတင်ဖောက်လုပ်ပြေးဆွဲခဲ့ရာမှ ရထားပို့ဆောင်ရေးလုပ်ငန်းပေါ်လာရခြင်းဖြစ် ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆိုသည်။

ရထားလမ်းပိုင်းအနေဖြင့် နိုင်ငံတော်တွင် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် (၁၉၄၂)မိုင်ခန့် နှင့် ဘူတာရုံပေါင်း(၄၇၆)ခု တည်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈ဝဝ)ကျော်နှင့် ဘူတာရုံပေါင်း (၉၆ဝ) ရှိပြီ‌ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်- မန္တလေး၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည်- ပုဂံ၊ မန္တလေး- ပြင်ဦးလွင်၊ နေပြည်တော်- ကျောက်ပန်းတောင်း- ပုဂံ၊ သာစည်- ရွှေညောင်၊ ပုသိမ်- ကြံခင်းနှင့် တောင်ကြီး- ဆိုက်ခေါင် လမ်းပိုင်များတွင် စုစုပေါင်းရထား(၄၂)စင်း ပြေးဆွဲနေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းများတွင် အမြန်ရထား(၁၈)စင်း အပါအဝင် စာပို့ရထား(၁ဝ)စင်း၊ လူစီးကုန်တင်ရထား (၁၄)စင်း စုစုပေါင်း(၄၂)စင်းနှင့် ရန်ကုန်မြို့ပတ်တွင် နေ့စဥ်(၃၅)စင်းဖြင့် စုစုပေါင်း လူစီးရထားပေါင်း(၇၇)စင်းအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ရထားသည် ကားနှင့် နှိုင်းယှဥ်လျှင် တူညီသော ကုန်စည်ပမာဏနှင့် အကွာ‌အဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း (၄)ပုံ (၁)ပုံ မှ (၆)ပုံ (၁)ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လျော့နည်းစေနိုင်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဆို သည်။

ထို့ပြင် ခရီးသည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် မော်တော်ယာဥ်ကျပ်တည်းမှုဖြစ်ပေါ်နေသော မြို့ကြီးများတွင် မဖြစ်မနေ သုံးသင့်သော ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။

zawgyi version

ႏိုင္ငံတစ္ဝန္းလုံးတြင္ ရထားဘူတာ႐ုံေပါင္း (၁ဝဝဝ)နီးပါးရွိၿပီး လူစီးရထား(၇၇)စီးအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့

ယြန္း (NP News) – ေမ ၂

ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ ရထားဘူတာ႐ုံေပါင္း (၁ဝဝဝ)နီးပါးရွိၿပီး လူစီးရထား(၇၇)စီးအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့ေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေမလ(၁)ရက္၌ ျမန္မာ့မီးရထား႐ုံးခ်ဳပ္ ေနျပည္ေတာ္ဘူတာႀကီးတြင္ က်င္းပခဲ့ေသာ ျမန္မာ့မီးရထား၏ႏွစ္ပတ္လည္အထိမ္းအမွတ္တြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ (၁၈၇၇) ခုႏွစ္၊ ေမလ(၁)ရက္တြင္ ရန္ကုန္- ျပည္ ရထားလမ္းပိုင္း(၁၆၁)မိုင္ခရီးကို စတင္ေဖာက္လုပ္ေျပးဆြဲခဲ့ရာမွ ရထားပို႔ေဆာင္ေရးလုပ္ငန္းေပၚလာရျခင္းျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆိုသည္။

ရထားလမ္းပိုင္းအေနျဖင့္ ႏိုင္ငံေတာ္တြင္ ၁၈၇၇ ခုႏွစ္မွ လြတ္လပ္ေရးမရမီ ၁၉၄၈ ခုႏွစ္အထိ ရထားလမ္းခရီးမိုင္ (၁၉၄၂)မိုင္ခန႔္ ႏွင့္ ဘူတာ႐ုံေပါင္း(၄၇၆)ခု တည္ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္တိုးခ်ဲ႕တည္ေဆာက္ခဲ့ရာ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း ရထားလမ္းခရီးမိုင္ စုစုေပါင္း (၃၈ဝဝ)ေက်ာ္ႏွင့္ ဘူတာ႐ုံေပါင္း (၉၆ဝ) ရွိၿပီ‌ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ရန္ကုန္- မႏၲေလး၊ ရန္ကုန္- ေမာ္လၿမိဳင္၊ ရန္ကုန္- ျပည္- ပုဂံ၊ မႏၲေလး- ျပင္ဦးလြင္၊ ေနျပည္ေတာ္- ေက်ာက္ပန္းေတာင္း- ပုဂံ၊ သာစည္- ေ႐ႊေညာင္၊ ပုသိမ္- ႀကံခင္းႏွင့္ ေတာင္ႀကီး- ဆိုက္ေခါင္ လမ္းပိုင္မ်ားတြင္ စုစုေပါင္းရထား(၄၂)စင္း ေျပးဆြဲေနေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းမ်ားတြင္ အျမန္ရထား(၁၈)စင္း အပါအဝင္ စာပို႔ရထား(၁ဝ)စင္း၊ လူစီးကုန္တင္ရထား (၁၄)စင္း စုစုေပါင္း(၄၂)စင္းႏွင့္ ရန္ကုန္ၿမိဳ႕ပတ္တြင္ ေန႔စဥ္(၃၅)စင္းျဖင့္ စုစုေပါင္း လူစီးရထားေပါင္း(၇၇)စင္းအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ခဲ့ေၾကာင္း သိရသည္။

ရထားသည္ ကားႏွင့္ ႏႈိင္းယွဥ္လွ်င္ တူညီေသာ ကုန္စည္ပမာဏႏွင့္ အကြာ‌အေဝးအတြက္ ေလာင္စာဆီသုံးစြဲႏႈန္း (၄)ပုံ (၁)ပုံ မွ (၆)ပုံ (၁)ပုံသာရွိသျဖင့္ ေလထုညစ္ညမ္းမႈႏွင့္ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွ ဆို သည္။

ထို႔ျပင္ ခရီးသည္အေျမာက္အျမား သယ္ယူပို႔ေဆာင္ႏိုင္သျဖင့္ ေမာ္ေတာ္ယာဥ္က်ပ္တည္းမႈျဖစ္ေပၚေနေသာ ၿမိဳ႕ႀကီးမ်ားတြင္ မျဖစ္မေန သုံးသင့္ေသာ ပို႔ေဆာင္ေရးစနစ္ျဖစ္ေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငွေကျပ် (၇)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်လာသည့်ကားကို ဖမ်းဆီးထိန်းသိမ်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved