ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများ သေဒဏ်ချမှတ်ခံရနိုင်
ALynn (NSS) - ဩဂုတ် ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အစိုးရရှေ့နေများသည် မကြာသေးမီက မအောင်မြင်ခဲ့သော အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် စွပ်စွဲခံထားရသော အမေရိကန်နိုင်ငံသားသုံးဦး အပါအဝင် လူ (၅၀)ကို သေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။
Kinshasa တွင် အင်္ဂါနေ့ (ဩဂုတ်လ ၂၈ ရက်) က ရုံးတင်စစ်ဆေးစဉ်အတွင်း စစ်ဘက်ရှေ့နေ ဒုတိယဗိုလ်မှူးကြီး Innocent Radjabu Bashiru က “စိတ်ပိုင်းဆိုင်ရာပြဿနာများ” ခံစားနေရသူတစ်ဦးမှလွဲ၍ သံသယရှိသူအားလုံးကို ကြီးလေးသောပြစ်ဒဏ်ချမှတ်ရန် တရားသူကြီးများအား တောင်းဆိုခဲ့သည်။
စစ်ယူနီဖောင်းဝတ် သေနတ်သမားတစ်စုသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Vital Kamerhe ၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် မြို့တော် Kinshasha ရှိ ကွန်ဂိုသမ္မတ Felix Tshisekedi ၏ရုံးကို မေလ ၁၉ ရက်က တွင် ဝင်ရောက်စီးနင်းခဲ့သည်။ Kamerhe ကို ကာကွယ်ရန် တာဝန်ကျ ရဲအရာရှိနှစ်ဦး အပါအဝင် စီးနင်းမှုအတွင်း လူခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ပြည်နှင်ဒဏ်ခံရစဉ် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရခဲ့သော ကွန်ဂိုနိုင်ငံရေးသမား၊ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ Christian Malanga သည် ၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံသား များအပါအဝင် သံသယရှိသူများကို ရာဇ၀တ်ပူးပေါင်းကြံစည်မှု၊ လူသတ်မှု၊ အကြမ်းဖက်ဝါဒနှင့် အခြားသော ပြစ်မှုများနှင့်အတူ ဇွန်လကတည်းက ရုံးတင်စစ်ဆေးခဲ့သည်။
အမေရိကန်တရားခံနှစ်ဦးဖြစ်သည့် Marcel Malanga (Christian Malanga ၏သား) နှင့် Benjamin Zalman-Polun တို့သည် အာဏာသိမ်းခေါင်း ဆောင်က ၎င်းတို့ပါဝင်ရန် ငြင်းဆိုပါက ၎င်းတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြီးခဲ့သောလက ကြားနာမှုအတွင်း တရားရုံးသို့ ပြောကြားခဲ့သည်။ အသက် ၂၁ နှစ်ရှိပြီဖြစ်သော Marcel သည် ၎င်း၏ဖခင် ခေါ်ဆိုမှုအရ DR Congo သို့ ၎င်း၏ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့ပြီး လုပ်ကြံမှုနှင့်ပတ်သက်၍ ကြိုတင်သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၃၆ နှစ်အရွယ် Zalman-Polun က ၎င်းသည် Christian Malanga ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ၎င်းပါဝင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ သမ္မတ Tshisekedi သည် ဒီဇင်ဘာလတွင် ဒုတိယသက်တမ်းကို အနိုင်ရခဲ့ပြီး သစ္စာဖောက်တပ်များကို ဖယ်ရှားရန်နှင့် အကြမ်းဖက်မှုများ မြင့်မားလာခြင်းကို တိုက်ဖျက်ရန် ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေများကို တိုးမြှင့်ကောက်ခံမည်
RELATED POSTS
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
17 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
17 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ