Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်းအနည်းဆုံး (၁၂)ဦးကို သတ်ခဲ့တဲ့ အမျိုးသမီးအား ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

ဂျန်ဇက် (NP News) - ဧပြီ ၂၈

ထိုင်းရဲတပ်ဖွဲ့ဟာ မိတ်ဆွေ၊ သူငယ်ချင်းပေါင်း (၁၂)ဦးကို ဆိုင်ယာနိုက် အဆိပ်အသုံးပြုပြီး သတ်ခဲ့တယ်လို့ သံသယရှိတဲ့ အမျိုးသမီးတစ်ဦးကို ဧပြီလ ၂၅ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ 

ရဲတပ်ဖွဲ့ဟာ ထိုင်းအမျိုးသမီး Sararat Rangsiwuthaporn ဆိုသူကို ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းရဲ့သူငယ်ချင်းဖြစ်သူသေဆုံးမှုကို စုံစမ်းစစ်ဆေးမှုနဲ့ဆက်နွယ်ပြီး Sararat Rangsiwuthaporn ဆိုသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာပါဝင်တဲ့ Siriporn Khanwong အမည်ရှိ အမျိုးသမီးရဲ့မိသားစုဝင်များက ၎င်းတို့မိခင်ဖြစ်သူ သေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသမီး Sararat Rangsiwuthaporn ဆိုသူကိုသံသယဖြစ်ခဲ့ကြောင်း ထိုင်းရဲ တပ်ဖွဲ့ကပြောပါတယ်။

ထိုင်းအမျိုးသမီး Sararat Rangsiwuthaporn  ဆိုသူဟာ ဧပြီလအစောပိုင်းက Siriporn Khanwong  အမည်ရှိသူနဲ့ ဘန်ကောက်မြို့အနောက်ပိုင်းရှိ ရက်ချာဘူရီဒေသကို ခရီးထွက်ခဲ့ကြောင်း၊ အဆိုပါခရီးထွက်ချိန်အတွင်း  Siriporn Khanwong အမည်ရှိထိုင်းအမျိုးသမီး လဲကျသေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့က လဲကျသေဆုံးခဲ့သူရဲ့အင်္ကျီမှာ တွေ့ရှိရတဲ့ ဆိုင်ယာနိုက်အဆိပ်မျိုးကို Sararat Rangsiwuthaporn အမည်ရှိ အမျိုးသမီးရဲ့နေအိမ်မှာ စစ်ဆေးရှာတွေ့ခဲ့ကြောင်းပြောပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့က Sararat Rangsiwuthaporn အမည်ရှိ အမျိုးသမီးဟာ ချစ်သူဟောင်းအပါအဝင်အနည်း ဆုံးလူပေါင်း (၁၁)ဦးကို ဆိုင်ယာနိုက်အဆိပ်သုံးပြီး သေဆုံးအောင်လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဒါပေမယ့် Sararat Rangsiwuthaporn ကတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စွပ်စွဲချက်များကို ငြင်းဆန်ထားကြောင်းသိရပါတယ်။ အဆိုပါ လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရတဲ့အမျိုးသမီးဟာ ငွေကြေးအရှုပ်ထွေးများ၊ အကြွေးကိစ္စများကြောင့် မိတ်ဆွေ၊ သူငယ်ချင်းများကို သတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်းထိုင်းရဲတပ်ဖွဲ့ က သုံးသပ်ထားပါတယ်။  

Siriporn Khanwong  အမည်ရှိ အမျိုးသမီးဟာ မြစ်ကမ်းနားမှာလဲကျသေဆုံးခဲ့ပေမယ့် သူမအသုံးပြုတဲ့ ဖုန်း၊ ပိုက်ဆံများ၊ အိတ်များပျောက်ဆုံးနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံရတဲ့အမျိုးသမီးဟာ ဆိုင်ယာနိုက်အသုံးပြုပြီး အဆိပ်ခတ်လူသတ်မှုများကို ၂ဝ၂ဝ ခုနှစ်က စတင်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ယာနိုက်အဆိပ်ကြောင့် သေဆုံးခဲ့သူများထဲမှာ Sararat Rangsiwuthaporn အမည်ရှိ ထိုင်းအမျိုးသမီးရဲ့ရည်စားဟောင်းဖြစ်သူ ထိုင်းရဲအရာရှိတစ်ဦးလည်းပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ဝင်အမျိုးသမီး နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့သူ(၁၁)ဦးစလုံးဟာ Sararat Rangsiwuthaporn  အမည်ရှိထိုင်းအမျိုးသမီးနဲ့ ရင်းနှီးသိကျွမ်းသူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါထိုင်းအမျိုးသမီးဟာ သေဆုံးခဲ့သူများထံမှငွေကြေးချေးယူဖူးပြီး ပြန်ပေးဆပ်နိုင်ခြင်းမရှိကြောင်း၊ သေဆုံးခဲ့သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေး၊ လက်ဝတ် လက်စားများလည်း ပျောက်ဆုံးနေတာမျိုးတွေရှိခဲ့ကြောင်း သေဆုံးသူရဲ့မိသားစုဝင်များကပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၂၈







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေပြည်တော်၌ ကဆုန်လပြည့်‌နေ့ကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဟုဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved