Suga ကို BTS အဖွဲ့မှထွက်သွားရန်တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲတွေဖြစ်ပွားနေ
Pika (NSS) - ဩဂုတ် ၂၄
မကြာသေးမီကဖြစ်ပွားခဲ့သော အရက်သောက် လျှပ်စစ်စကူတာစီးသည့်ကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့သော BTS အဖွဲ့ဝင် Suga ကို အဖွဲ့မှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
Suga ကို BTS အဖွဲ့မှ နုတ်ထွက်ပေးရန်တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲသည် ဆိုးလ်မြို့ Yongsan ခရိုင်ရှိ HYBE ဖျော်ဖြေရေးကုမ္ပဏီအဆောက် အအုံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆန္ဒပြသူများသည် “မင်ယွန်းဂီ BTS အဖွဲ့ကနေ ထွက်သွားပါ၊ ကျွန်တော်တို့ရဲ့လက်ကို လွှတ်ခဲ့တဲ့ လူက မင်ယွန်းဂီပဲ”ဆိုသည့် စာတန်းများပါဝင်သော ပန်းခွေများကို ပြသကာဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကိုစီစဉ်သည့် အမည်မဖော်လိုသော ARMY (BTS fandom name) က “ ဒီပန်းကုံးတွေကို လူတစ်ဦးချင်းစီက ပို့ပေးထားတာကြောင့် ဒါဟာ ပရိသတ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုတစ်ခုမဟုတ်ပါဘူး။ HYBE၊ Big Hit Music နဲ့ Suga တို့ဟာ မှားယွင်းတဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး ဘာအရေးယူဆောင်ရွက်မှုမှ မရှိတာကြောင့် ဒီဆန္ဒပြပွဲတွေကို ကျွန်တော်တို့လုပ်ရတာပါ” ဟု ပြောဆိုခဲ့သည်။
Suga သည် ပြီးခဲ့သည့် ဩဂုတ်လ (၆)ရက်နေ့က အရက်သောက်ကာ လျှပ်စစ်စကူတာစီးခဲ့မိခြင်းကြောင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အများပြည်သူထံမှ ထင်မြင်ယူဆချက်များ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး Big Hit Music နှင့် Suga တို့က ထုတ်ပြန်ချက်အမှားများကို ထုတ်ပြန်ခဲ့ပြီးနောက် ပရိသတ်များထံမှ စိတ်ပျက်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ Suga ကိုအဖွဲ့မှထွက်သွားရန် တောင်းဆိုနေကြသည့် ပရိသတ်များရှိသလို ၎င်းကို ဆက်လက်ထောက်ခံနေသည့် ပရိသတ်များလည်းရှိနေပြီး fandom အတွင်း အပြင်းအထန် ငြင်းခုံမှုများ လည်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ Big Hit Music က နောက်ထပ်ထုတ်ပြန်ချက်များ မထုတ်ပြန်ဘူးဆိုပါက ထရပ်ကားများဖြင့် ဆန္ဒပြကာ ဆန္ဒပြပွဲကို အရှိန်မြှင့်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Ferrari ကားတစ်စီးထက် ပိုတန်ဖိုးကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မီးခြစ်
RELATED POSTS
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း