Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နွားထိုးကြီး-မြင်းခြံကားလမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး သေဆုံး

Pearl (NP News) - ဧပြီ ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီး-မြင်းခြံကားလမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး သေဆုံးပြီး သံဃားတစ်ပါးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်၊ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် နွားထိုးကြီး-မြင်းခြံကားလမ်း၊ သာယာကုန်းကျေးရွာနှင့် လျှော်ဖြူကျေးရွာကြား မိုင်တိုင်အမှတ် ၁၃ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

နွားထိုးကြီးမြို့နယ်၊ စိန်ပန်းကျင်းကျေးရွာတွင်နေထိုင်သူ ကိုအေးစိုး မောင်းနှင်၍ စိန်ပန်းကျင်းကျေးရွာဘုန်းကြီး ကျောင်းတိုက်မှ ဆရာတော်ဥူးဇဝန လိုက်ပါလာသည့် Mark II ယာဉ် နှင့် နွားထိုးကြီးမြို့နယ်လျှပ်စစ်ရုံးမှ ဦးကျော်အောင်မောင်းနှင်၍ ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းဇော်အပါအဝင် ဝန်ထမ်း  နှစ်ဦး၊ နေ့စားလုပ်သား (၂)ဦးတို့လိုက်ပါလာသည့် Light Truck ယာဉ်တို့သည် နွားထိုးကြီး-မြင်းခြံကားလမ်းအတိုင်း ‌အသီးသီးမောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်လာစဉ် အကြမ်းဖက်အဖွဲ့အင်အား (၁၅)ဦးခန့်က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။ 

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဖြစ်သူ ဦးရဲဝင်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကိုအေးစိုးနှင့် ဆရာတော်ဥူးဇဝနတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ဒဏ်ရာရရှိသူများအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version


Pearl (NP News) - ဧပြီ ၂၃








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုဒုံမြို့တွင် ကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိရာမှ (၈)ဦးထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved