Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယ မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွား လူမျိုးစုသူ ပုန်တို့က ဒရုန်းနှင့် ခေတ်မီမောင်းပြန်သေနတ်များအသုံးပြု

Htay Oung (NSS) - စက်တင်ဘာ ၁၂

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ “ဘာရတ်တီယာဂျာနာတာပါတီ” BJP က အုပ်ချုပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖျား မဏိပူရပြည်နယ်မှာ စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာ တယ်လို့ နယူးဒေလီအခြေစိုက်  “တိုင်းမ်အော့ဖ်အင်ဒီးယား”က စက်တင်ဘာလ ၁၂ ရက်က ရေးသားပါတယ်။

မဏိပူရပြည်နယ်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ပြည်နယ် ၇-ခုအနက် တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ လုံခြုံရေးပျက်ပြားနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံ ကရင်ပြည်နယ်ရဲ့ ၇၀ % ခန့် ကျယ်ဝန်းပြီး နေထိုင်သူ ၃-သန်းနီးပါး ရှိပါတယ်။ လူဦးရေ ထက်ဝက် ကျော်မှာ မြေပြန့်လွင်ပြင်ဒေသနေ မေထေး (ကသည်း) တို့ဖြစ်ပြီး တောင်တန်းဒေသနေ ကူကီးဇိုမျိုးနွယ်စု ၁၆ %၊ နာဂမျိုးနွယ်စု ၂၀%နဲ့ အခြားလူမျိုးစုငယ်များလည်း နေထိုင်ပါတယ်။ ဘာသာရေးကိုးကွယ်မှုအရ ၁၉၆၁-ခုနှစ်မှ နှစ်ပေါင်း ၅၀ အတွင်း ဟိန္ဒူဘာသာဝင်ဦးရေ ၆၂% မှ ၄၁% ဖြစ်သွားပြီး၊ ခရစ်ယာန်ဘာသာဝင် ၁၉% မှ ၄၁% အထိ တိုးမြင့်လာခြင်း ဟာ မှတ်သားစရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၊ အိန္ဒိယ မီဇိုရမ် ပြည်နယ်ရှိ မီဇိုလူမျိုးတွေဟာ ကူကီးအနွယ်ဝင်များဖြစ်ကြပြီး အိန္ဒိယဘက်မှာတော့ ကူကီးဇိုတို့ကို “သာဒူး ကူ ကီး” လို့ ခေါ်ဆိုကြပါတယ်။    

အိန္ဒိယနိုင်ငံအတွင်း အရှည်ကြာဆုံးသော ခွဲထွက်ရေးသောင်းကျန်းမှုနဲ့ အကြမ်းဖက်မှုများ မှတ်တမ်းရှိခဲ့ပြီး အဖွဲ့အသီးသီးတို့မှာ မတူကွဲပြားတဲ့ ပန်းတိုင်အသီးသီး ရှိနေပါတယ်။ ၁၉၇၇-ခုနှစ်နောက်ပိုင်း မဏိပူရပြည်နယ် အတွင်း ခွဲထွက်ရေး (PREPAK) လက်နက်ကိုင်ဆန့်ကျင်မှုများမှာ ကွန်မြူနစ်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တို့ နဲ့အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က လက်နက်နဲ့လေ့ကျင့်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်သူများက သံသယ ရှိပါတယ်။ ဘဏ်လုယက်ခြင်း၊ ရဲတပ်ဖွဲ့နဲ့ အစိုးရအဆောက်အ အုံများကို တိုက်ခိုက်ခြင်းအပါအဝင် ကျူးလွန်မှုများကြောင့် ၂၀၁၆-ခုနှစ်မှာ အိန္ဒိယအစိုးရက အဲ့ဒီ PREPAK ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တားမြစ်ထားပါတယ်။ 

လုံခြုံရေးမတည်ငြိမ်မှုများကြောင့် အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး နှစ် ၅၀ ခန့်ကြာတဲ့အထိ စစ်အုပ် ချုပ်ရေးပြဌာန်းခဲ့ရစဉ်အတွင်း နိုင့်ထက်စီးနင်းသတ်ဖြတ်မှု၊ လူမဆန်စွာနှိမ်ချဆက်ဆံမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဥပဒေမဲ့ လက်စဖျောက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အဲဒီလို သမိုင်းရှိခဲ့တဲ့ပြည်နယ်မှာ လူမျိုးစုအချင်းချင်းတို့အကြား အကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ အိန္ဒိယပြည်နယ်အစိုးရရဲ့ မျိုးနွယ်စုအဆင့်အတန်းအရ အထူးအခွင့်အရေးခံစားခွင့် သတ်မှတ်ချက်ပြဌာန်း ခြင်း ဟာ  ၂၀၂၃-ခုနှစ် မေလ ပြည်နယ်အတွင်း မေထေး(ကသည်း) တို့နဲ့ ကူးကီးဇိုလူမျိုးစုတို့အကြား လူမျိုး ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုန်းများနဲ့ အပြန်အလှန်အကြမ်းဖက်ခြင်းများဟာ လူမျိုးရေး ကြောင့်လို့ ဆိုရပေမယ့် မေထေးကြီးစိုးလွှမ်းမိုးရေးစနစ်၊ ခရစ်ယာန်ဆန့်ကျင်ရေး၊ တရားမဝင် ပြောင်းရွှေ့နေ ထိုင်သူများအပေါ် မုန်းတီးမှုနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်ကူးမှုများကြောင့်လည်း ပါဝင်နေပါ တယ်။ 

၁-နှစ် ၄-လကျော်ကြာမြင့်တဲ့ အကြမ်းဖက်မှုများအတွင်း တရားဝင် စာရင်းများအရ လူပေါင်း ၂၂၁-ဦး သေဆုံး ပြီး ဘုရားကျောင်းများ၊ ဘာသာရေးဝတ်ပြုရာနေရာများ အပါအဝင် နေအိမ်အဆောက်အအုံ ၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ လူသတ်မှု၊ ရုန့်ရင်းဆန်ခတ်မှု၊ လုယက်မှုနဲ့ မုဒိန်းမှုများဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူ ၁၀၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၃၂-ဦး ရှိခဲ့ရာ အဲ့ဒီကိန်းဂဏန်းများဟာ အဖြစ်မှန်ထက် အများကြီး ပိုမိုနည်းပါးဖွယ်ရှိပါတယ်။

ပြည်နယ်အစိုးရရဲ့ တင်းကြပ်တဲ့ အရေးယူဆောင်ရွက်မှုများကြောင့် ပဋိပက္ခများဟာ ခေတ္တမျှ ုငြိမ်သက်သွားခဲ့ ပြီး ယခုရက်ပိုင်း အင်ဖာချိုင့်ဝှမ်းဒေသမှာ လူမျိုးစုသူပုန်များလက်ချက်နဲ့ လူ ၁၁-ဦး သေဆုံးတဲ့အထိ လူမျိုးရေး အပြန်အလှန် အားပြိုင်မှုများ ပြန်လည်ဖြစ်ပွားလာပါတယ်။

ယခုတစ်ဖန် မငြိမ်သက်မှုများ ပြန်လည်ဖြစ်ပွားလာရခြင်းမှာ လွန်ခဲ့တဲ့ သြဂုတ်လ ၆-ရက် လူမှုကွန်ရက်မှာ ပျံ့နှံ့ လာတဲ့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ရဲ့ အသံဖိုင်နဲ့ ပတ်သက်နေပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် အင် ဘီရမ် ဆင်းရဲ့ အသံလို့ စွပ်စွဲကြတဲ့ အမျိုးသားတစ်ဦးရဲ့ပြောဆိုချက်မှာ လူ့အသိုင်းအဝန်းတစ်ခုအကြောင်း ရိုင်းစိုင်းစွာ ပုတ်ခတ်ပြောဆိုမှုများ ပါဝင်နေပါတယ်။

အဲဒီ အသံဖိုင်ထွက်ပေါ်လာပြီးနောက် ဩဂုတ်လ ၈ ရက်နဲ့ သြဂုတ် ၂၀ ရက်တို့မှာ ၁၂ ရက်ခြားပြီး အိန္ဒိယ ဗဟိုအစိုးရက နှစ်ကြိမ်တိုင်တိုင် တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တရားဥပဒေစိုးမိုးရေး သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ်ရဲ့ အသံ ဖိုင်ဆိုရာမှာ လူမျိုးရေးအကြမ်းဖက်မှုကို လှုံ့ဆော်ရန်နဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို  နှောင့်ယှက် ရန် တမင်တည်းဖြတ်ဖန်တီးထားခြင်းဖြစ်ကြောင်း ဗဟိုအစိုးရက ရှင်းလင်းထားပါတယ်။ ဒါပေမယ့် နယူးဒေလီရဲ့ သတင်းထုတ်ပြန်ချက်ဟာ နောက်ကျနေပြီး အဲ့ဒီအချိန်ကတည်းက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားနေပြီဖြစ်ပါတယ်။

ပြည်နယ်အစိုးရဟာ ကူကီးဇိုမျိုးနွယ်စုရဲ့ မျိုးရိုးစဉ်ဆက်ဖြစ်တဲ့ သာဒူးလူမျိုးစုနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီ ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ “သာဒူးကွန်မြူနစ်တီးအင်တာနေရှင်နယ်” က တင်ပြ ထားတဲ့ အိတ်ဖွင့်ပေးစာကို တုန့်ပြန်ခြင်းအဖြစ် ဩဂုတ်လ ၁၂ ရက်နေ့ ပြည်နယ်ပါလီမန်မှာ ဝန်ကြီးချုပ် ဘီရမ် ဆင်းက တင်ပြပါတယ်။ 

ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ် မရှိကြောင်း၊ ပြည်တွင်းရှိ သူတို့ ကောင်စီ မပါဝင်တဲ့ မည်သည့် ဆွေးနွေးပွဲ မဆို တရားမဝင်ကြောင်း သာဒူးမျိုးနွယ်စုကောင်စီဌာနချုပ်က (၂)ရက်အကြာမှာ သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၇ ရက်နေ့မှာ မဏိပူရပြည်နယ် ချူရာချမ်ပူခရိုင် သာဒူးလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆို ခွင့်ရှိ သူရဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ချုပ်က တော့ အဲ့ဒီလုပ်ရပ်ဟာ အိန္ဒိယနိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်မှုအဖြစ် ရှုတ်ချခဲ့ ပါတယ်။

နောက်ရက်သတ္တပတ်အကြာမှာ ဖော်ပြပါ မဏိပူရပြည်နယ် သာဒူးလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆိုခွင့် ရှိသူရဲ့ ဘိုးအေကြီးဖြစ်သူ နေအိမ်မှာလည်း လက်သရမ်းဖျက်ဆီးပြီး မီးတင်ရှို့မှုဖြစ်ပွားခဲ့ပါတယ်။ သာဒူးမျိုး နွယ်စုကောင်စီဌာနချုပ်ရဲ့ အကူအညီနဲ့ ငါးလမှ ခြောက်လအတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် ဆောင် ရွက်မည်ဖြစ်ကြောင်း  သြဂုတ်လ ၃၀-ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ကူကီးဇိုနဲ့ မေ ထေးတို့ကိုယ်စားလှယ်များ ဆွေးနွေးရာမှာ အဆင်ပြေချောမွေ့စေရန် နာဂလူမျိုးများဆိုင်ရာ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူကို ကြားခံအထူးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပါတယ်။  

သြဂုတ်လ ၃၁ ရက်နေ့အထိ ပြည်နယ်အတွင်း ကူကီးဇိုလူမျိုးစုအဖွဲ့ဝင်များက လူထုစုဝေးပွဲသုံးကြိမ်ကျင်းပပြီး ကုူကီးဇိုတို့အတွက် သီးခြားအုပ်ချုပ်ခွင့်ကို တောင်းဆိုကြပါတယ်။ လူမှုကွန်ရက်မှာ ပျံံ့နှံ့နေတဲ့ ပြည်နယ်ဝန်ကြီး ချုပ်ရဲ့ အသံဖိုင်ပါ မှတ်ချက်များကိုလည်း ကန့်ကွက် ရှုတ်ချကြပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ အင်ဖာအနောက် ခရိုင်ရှိ ကျေးရွာတစ်ရွာမှာ တိုက်ခိုက်ခံရတဲ့အတွက် ရွာသား ၂-ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ကူးကီးဇို လူမျိုးစုသူပုန်များလို့ ယူဆရသူတွေဟာ ဒရုန်းများ ကို အသုံးပြုပြီး ဒရော့ဗုံးများကို ပစ်ချခဲ့ကြခြင်းဖြစ်ကြောင်း၊ မေထေးအများစု နေထိုင်ရာကျေးရွာကို ခေတ်မီ မောင်းပြန်သေနတ်များနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒုတိယမြောက်အဖြစ် နောက်တစ်နေ့မှာ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အိန္ဒိယ အရန်တပ်ရင်း ဘန်ကာ ၃-ခု ပျက်စီးခဲ့ရပါတယ်။ စက်တင်ဘာ ၆ ရက်နေမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ်ဟောင်းရဲ့ ဇာတိရွာနေအိမ်ကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရခြင်းဟာ ဒေသအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ဟိန္ဒူ ဘုန်းကြီးတစ်ပါး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက် မဏိပူရပြည်နယ်မြောက်ပိုင်း ဂျီရီဘမ်ကျေးရွာမှာ လက်နက်ကိုင် အုပ်စုနှစ်စုအကြား ပစ် ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးခဲ့ရတဲ့အတွက် အိန္ဒိယတပ်မတော်က ရဟတ်ယာဉ်များဖြင့် ကင်းလှည့်စောင့်ကြည့်နေခဲ့ရပါတယ်။ ပြည်နယ်အတွင်း တည်ြငိမ်အေးချမ်းရေးပြန်လည်တည်ဆောက်ဖို့ အ တွက် အင်အား ၆၀,၀၀၀ ပါ ဗဟိုတပ်ဖွဲ့ဝင်များ စေလွှတ်ပေးဖို့ မဏိပူရအစိုးရက နယူးဒေလီပြည်ထဲဝန်ကြီးထံ တောင်းခံထားပါတယ်။ တရားဥပဒေစိုးမိုးရေး ငြိမ်ဝပ်ပိပြားရေးအတွက် ဗဟိုအစိုးရက တိုက်ရိုက် ကိုင်တွယ်ရန် ပြည်နယ်မြို့တော်အင်ဖာမှာ ကျောင်းသားများက လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။   

(Dhaka Tribune., 11 September 2024,” How Manipur spiralled back into violence” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၀)ဦးထိရှိပြီး (၅၀၀၀၀)ကျော် ရေဘေးသင့်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved