မတ်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၅)သန်းကျော် ရရှိထား
ယွန်း (NP News) - ဧပြီ ၅
ပြီးခဲ့သည့် မတ်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် (၁၆၁၅ဝ၉)တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၆၅)သန်းကျော် ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။
အဆိုပါ မက်ထရစ်တန်ချိန် (၁၆၁၅ဝ၉) အနက်မှ ဆန်တင်ပို့မှု စုစုပေါင်း မက်ထရစ်တန်ချိန်(၈၂၅၄၇)တန်ရှိခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် စုစုပေါင်း မက်ထရစ် တန်ချိန်(၇၈၉၆၂)တန် ရှိခဲ့ကြောင်း သိရသည်။
တင်ပို့မှုများထဲမှ မက်ထရစ်တန်ချိန် (၁၆၁၂၃၉)တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့ခဲ့ပြီး တန်ချိန် (၂၇ဝ)ကို နယ်စပ်ကုန်သွယ်မှုမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အချက်အ လက်များအရ သိရသည်။
၎င်းကာလတွင် ဆန်တင်ပို့မှုသည် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး တရုတ်၊ တူရကီ၊ ပိုလန်နှင့် စပိန်အပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဆန်ကွဲတင်ပို့မှုတွင်လည်း ဘယ်လ်ဂျီယမ် နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တရုတ်၊ နယ်သာလန်၊ စပိန်နှင့် ဗြိတိန် အပါအဝင် နိုင်ငံပေါင်း (၁၅)နိုင်ငံကို တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
အဆိုပါမတ်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၅)သန်းကျော် ရရှိထားကြောင်း သိရသည်။
zawgyi version
မတ္လတြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၆၅)သန္းေက်ာ္ ရရွိထား
ယြန္း (NP News) - ဧၿပီ ၅
ၿပီးခဲ့သည့္ မတ္လတြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ (၁၆၁၅ဝ၉)တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ(၆၅)သန္းေက်ာ္ ရရွိထားေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ မက္ထရစ္တန္ခ်ိန္ (၁၆၁၅ဝ၉) အနက္မွ ဆန္တင္ပို႔မႈ စုစုေပါင္း မက္ထရစ္တန္ခ်ိန္(၈၂၅၄၇)တန္ရွိခဲ့ၿပီး ဆန္ကြဲတင္ပို႔မႈသည္ စုစုေပါင္း မက္ထရစ္ တန္ခ်ိန္(၇၈၉၆၂)တန္ ရွိခဲ့ေၾကာင္း သိရသည္။
တင္ပို႔မႈမ်ားထဲမွ မက္ထရစ္တန္ခ်ိန္ (၁၆၁၂၃၉)တန္ကို ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွ တင္ပို႔ခဲ့ၿပီး တန္ခ်ိန္ (၂၇ဝ)ကို နယ္စပ္ကုန္သြယ္မႈမွ တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း အခ်က္အ လက္မ်ားအရ သိရသည္။
၎ကာလတြင္ ဆန္တင္ပို႔မႈသည္ ဖိလစ္ပိုင္ႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ခဲ့ၿပီး တ႐ုတ္၊ တူရကီ၊ ပိုလန္ႏွင့္ စပိန္အပါအဝင္ ႏိုင္ငံေပါင္း (၂၆) ႏိုင္ငံကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဆန္ကြဲတင္ပို႔မႈတြင္လည္း ဘယ္လ္ဂ်ီယမ္ ႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ၿပီး တ႐ုတ္၊ နယ္သာလန္၊ စပိန္ႏွင့္ ၿဗိတိန္ အပါအဝင္ ႏိုင္ငံေပါင္း (၁၅)ႏိုင္ငံကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါမတ္လအတြင္း ဆန္ႏွင့္ဆန္ကြဲ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၆၅)သန္းေက်ာ္ ရရွိထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး၌ ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန်ကောက်ခံရရှိရန် နစက လျာထား
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း