Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် ပြော

Pika (NSS) - စက်တင်ဘာ ၁ဝ

မလေးရှားနိုင်ငံသည် တောင်တရုတ်ပင် လယ်အတွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စက် တင်ဘာလ(၅)ရက်နေ့တွင်  ပြောကြားခဲ့သည်။


ထို့ပြင် အဆိုပါကိစ္စကို တရုတ်နိုင်ငံနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အန်ဝါ အီဘရာဟင်က ပြောဆိုခဲ့သည်။  လက်ရှိအချိန်တွင် မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas သည် ၎င်း၏ သီးသန့်စီးပွားရေးဇုန်အတွင်း ပင်လယ်ပြင်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းများကို လည်ပတ်လျက်ရှိကြောင်းသိရသည်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသကဲ့သို့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေး ရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင် လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ゞင်းတို့ပိုင်ဆိုင် ကြောင်း အခိုင်အမာပြောဆိုထားကြသည်။ အန်ဝါအီ ဘရာဟင်သည် ရုရှားနိုင်ငံသို့အလည်အပတ်ခရီး ရောက်ရှိနေစဉ်အချိန်အတွင်း ယခုကဲ့သို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။ အန်ဝါအီဘရာဟင်က "ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေရေးနဲ့ပတ်သက်ပြီး လုပ်ဆောင် ခဲ့တာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်အတွင်းမှာပါ။ ကျွန်တော်တို့ဘက်က ရန်စတာမျိုး၊ ရန်လိုတာမျိုးတွေ ဖြစ်စေဖို့အတွက် ရည်ရွယ်ထားတာမဟုတ်ဘူး ဆို တာကို တရုတ်နိုင်ငံကို ရှင်းပြသွားမှာပါ။ တရုတ်နိုင်ငံ က မိတ်ဖက်ကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံတူးဖော်တာအပါအဝင် စီးပွားရေးတိုးတက် စေဖို့အတွက် ဒီလိုလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ ရေပိုင်နက်ထဲမှာ ဆက်လက်လည်ပတ်နေရမှာပါ" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဆာရာဝက် ပြည်နယ် ဘော်နီယိုကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအားလုံးကို ရပ်တန့်ရန် မလေးရှားကို တ ရုတ်အစိုးရက တောင်းဆိုခဲ့ကြောင်းသိရသည်။ မလေးရှားနိုင်ငံသည် တရုတ်ပိုင်နက်ကို ကျူးကျော် ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တရုတ်ဘက်က စွပ်စွဲပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို မလေးရှားနိုင်ငံခြားရေးဝန် ကြီးဌာနက မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေး ကြောင်းသိရသည်။ အန်ဝါအီဘရာဟင်က "ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးကို ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါကကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးရှင်သန်မှုတစ်ခု ဖြစ်နေလို့ပါ"ဟု ပြောဆိုခဲ့သည်။       

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

"သူပုန်အဖွဲ့ဝင် အဆိုတော် မိုင်းမိုင်ဆိုင်းရဲ့ ဗုဒ္ဓဘာသာအပေါ် စော်ကားမှု"

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved