Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဩဂုတ်(၂၆)ရက်မှစတင် လျှောက် ထားနိုင်ပြီး လားရှိုးတက္ကသိုလ် အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်း မရှိ

ယွန်း (NSS) - ဩဂုတ် ၂ဝ

    တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်(၂၆)ရက်မှစတင် လျှောက် ထားနိုင်ပြီး လားရှိုးတက္ကသိုလ်အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရကာ ထိုသို့ဖွင့်လှစ်နိုင်ခြင်းမရှိသေး သည့်အတွက် ကျောင်းသား၊ ကျောင်းသူများစွာ နစ်နာနေရကြောင်း NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။


အကြမ်းဖက်သမားများက ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများကို အသက်ဘေးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည့်အပြင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ပညာရေးကဏ္ဍအတွက် ထိခိုက်ခြင်း သာမက လူ့စွမ်းအားအရင်းအမြစ် ပြုန်းတီးခြင်းလည်း ဖြစ်ပေါ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက ဩဂုတ်(၁၅)ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ပေါင်း(၂၆)ခုတွင် လျှောက်ထားခွင့်ပြုခဲ့ သော်လည်း ယခုပညာသင်နှစ်၌ လားရှိုးတက္ကသိုလ် အပါအဝင် လွိုင်ကော်တက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့မှာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိကြောင်းတွေ့မြင်ရသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေး မှူးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

             အဆိုပါတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို တက္ကသိုလ်ပေါင်း(၂၃)ခု၌ ဩဂုတ်လ(၂၆) ရက်မှ စက်တင်ဘာလ (၁၂)ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုထားသည်။

"တောင်ကုတ်ကို(ဆရာ၊ ဆရာမတွေ)ကျ တော့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့ ဘာတို့ ကို ပေါင်းတယ်။ လွိုင်ကော်ကကျတော့ တက္ကသိုလ် သုံးခုလားမသိဘူးပေါင်းတယ်။ လားရှိုးကတောင်ကြီး မှာပေါင်းတယ်။ မြင်းခြံဆိုရင် မန္တလေးကို လာပေါင်း တယ်။ မြင်းခြံလည်းပိတ်လိုက်တယ်ကြားတယ် Official ပိတ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ မြင်းခြံက ဆရာ၊ ဆရာမတွေကိုတော့ မန္တလေးကိုလာတွဲ တာတော့ နောက်ဆုံးသိလိုက်တယ်။ တချို့ကျတော့ ကျောင်းကဖွင့်ပေမယ့် အတန်းတွေမရှိဘူး။ စစ်တွေ ဆိုလည်း အတန်းမရှိဘူး၊ ပိတ်တော့မပိတ်ဘူး။ တရား ဝင်ကတော့ လားရှိုးရယ်၊ တောင်ကုတ်ရယ်၊ လွိုင် ကော်ရယ်ပေါ့"ဟု တက္ကသိုလ်ကထိက တစ်ဦးက NSS ကို ပြောသည်။

သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူများသည် အဆင့်မြင့် ပညာဦးစီးဌာန(ရန်ကုန်ရုံး ခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း သည် သီးခြားဝင်ခွင့်ခေါ်ယူသော တက္ကသိုလ်မှအပ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအားလုံးအတွက် အကျုံးဝင်ပြီး ကြေညာချက်တွင်ပါရှိသည့် တက္က သိုလ်များအတွက်သာ ဝင်ခွင့်ခေါ်ယူခြင်း မဟုတ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။ကြေညာချက်တွင်ပါရှိသည့် တက္ကသိုလ် (၂၃)ခုသည် ဝင်ခွင့်လျှောက်လွှာများကို ပြန်လည် လက်ခံမည့် နေရာဌာနများဖြစ်ကြောင်း စာစစ်ဦးစီးဌာနက ဆိုထားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၁၁)ရက်တွင် ကျင်းပခဲ့ပြီး အောင်စာရင်းကို ဇွန်လ (၁၁)ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လားရှိုးတိုက်ပွဲများအတွင်း သေဆုံးသူအလောင်းများကို အစာငတ်နေသောခွေးများက ကိုက်ဖဲ့စားသောက်မှုများရှိခဲ့

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved