Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Kursk ဒေသထိုးစစ်တွင် ယူကရိန်းတပ်ဖွဲ့များအရေးသာနေကြောင်း ရုရှားစစ်တပ် ဝန်ခံ

ALynn (NSS) - ဩဂုတ် ၁၂

ယူကရိန်းတပ်ဖွဲ့ဝင်များသည် Kursk နယ်ခြားဒေသအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း မော်စကိုက တနင်္ဂနွေနေ့ (သြဂုတ် ၁၁ ရက်)တွင် ဖော်ပြခဲ့ပြီး ရုရှားနိုင်ငံအား မတည်မငြိမ်ဖြစ်စေရန်နှင့် ၎င်း၏ တပ်ဖွဲ့များကို ဖြန့်ကျက်ရန်ရည်ရွယ်၍ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူကရိန်းထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။


တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသော ယူကရိန်းတောင်ပိုင်းရှိ Zaporizhzhia နျူကလီးယားစက်ရုံမီးလောင်မှုအတွက် တစ်ဖက်နှင့် တစ်ဖက် အပြစ်တင်နေကြသော်လည်း ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့က နျူကလီးယားယိုစိမ့်မှု လက္ခဏာမရှိကြောင်း ပြောကြားခဲ့သည်။

မော်စကိုစစ်တပ်သည် အရန်တပ်များ၊ တင့်ကားများ၊ လေကြောင်း၊ အမြောက်များနှင့် ဒရုန်းများဖြင့် အလျင်စလို ပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် ယူကရိန်းစစ်တပ်သည် ၎င်း၏ပိုင်နက်နယ်မြေ၏ ကီလိုမီတာ ၃၀ အကွာအဝေးအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အနောက် Kursk ဒေသရှိ အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ် အစီရင်ခံချက်တွင် ယူကရိန်းတပ်ဖွဲ့များက ကျည်ကာယာဉ်များ အသုံးပြု၍ ရုရှားပိုင်နက်အတွင်းသို့ နက်နက်နဲနဲ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင်အချို့သည် ရုရှား-ယူကရိန်းနယ်စပ်မှ ၂၅ ကီလိုမီတာနှင့် ၃၀ ကီလိုမီတာ အကွာရှိ Tolpino နှင့် Obshchy Kolodez ကျေးရွာများအနီးတွင် ရှိနေသည်ဟု ဆိုသည်။ “ရုရှားက နယ်စပ်မှာ ကိယက်ဗ်တပ်ဖွဲ့ဝင် ၁,၀၀၀ တပ်ဖြန့်ထားတယ်ဟု လျှော့ပြောနေပေမယ့် အမှန်တကယ်က ထောင်ပေါင်းများစွာဖြစ်တယ်”လို့ ယူကရိန်းအရာရှိတစ်ဦးက ဆိုသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် Zaporizhzhia နျူကလီးယားစက်ရုံရှိ အအေးခံမျှော်စင် မီးလောင်မှုအတွက် ရုရှားကို အပြစ်တင်ခဲ့သလို ရုရှားကလည်း ယင်းမှာ ယူကရိန်း၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။“နျူကလီးယား အန္တရာယ်တော့ မတွေ့ရဘူး”ဟု အဆိုပါ နေရာ၌ ကျွမ်းကျင်သူများက စစ်ဆေးပြီးနောက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကီယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးက ဓာတ်ရောင်ခြည် သင့်မှုအဆင့် မြင့်တက်လာခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား အထူးစစ်ဆင်ရေး ဆင်နွှဲပြီးနောက် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းဒေသများကို သိမ်းပိုက်ကာ ယူကရိန်းမြို့များကို နေ့စဉ် ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကိယက်ဗ်သည် လူအင်အားနှင့် လက်နက်ထောက်ပံ့မှုများအတွက် ရုန်းကန်နေရပြီး တပ်အချို့ပြန်ဆုတ်သွား ခဲ့ရသည်။

Kursk ဒေသအား ထိုးစစ်ဆင်မှုသည် ယခုအချိန်အထိ ကိယက်ဗ်၏ အကြီးဆုးနှင့် အအောင်မြင်ဆုံး နယ်စပ်ဖြတ်ကျော် ထိုးစစ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှား ပိုင်နက်အတွင်း ပြည်ပစစ်တပ်များ၏ အထူးခြားဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ စနေနေ့က အရပ်သား ၇၆,၀၀၀ ကျော်ကို နယ်စပ်ဒေသများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး တနင်္ဂနွေနေ့တွင် နောက်ထပ် ရွှေ့ပြောင်းဖို့ရှိကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားသမ္မတပူတင်ကို ဖမ်းဆီးပေးရန် မက္ကဆီကိုအစိုးရကို ယူကရိန်း တောင်းဆို

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved