ရုရှားသမ္မတပူတင်ကို ဖမ်းဆီးပေးရန် မက္ကဆီကိုအစိုးရကို ယူကရိန်း တောင်းဆို
Pika (NSS) - ဩဂုတ် ၁၂
မက္ကဆီကိုနိုင်ငံသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ သို့ ရုရှားသမ္မတပူတင်တက်ရောက်ခဲ့မည်ဆိုပါက ဖမ်းဆီးပေးရန် မက္ကဆီကိုအစိုးရကို ယူကရိန်းအစိုးရ က တောင်းဆိုခဲ့ကြောင်း သိရသည်။ မက္ကဆီကိုအစိုးရသည် လာမည့်အောက်တိုဘာလတွင်ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ရန် ပူတင်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရုရှား သမ္မတပူတင်အတွက် ဖမ်းဝရမ်းကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က (၂၀၂၃) ခုနှစ်တွင် ထုတ်ပြန်ခဲ့ဖူးသည်။ ထို့ပြင် မက္ကဆီကိုနိုင်ငံကလည်း ပူတင် အတွက် ဖမ်းဝရမ်းထုတ်ခဲ့သော နိုင်ငံတကာရာဇဝတ် တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုခဲ့ ကြောင်း သိရသည်။
မက္ကဆီကို အစိုးရအနေဖြင့် ICC ၏ အမိန့်များကိုလိုက်နာပြီး ပူတင်ကိုဖမ်းဆီးကာ နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးမည်ဟု ယုံကြည်ကြောင်း မက္ကဆီကိုရှိ ယူကရိန်းသံရုံးက ပြောကြားခဲ့သည်။ မက္ကဆီကိုအစိုးရသည် လာမည့်အောက်တိုဘာလ (၁)ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ခံသမ္မတ Claudia Sheinbaum ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ပူတင်ကို ဖိတ်ကြားထားကြောင်း Izvestia သတင်းစာ၏ ဖော်ပြချက်အရသိရသည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်တိုင်တက် ရောက်ရန် သို့မဟုတ် ၄င်း၏ကိုယ်စားအဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရန်အတွက် ပူတင်က ဆုံးဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံရှိ မက္ကဆီကို သံရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန်အတွက် မက္ကဆီကိုအစိုးရ၏ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ကြောင်း မက္ကဆီကိုမြို့ရှိ ရုရှားသံရုံးက အတည် ပြုခဲ့သည်။ ယူကရိန်းပဋိပက္ခဖြစ်ပွားချိန်မှစတင်ပြီး ICC သည် ပူတင်အပါအဝင် ရုရှားစစ်ဘက်အရာရှိ အများ အပြားကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း အဆိုပါဖမ်းဝရမ်းမှာ တရားမဝင်ကြောင်း နှင့် အနောက်အုပ်စု၏ပေါင်းစပ်စစ်ပွဲ အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်း ရုရှားဘက်က ပြန်လည်စွပ်စွဲ ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမြို့နယ်တွင် ခရီးသည်တင်ကား ပေါ်မှငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း