Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မသမာသူများမှ ရွှေဈေးဆွဲတင်ကာ ကောလာဟလဖြန့်ချီမှု များပြားလာပါက ရွှေတုံးအရောင်းအဝယ်ကို ခေတ္တပိတ်ရန် လုပ်ငန်းရှင်များဆွေးနွေး

မျိုးကြီး (NP News) - ဧပြီ ၂၈

မသမာသူများမှ ရွှေဈေးဆွဲတင်ကာ ကောလာဟလဖြန့်ချီမှု များပြားလာပါက ရွှေတုံးအ ရောင်းအဝယ်ကို ခေတ္တပိတ်ထားရန် ရွှေလုပ်ငန်းရှင်များက ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ယနေ့ (ဧပြီလ ၂၈ ရက်) နံနက်ပိုင်းတွင် ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း၌ လုပ်ငန်းရှင်များအကြား အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

“ရွှေဈေးနှုန်းတည်ငြိမ်ရေးကတော့ ကိုယ့်သိက္ခာ ကိုယ်ထိန်းဖို့၊ ကိုယ့်ဆိုင်သိက္ခာ ကိုယ်ထိန်းဖို့။ အရောင်းအဝယ် မမှားအောင်လုပ်ဖို့ပေါ့။ နောက်တစ်ခါ နယ်စပ်ဖြတ်ကျော် သမားတွေက ရောင်းမှား၊ ဝယ်မှား မလုပ်ဖို့။ မသမာသူတွေ၊ ဈေးကစားတဲ့သူတွေကလည်း ဈေးနှုန်းဆွဲတင် ရင်လည်း ပုံမှန်အတိုင်းရောင်းကြ၊ ဝယ်ကြဖို့ပေါ့။ တကယ်လို့ တအား ကောလာဟလတွေ လွှင့်မယ်။ ဈေးနှုန်းကို ဆွဲတင်မယ်ဆိုရင်လည်း ရွှေတုံးအရောင်းအဝယ်ကို ခေတ္တပိတ်ထားမယ်ဆိုတဲ့ဟာတွေကို ပြောကြဆိုကြပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကိုပြောသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်)တွင် ပြင်ပရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းသည် ငွေကျပ်သိန်း(၃ဝ)နှင့်အထက်တွင် ရောက်ရှိဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း တစ်အောင်စလျှင် ဒေါ်လာ(၂ဝဝဝ)ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဥပမာ ဟိုတလောတုန်းက ဒို့မြန်မာပြည်ကို black list ကြေညာတယ်ပေါ့ ။ အဲဒီတော့ ညက ကြေညာတယ်။ ညတွင်းချင်းပဲ Facebook ပေါ်မှာ ဈေးကစားတဲ့ကောင်တွေက ရွှေဈေးကို ၃၅ သိန်း၊ ဒေါ်လာဈေးကို ၆ဝဝဝ ပေါ့။ အဲဒီလို လုပ်တယ်။ အဲဒီမှာ ၃၊ ၄ ရက်လောက် ဆိုင်သမားတွေ၊ ကုန်သည်တွေစုပြီးတော့ အရောင်းအဝယ်မလုပ်တဲ့အခါကြတော့ မူလဈေးအတိုင်းပြန်ပြီးတော့ အရောင်းအဝယ်လုပ်လို့ရတာပေါ့။ အဲဒီလို တအားဆွဲပြီးတော့ ဈေးကစားတဲ့သူပေါ့၊ ကောလာဟလထုတ်ပြီးတော့ ဈေးကစားတဲ့သူက တအားဆွဲတင်လို့ရှိရင် အရင်တစ်ခေါက်ကလိုပဲ စည်းစည်းလုံးလုံးညီညွတ်နဲ့ လုပ်ဖို့ကိုင်ဖို့ ပြောကြဆိုကြတာပေါ့။ ရွှေဈေးနှုန်းက တက်သွားရင် ကျန်တဲ့ကုန်ဈေးနှုန်းတွေ လိုက်တက်တာပဲ အဲဒါကြောင့် မိုလို့ ထိန်းတဲ့သဘောပါပဲ” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

လက်ရှိတွင် ရွှေဈေးနှုန်းသည် ငွေကျပ်(၂၉)ဝန်းကျင်ရှိနေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် နည်းပါးကြောင်း စုံစမ်းသိရှိရသည်။

ယနေ့(ဧပြီလ ၂၈ ရက်)တွင် အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းသည် ငွေကျပ်သိန်း(၃ဝ) အောက် ပြန်လည်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဒီဈေးနှုန်းတွေနဲ့ အရောင်းအဝယ်မဖြစ်ကြတော့ဘူး။ ၂၅ သိန်း၊ ၂၆ သိန်းလောက်တုန်းကတော့ အရောင်းအဝယ်ကောင်းကောင်းဖြစ်ပါတယ်။ အခုဒီဈေးတွေနဲ့ကြတော့ အကုန်လုံး ငြိမ်ကျသွားရော။ အရောင်းအဝယ်ကို မဖြစ်တော့ဘူး။ လာပြန်ရောင်းတဲ့သူများတယ်။ လာရောင်းတဲ့သူကလည်း ငွေဖော်တာပေါ့။ မြန်မာတစ်ပြည်လုံးက ရန်ကုန်ပဲ ငွေဖော်စရာရှိတော့ ပစ္စည်းက လာစုပုံနေတာပေါ့။ အရောင်းအဝယ်က မဖြစ်ဘူး” ဟု ၎င်းက ဆက်လက်ပြော သည်။

ပြည်တွင်း၌ မသမာသူများမှ ရွှေဈေးနှုန်းအား ကောလာဟလလွှင့်ကာ လူမှုကွန်ယက်စာမျက်နှာများ၌ ဖြန့်ချီလျက်ရှိသည့်အတွက် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်ပေါ်နေရခြင်းဖြစ်ကာ ထိုသို့ပြုလုပ်နေသူများကိုလည်း အရေးယူရန် သက်ဆိုင်ရာအဖွဲ့အစည်းများက လုပ်ဆောင်နေကြောင်း သိရသည်။

zawgyi version

မသမာသူမ်ားမွ ေ႐ႊေဈးဆြဲတင္ကာ ေကာလာဟလျဖန႔္ခ်ီမႈ မ်ားျပားလာပါက ေ႐ႊတုံးအ ေရာင္းအဝယ္ကို ေခတၱပိတ္ရန္ လုပ္ငန္းရွင္မ်ားေဆြးေႏြး

မ်ိဳးႀကီး (NP News) - ဧၿပီ ၂၈

မသမာသူမ်ားမွ ေ႐ႊေဈးဆြဲတင္ကာ ေကာလာဟလျဖန႔္ခ်ီမႈ မ်ားျပားလာပါက ေ႐ႊတုံးအ ေရာင္းအဝယ္ကို ေခတၱပိတ္ထားရန္ ေ႐ႊလုပ္ငန္းရွင္မ်ားက ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း သတင္းရရွိသည္။

ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးႏွင့္ပတ္သက္၍ ယေန႔ (ဧၿပီလ ၂၈ ရက္) နံနက္ပိုင္းတြင္ ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၌ လုပ္ငန္းရွင္မ်ားအၾကား အစည္းအေဝးတစ္ရပ္ က်င္းပခဲ့သည္။

“ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးကေတာ့ ကိုယ့္သိကၡာ ကိုယ္ထိန္းဖို႔၊ ကိုယ့္ဆိုင္သိကၡာ ကိုယ္ထိန္းဖို႔။ အေရာင္းအဝယ္ မမွားေအာင္လုပ္ဖို႔ေပါ့။ ေနာက္တစ္ခါ နယ္စပ္ျဖတ္ေက်ာ္ သမားေတြက ေရာင္းမွား၊ ဝယ္မွား မလုပ္ဖို႔။ မသမာသူေတြ၊ ေဈးကစားတဲ့သူေတြကလည္း ေဈးႏႈန္းဆြဲတင္ ရင္လည္း ပုံမွန္အတိုင္းေရာင္းၾက၊ ဝယ္ၾကဖို႔ေပါ့။ တကယ္လို႔ တအား ေကာလာဟလေတြ လႊင့္မယ္။ ေဈးႏႈန္းကို ဆြဲတင္မယ္ဆိုရင္လည္း ေ႐ႊတုံးအေရာင္းအဝယ္ကို ေခတၱပိတ္ထားမယ္ဆိုတဲ့ဟာေတြကို ေျပာၾကဆိုၾကပါတယ္” ဟု ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကိုေျပာသည္။

ယမန္ေန႔ (ဧၿပီလ ၂၇ ရက္)တြင္ ျပင္ပေ႐ႊေဈးကြက္၌ အေခါက္ေ႐ႊတစ္က်ပ္သားေဈးႏႈန္းသည္ ေငြက်ပ္သိန္း(၃ဝ)ႏွင့္အထက္တြင္ ေရာက္ရွိျဖစ္ေပၚခဲ့ၿပီး ကမာၻ႔ေ႐ႊေဈးႏႈန္းသည္လည္း တစ္ေအာင္စလွ်င္ ေဒၚလာ(၂ဝဝဝ)ဝန္းက်င္သို႔ ေရာက္ရွိခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

“ဥပမာ ဟိုတေလာတုန္းက ဒို႔ျမန္မာျပည္ကို black list ေၾကညာတယ္ေပါ့ ။ အဲဒီေတာ့ ညက ေၾကညာတယ္။ ညတြင္းခ်င္းပဲ Facebook ေပၚမွာ ေဈးကစားတဲ့ေကာင္ေတြက ေ႐ႊေဈးကို ၃၅ သိန္း၊ ေဒၚလာေဈးကို ၆ဝဝဝ ေပါ့။ အဲဒီလို လုပ္တယ္။ အဲဒီမွာ ၃၊ ၄ ရက္ေလာက္ ဆိုင္သမားေတြ၊ ကုန္သည္ေတြစုၿပီးေတာ့ အေရာင္းအဝယ္မလုပ္တဲ့အခါၾကေတာ့ မူလေဈးအတိုင္းျပန္ၿပီးေတာ့ အေရာင္းအဝယ္လုပ္လို႔ရတာေပါ့။ အဲဒီလို တအားဆြဲၿပီးေတာ့ ေဈးကစားတဲ့သူေပါ့၊ ေကာလာဟလထုတ္ၿပီးေတာ့ ေဈးကစားတဲ့သူက တအားဆြဲတင္လို႔ရွိရင္ အရင္တစ္ေခါက္ကလိုပဲ စည္းစည္းလုံးလုံးညီၫြတ္နဲ႔ လုပ္ဖို႔ကိုင္ဖို႔ ေျပာၾကဆိုၾကတာေပါ့။ ေ႐ႊေဈးႏႈန္းက တက္သြားရင္ က်န္တဲ့ကုန္ေဈးႏႈန္းေတြ လိုက္တက္တာပဲ အဲဒါေၾကာင့္ မိုလို႔ ထိန္းတဲ့သေဘာပါပဲ” ဟု ဦးမ်ိဳးျမင့္က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ေ႐ႊေဈးႏႈန္းသည္ ေငြက်ပ္(၂၉)ဝန္းက်င္ရွိေနေသာ္လည္း ေဈးကြက္အတြင္း အေရာင္းအဝယ္ နည္းပါးေၾကာင္း စုံစမ္းသိရွိရသည္။

ယေန႔(ဧၿပီလ ၂၈ ရက္)တြင္ အေခါက္ေ႐ႊတစ္က်ပ္သားေဈးႏႈန္းသည္ ေငြက်ပ္သိန္း(၃ဝ) ေအာက္ ျပန္လည္က်ဆင္းခဲ့ၿပီး ကမာၻ႔ေ႐ႊေဈးသည္လည္း အနည္းငယ္က်ဆင္းသြားခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

“ဒီေဈးႏႈန္းေတြနဲ႔ အေရာင္းအဝယ္မျဖစ္ၾကေတာ့ဘူး။ ၂၅ သိန္း၊ ၂၆ သိန္းေလာက္တုန္းကေတာ့ အေရာင္းအဝယ္ေကာင္းေကာင္းျဖစ္ပါတယ္။ အခုဒီေဈးေတြနဲ႔ၾကေတာ့ အကုန္လုံး ၿငိမ္က်သြားေရာ။ အေရာင္းအဝယ္ကို မျဖစ္ေတာ့ဘူး။ လာျပန္ေရာင္းတဲ့သူမ်ားတယ္။ လာေရာင္းတဲ့သူကလည္း ေငြေဖာ္တာေပါ့။ ျမန္မာတစ္ျပည္လုံးက ရန္ကုန္ပဲ ေငြေဖာ္စရာရွိေတာ့ ပစၥည္းက လာစုပုံေနတာေပါ့။ အေရာင္းအဝယ္က မျဖစ္ဘူး” ဟု ၎က ဆက္လက္ေျပာ သည္။

ျပည္တြင္း၌ မသမာသူမ်ားမွ ေ႐ႊေဈးႏႈန္းအား ေကာလာဟလလႊင့္ကာ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ျဖန႔္ခ်ီလ်က္ရွိသည့္အတြက္ ေ႐ႊေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေပၚေနရျခင္းျဖစ္ကာ ထိုသို႔ျပဳလုပ္ေနသူမ်ားကိုလည္း အေရးယူရန္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်မည်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved