Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးအတွက် ဟားမတ်စ်ထက် ပိုအန္တရာယ်ရှိသော ဟဇ်ဘိုလာအဖွဲ့

ALynn (NSS) - ဩဂုတ် ၂၈

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲဖြစ်ပွားပြီးကတည်းက လက်ဘနွန်ပြည်သူ့စစ်၊ ဟဇ်ဘိုလာအဖွဲ့သည် ဟားမတ်စ်အဖွဲ့နှင့် အတူတကွရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 


အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များ၊ ဒုံးပျံများနှင့် ပေါက်ကွဲစေတတ်သော ဒရုန်းများကို နေ့စဉ်နီးပါးပစ်ခတ်ခဲ့ပြီး အစ္စရေးက ၎င်းတို့၏ ပစ်ခတ်မှုများကို တုံ့ပြန်ခဲ့သည်။ ဩဂုတ်လနှောင်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်လာကာ အလုံးစုံစစ်ပွဲကို ဦးတည်နိုင်သည့် အန္တရာယ်ဖြစ်ခဲ့သည်။ သို့သော် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ နှစ်ဦးစလုံးသည် အလုံးစုံပဋိပက္ခကို ရှောင်ရှားဖို့အတွက် ကြိုးပမ်းနေကြဆဲဖြစ်သည်။ 

အီရန်သည် ဟစ်ဇ်ဘိုလာအား ရန်ပုံငွေ၊ လေ့ကျင့်ရေး၊ လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများအပြင် နိုင်ငံရေး၊ သံတမန်ရေး၊ ငွေကြေးနှင့် အဖွဲ့အစည်းဆိုင်ရာ အကူအညီအများစုကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုသည်။ အဆိုပါအဖွဲ့သည် “မှောင်ခိုကုန်ကူးမှု၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ အကြွေးဝယ်ကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဘဏ်လိမ်လည်မှု” အပါအဝင် တရားဝင် နှင့် တရားမဝင် လမ်းကြောင်းများမှ ရန်ပုံငွေရရှိနေကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာသည် ၎င်း၏ အထောက်အပံ့အားလုံးကို အီရန်မှလာသည်ဟု ယခင်ကပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာသည် အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး ပြည်သူ့စစ်ဖြစ်လာပြီး အီရန်၏ အရေးအကြီးဆုံး မဟာမိတ်ဖြစ်လာကာ ၎င်း၏ ခေါင်း ဆောင်များသည် ယီမင်ရှိ ဟူသီသူပုန်များ ပါဝင်သော မဟာမိတ်စစ်သွေးကြွအဖွဲ့များ ကွန်ရက်ကို ဆက်လက်ထိန်းသိမ်းထားရန် ကူညီပေးလျက်ရှိသည်။ ဟစ်ဇ်ဘိုလာက တိုက်ခိုက်ရေးသမား ၁၀၀,၀၀၀ ရှိကြောင်း၊ အစ္စရေး စစ်တပ်၏ ခန့်မှန်းချက်အရ ၎င်းတွင် အမြဲတမ်းတပ်သား ၂၀,၀၀၀ မှ ၂၅,၀၀၀ နှင့် သောင်းနှင့်ချီသော အရန်တပ်ဖွဲ့ဝင်များရှိသည်။

အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်တောင်ပိုင်းကို သြဂုတ် ၂၅ ရက်က အကြီးစားတိုက်ခိုက်ခဲ့ရာ ဟဇ်ဘိုလာဒုံးကျည်ပစ်လွှတ်မှု ထောင်ပေါင်းများစွာကို ဖယ်ရှားနိုင်ခဲ့သည်။ အစ္စရေးတာဝန်ရှိသူများက အဆိုပါ စစ်ဆင်ရေးကို ကြိုတင်ကာကွယ်မှုဟု ခေါ်ဆိုခဲ့သည်။ ဇူလိုင်လတွင် ဘေရွတ်မြို့၌ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးတပ်မှူး Fuad Shukr သေဆုံးခဲ့ခြင်းအတွက် လက်တုံ့ပြန်ရန် ဟစ်ဇ်ဘိုလာမှ သိသိသာသာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်တော့မည်ဟူသော ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ ထိုကဲ့သို့ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်က တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား အလုံးစုံစစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သော်လည်း နေ့လယ်ပိုင်းတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ ပုံမှန်အတိုင်း အကန့်အသတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုများကို ပြန်လည် စတင်ခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်အစိုးရက ရှင်ကျန်းတွင် သံသယဖြစ်ဖွယ်မူဝါဒများကို ဆက်လက်ကျင့်သုံးနေကြောင်း ကုလသမဂ္ဂဖော်ပြ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved