Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်နယ်ထရမ့် အညံ့ခံလာစေရန် နယူးယောက်ရဲတပ်ဖွဲ့ ပြင်ဆင်

Htay Oung (NP News) - ဧပြီ ၃


အင်္ဂါနေ့ အမေရိကန်သမ္မတဟောင်းရဲ့အမှုကို ကြားနာနေခိုက် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်လာနိုင်ချေရှိတဲ့ မင်ဟက်တန်တရားရုံးတစ်ဝှိုက်လမ်းများကို နယူးယောက်ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး၊ တရားရုံးနဲ့ ထရမ့်ရောက်ရှိ တည်းခိုမယ့် “ထရမ့်တာဝါ“ အဆောက်အအုံပတ်ပတ်လည်တို့မှာ သတ္တုအတားအဆီးများကို တပ်ဆင်ကာရံနေတယ်လို့ Reuters က ဧပြီလ ၃ ရက်မှာရေးသားပါတယ်။


လူကြီးကား သရုပ်ဆောင်အမျိုးသမီးတစ်ဦးကို နှုတ်ပိတ်ကြေးငွေပေးမှု စွဲချက်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းအပေါ် ကြားနာရန် ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ဒေါ်နယ်ထရမ့်ကိုယ်တိုင် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ လာရောက်စစ်ဆေးခံရမှာဖြစ်တဲ့အတွက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း အဖြစ် သမိုင်းဝင်ဖြစ်သွားပါတယ်။


ဒေါ်နယ်ထရမ့်ကတော့ သူ့အပေါ် စုံစမ်းစစ်ဆေးနေခြင်းဟာ နိုင်ငံရေးလုပ်ကြံမှုတစ်ခုအဖြစ် ပြောဆိုနေပြီး ရီပတ်ဘလီကန် ကွန်ဂရက်အမတ် မာဂျိုရီ_တေလာ_ဂရင်းနီအပါအဝင် ထိပ်တန်းထောက်ခံသူများက အင်္ဂါနေ့ နယူးယောက်မြို့မှာ ကန့်ကွက်ဆန္ဒပြကြဖို့ ဆော်သြနေပါတယ်။ ရာဇ၀တ်တရားရုံးများနဲ့ တရားရုံးချုပ်များ တည်ရှိရာ မြို့လယ်ပိုင်း မင်ဟက်တန်တရားရုံးအနီး တရားရုံးအချို့ကို ထရမ့်ကြားနာချိန်မတိုင်မီ ပိတ်ထားမယ်လို့ တရားရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါတယ်။


ဒါပေမဲ့ မြို့တော်အတွက် သေချာယုံကြည်လောက်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးလို့ နယူးယောက်ရဲဌာန (NYPD) က ပြောပါတယ်။ မန်ဟက်တန်ခရိုင်ရှေ့နေ (ခရိုင်ဆွဲချကြီး) နဲ့ ခုံရုံးက ထရမ့်ကို သေဒဏ်ပေးဖို့ လူမှုကွန်ရက်အသုံးပြုသူအချို့က တောင်းဆိုနေကြောင်း အွန်လိုင်းအစွန်းရောက်ဝါဒကို စောင့်ကြည့်လေ့လာသူ Site Intelligence Group က ပြောပါတယ်။


ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူသာလျှင် အနိုင်ရခဲ့ကြောင်း ထရမ့်က မမှန်မကန် စွပ်စွဲပြီးနောက် သူ့အပေါ် ထောက်ခံသူတွေဟာ ၂၀၂၁-ခုနှစ် ဇန်နဝါရီ ၆-ရက် အမေရိကန် ကက်ပီတိုဟေးလ် အဆောက်အအုံကို ဝင်ရောက်စီးနင်းတဲ့အတွက် လူသေဆုံးတဲ့အထိ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။


ဒါပေမဲ့လည်း သမ္မဟောင်းအပေါ် ထောက်ခံသူအများအပြားတို့ဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတဲ့ကြားမှ ကန့်ကွက်ကြဖို့ ထရမ့်က တောင်းဆိုပြီးနောက် လူထုဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီး နိုးကြားလျှက်ရှိကြောင်း အွန်လိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။ သူတို့ဋ္ဌာနအနေနဲ့ လိုအပ်သလို တုံ့ပြန်ရန် အသင့်ရှိနေပြီး လူတိုင်း မိမိတို့ရဲ့ အခွင့်အရေးများကို ငြိမ်းချမ်းစွာ လိုက်နာကျင့်သုံးနိုင်စေဖုိ့ (ကြပ်မတ်) ဆောင်ရွက်ပေးမှာဖြစ်ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့မှာ ဖလော်ရီဒါမှ နယူးယောက်သို့ လေယာဉ်ဖြင့် ရောက်ရှိလာမှာဖြစ်ပြီး အင်္ဂါနေ့ နံနက်စောစောပိုင်း တရားရုံးသို့ မလာရောက်ရှိမီ သူပိုင် “ထရမ့်တာဝါ“ မှာ ညအိပ်ဖို့ စီစဉ်ထားကြောင်း သမ္မတဟောင်းရဲ့ အကြံပေးတစ်ဦးက ပြောပါတယ်။


ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ခံထားရတဲ့ သမ္မတဟောင်းရဲ့ မြင်ကွင်းဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံရဖို့ သေချာပေမယ့် အဲ့ဒီအသွင်အပြင်ဟာ ဆန္ဒပြသူ အများအပြားတို့အပေါ် ဆွဲဆောင်နိုင်မလားဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။ ထရမ့်ဟာ နယူးယောက်ဇာတိဖြစ်ပေမဲ့ သူ့ရဲ့ မွေးရပ်မြေမှာ ထောက်ခံမဲ သိပ်မရခဲ့ပါဘူး၊ ၂ဝ၁၆ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။


တရားရုံး လမ်းမပေါ်ရှိ ပန်းခြံတစ်ခုမှာ ဆန္ဒပြဖို့ စီစဉ်နေကြောင်း၊ ထရမ့်အပေါ် အခိုင်အမာထောက်ခံသူ တစ်ဦးဖြစ်တဲ့ ကွန်ဂရက်အမတ် မာဂျိုရီတေလာဂရင်းနီကိုယ်တိုင် တက်ရောက်မှာဖြစ်ကြောင်း “နယူးယောက် ရီပတ်ဘလစ်ကင် လူငယ်များ ကလပ်” က အတည်ပြုပါတယ်။ "ဆန္ဒပြခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတစ်ခုဖြစ်တယ်" လို့ ဂရင်းနီက သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်၊ တရားစီရင်ရေးစနစ်နဲ့ ရွေးကောက်ပွဲကို မကြုံစဖူး အလွဲသုံးစားလုပ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကြမ်းဖက်ရန် လှုံ့ဆော်သူ သို့မ ဟုတ် ကျူးလွန်သူ မည်သူကိုမဆို လက်မခံကြောင်းကိုလည်း ဖော်ပြထားပါတယ်။


၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ပါးစပ်ပိတ်နေဖို့ လူကြီးကား မင်းသမီး စတောင်းမီ_ဒန်နီယယ်လ်ကို ဒေါ်လာ ၁၃ဝဝဝဝ ပေးခဲ့ကြောင်း အထောက် အထားများ ကြားသိရပြီးနောက် ဒေါ်နယ်ထရမ့်အပေါ် စွဲချက်တင်ဖို့ ဂျူရီလူကြီးများက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။


၂ဝဝ၆ ခုနှစ်တုန်းက သူနဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံခဲ့သူ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲကာလ ပါးစပ်ပိတ်နေဖို့ “နှုတ်ပိတ်ကြေး“ ပေးခဲ့တယ်လို့ “ စတက်ဖနီ_ကလစ်ဖို့” အမည်ရင်း “ဒန်နီယယ်” က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ လိင်ပိုင်းဆိုင်ရာတွေ့ဆုံမှုကို ငြင်းဆိုထားပါတယ်။


ဒေါ်နယ်ထရမ့်အမှု စတင်စွဲချက်တင်ဖွယ်ရှိတဲ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် မတိုင်မီ တရားရုံး အပေါ်ထပ်အလွှာများရှိ တရားရုံးအခန်းများကို မွန်းလွဲ ၁ နာရီမှာ စတင် ပိတ်ထားမှာဖြစ်ကြောင်း၊ လမ်းတစ်ဖက် အဆောက်အအုံရှိ တရားရုံးများမှ အမှုများကိုလည်း ဆိုင်းငံ့ထားဖို့ ရှိကြောင်း တရားရုံးအရာရှိ တစ်ဦးက ပြောပါတယ်။


ယခုနောက်ဆုံး သတင်းများအရ အမေရိကန်သမ္မတဟောင်းဟာ ဖလော်ရီဒါနေအိမ်မှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်းနဲ့ နယူးယောက်အပါအ၀င် မြို့ကြီးအချို့မှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း သိရှိရပါတယ်။


( မြန်မာစံတော်ချိန်ဟာ နယူးယောက် ဒေသစံတော်ချိန်ထက် ၁ဝ နာရီခွဲ စောတဲ့အတွက် ဒေါ်နယ်ထရမ့်အမှု စတင်စွဲချက်တင်ချိန်ဟာ မြန်မာ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့် ဖြစ်ပါလိမ့်မယ်။


နယူးယောက်သား ၁၈ ရာခိုင်နှုန်းရဲ့ မဲနဲ့ သမ္မတဖြစ်လာသူဟာ ရာထူးသက်တမ်းနောက်ဆုံးနှစ်မှာ ၂၃ ရာခိုင်နှုန်းအထိ တိုးလာတယ်ဆိုတာကတော့ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ်အောင်မြင်မှု မှတ်ကျောက်လို့ ပြောနိုင်ပါတယ်။


ဒီမိုကရေစီဆန္ဒမဲစနစ် တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ လူကြိုက်များတဲ့ နိုင်ငံရေးသမား-နိုင်ငံရေး ပါတီဖြစ်စေ အာဏာမရခင် ထောက်ခံမဲထက် အာဏာရရှိပြီးနောက် ထောက်ခံမဲက ရာနှုန်းကျဆင်းသွားတတ်ပါတယ်။ #တိုးလာတယ်ဆိုရင်တောင်_ရာနှုန်း_များများ_မရှိတတ်ပါ။ လူ့သဘာ၀ အမှားအယွင်း မကင်းနိုင်တဲ့ အပြင် ရွေးကောက်ပွဲ ကတိများအတိုင်း ရာနှုန်းပြည့်အကောင်အထည်ဖော်ရန် အခက်အခဲရှိတတ်လို့ ဖြစ်ပါတယ်။


#ထောက်ခံမဲ #၆၇% #ကျော်လေးနဲ့ #အာဏာရလာတဲ့ #နိုင်ငံရေးပါတီတစ်ခုဟာ #အစိုးရသက်တမ်း #ကုန်ဆုံးကာနီး_ရွေးကောက်ပွဲမှာ_ရာနှုန်းပြည့်နီးပါး #၈၆% အထိ #သောင်ပြို_ကမ်းပြိုနိုင်တယ်ဟေ့_ဆိုရင် #နှစ်ခါ_စဉ်းစားမနေပါနဲ့ #အခွင့်အာဏာအလွဲသုံးပြီး #မဲသမာတာ_ရှိနေပါပြီ။ #ထင်တာတော့ #လက်လွန်သွားပုံ_ရပါတယ်။

..

#ဒါကို_မဟုတ်ဖူး_ငြင်းရဲသူဟာ_နိုင်ငံရေးသမားသာ_ဖြစ်ရင် #တာဇံတောင်_ပေါကားထဲက_အဆင့် #အတော်_စာမကျေ_တာပဲလို့ #သတ်မှတ်နိုင်ပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)


(Reuters., 3 March 2023,” New York plans for Trump surrender with barricades, courtroom closings” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version

ေဒၚနယ္ထရမ့္ အညံ့ခံလာေစရန္ နယူးေယာက္ရဲတပ္ဖြဲ႕ ျပင္ဆင္ 

Htay Oung (NP News) - ဧၿပီ ၃


အဂၤါေန႔ အေမရိကန္သမၼတေဟာင္းရဲ႕အမႈကို ၾကားနာေနခိုက္ ကန္႔ကြက္ဆႏၵျပပြဲမ်ား ျဖစ္လာႏိုင္ေခ်ရွိတဲ့ မင္ဟက္တန္တရား႐ုံးတစ္ဝႈိက္လမ္းမ်ားကို နယူးေယာက္ရဲတပ္ဖြဲ႕က ပိတ္ဆို႔ထားၿပီး၊ တရား႐ုံးနဲ႔ ထရမ့္ေရာက္ရွိ တည္းခိုမယ့္ “ထရမ့္တာဝါ“ အေဆာက္အအုံပတ္ပတ္လည္တို႔မွာ သတၱဳအတားအဆီးမ်ားကို တပ္ဆင္ကာရံေနတယ္လို႔ Reuters က ဧၿပီလ ၃ ရက္မွာေရးသားပါတယ္။


လူႀကီးကား သ႐ုပ္ေဆာင္အမ်ိဳးသမီးတစ္ဦးကို ႏႈတ္ပိတ္ေၾကးေငြေပးမႈ စြဲခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတေဟာင္းအေပၚ ၾကားနာရန္ ဂ်ဴရီလူႀကီးမ်ားက ဆုံးျဖတ္ခဲ့ပါတယ္။ ဒီအတြက္ ေဒၚနယ္ထရမ့္ကိုယ္တိုင္ အဂၤါေန႔မြန္းလြဲပိုင္းမွာ လာေရာက္စစ္ေဆးခံရမွာျဖစ္တဲ့အတြက္ ရာဇဝတ္မႈဆိုင္ရာ စြဲခ်က္မ်ားနဲ႔ ရင္ဆိုင္ရတဲ့ ပထမဆုံး အေမရိကန္သမၼတေဟာင္း အျဖစ္ သမိုင္းဝင္ျဖစ္သြားပါတယ္။


ေဒၚနယ္ထရမ့္ကေတာ့ သူ႔အေပၚ စုံစမ္းစစ္ေဆးေနျခင္းဟာ ႏိုင္ငံေရးလုပ္ႀကံမႈတစ္ခုအျဖစ္ ေျပာဆိုေနၿပီး ရီပတ္ဘလီကန္ ကြန္ဂရက္အမတ္ မာဂ်ိဳရီ_ေတလာ_ဂရင္းနီအပါအဝင္ ထိပ္တန္းေထာက္ခံသူမ်ားက အဂၤါေန႔ နယူးေယာက္ၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပၾကဖို႔ ေဆာ္ၾသေနပါတယ္။ ရာဇ၀တ္တရား႐ုံးမ်ားနဲ႔ တရား႐ုံးခ်ဳပ္မ်ား တည္ရွိရာ ၿမိဳ႕လယ္ပိုင္း မင္ဟက္တန္တရား႐ုံးအနီး တရား႐ုံးအခ်ိဳ႕ကို ထရမ့္ၾကားနာခ်ိန္မတိုင္မီ ပိတ္ထားမယ္လို႔ တရား႐ုံးတာဝန္ရွိသူတစ္ဦးထံမွ သိရွိရပါတယ္။


ဒါေပမဲ့ ၿမိဳ႕ေတာ္အတြက္ ေသခ်ာယုံၾကည္ေလာက္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳး မရွိဘူးလို႔ နယူးေယာက္ရဲဌာန (NYPD) က ေျပာပါတယ္။ မန္ဟက္တန္ခ႐ိုင္ေရွ႕ေန (ခ႐ိုင္ဆြဲခ်ႀကီး) နဲ႔ ခုံ႐ုံးက ထရမ့္ကို ေသဒဏ္ေပးဖို႔ လူမႈကြန္ရက္အသုံးျပဳသူအခ်ိဳ႕က ေတာင္းဆိုေနေၾကာင္း အြန္လိုင္းအစြန္းေရာက္ဝါဒကို ေစာင့္ၾကည့္ေလ့လာသူ Site Intelligence Group က ေျပာပါတယ္။


ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ သူသာလွ်င္ အႏိုင္ရခဲ့ေၾကာင္း ထရမ့္က မမွန္မကန္ စြပ္စြဲၿပီးေနာက္ သူ႔အေပၚ ေထာက္ခံသူေတြဟာ ၂၀၂၁-ခုႏွစ္ ဇန္နဝါရီ ၆-ရက္ အေမရိကန္ ကက္ပီတိုေဟးလ္ အေဆာက္အအုံကို ဝင္ေရာက္စီးနင္းတဲ့အတြက္ လူေသဆုံးတဲ့အထိ အဓိက႐ုဏ္းမ်ား ျဖစ္ပြားခဲ့ပါတယ္။


ဒါေပမဲ့လည္း သမၼေဟာင္းအေပၚ ေထာက္ခံသူအမ်ားအျပားတို႔ဟာ ဖမ္းဆီးခံရမွာကို စိုးရိမ္ေနရတဲ့ၾကားမွ ကန္႔ကြက္ၾကဖို႔ ထရမ့္က ေတာင္းဆိုၿပီးေနာက္ လူထုဆႏၵျပပြဲမ်ားနဲ႔ ပတ္သက္ၿပီး ႏိုးၾကားလွ်က္ရွိေၾကာင္း အြန္လိုင္းမွာ ေဖာ္ျပခဲ့ၾကပါတယ္။ သူတို႔႒ာနအေနနဲ႔ လိုအပ္သလို တုံ႔ျပန္ရန္ အသင့္ရွိေနၿပီး လူတိုင္း မိမိတို႔ရဲ႕ အခြင့္အေရးမ်ားကို ၿငိမ္းခ်မ္းစြာ လိုက္နာက်င့္သုံးႏိုင္ေစဖုိ႔ (ၾကပ္မတ္) ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း နယူးေယာက္ရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။


ေဒၚနယ္ထရမ့္ဟာ တနလၤာေန႔မွာ ဖေလာ္ရီဒါမွ နယူးေယာက္သို႔ ေလယာဥ္ျဖင့္ ေရာက္ရွိလာမွာျဖစ္ၿပီး အဂၤါေန႔ နံနက္ေစာေစာပိုင္း တရား႐ုံးသို႔ မလာေရာက္ရွိမီ သူပိုင္ “ထရမ့္တာဝါ“ မွာ ညအိပ္ဖို႔ စီစဥ္ထားေၾကာင္း သမၼတေဟာင္းရဲ႕ အႀကံေပးတစ္ဦးက ေျပာပါတယ္။


ရာဇ၀တ္မႈဆိုင္ရာ စြဲခ်က္တင္ခံထားရတဲ့ သမၼတေဟာင္းရဲ႕ ျမင္ကြင္းဟာ မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ခံရဖို႔ ေသခ်ာေပမယ့္ အဲ့ဒီအသြင္အျပင္ဟာ ဆႏၵျပသူ အမ်ားအျပားတို႔အေပၚ ဆြဲေဆာင္ႏိုင္မလားဆိုတာကိုေတာ့ ရွင္းရွင္း လင္းလင္း မရွိေသးပါဘူး။ ထရမ့္ဟာ နယူးေယာက္ဇာတိျဖစ္ေပမဲ့ သူ႔ရဲ႕ ေမြးရပ္ေျမမွာ ေထာက္ခံမဲ သိပ္မရခဲ့ပါဘူး၊ ၂ဝ၁၆ ခုႏွစ္မွာ ၁၈ ရာခိုင္ႏႈန္း၊ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ၂၃ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။


တရား႐ုံး လမ္းမေပၚရွိ ပန္းၿခံတစ္ခုမွာ ဆႏၵျပဖို႔ စီစဥ္ေနေၾကာင္း၊ ထရမ့္အေပၚ အခိုင္အမာေထာက္ခံသူ တစ္ဦးျဖစ္တဲ့ ကြန္ဂရက္အမတ္ မာဂ်ိဳရီေတလာဂရင္းနီကိုယ္တိုင္ တက္ေရာက္မွာျဖစ္ေၾကာင္း “နယူးေယာက္ ရီပတ္ဘလစ္ကင္ လူငယ္မ်ား ကလပ္” က အတည္ျပဳပါတယ္။ "ဆႏၵျပျခင္းဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အခြင့္အေရးတစ္ခုျဖစ္တယ္" လို႔ ဂရင္းနီက သူ႔ရဲ႕ တြစ္တာ စာမ်က္ႏွာမွာ ေရးသားထားပါတယ္၊ တရားစီရင္ေရးစနစ္နဲ႔ ေ႐ြးေကာက္ပြဲကို မႀကဳံစဖူး အလြဲသုံးစားလုပ္ျခင္းကို ကန႔္ကြက္ေၾကာင္း၊ အၾကမ္းဖက္ရန္ လႈံ႕ေဆာ္သူ သို႔မ ဟုတ္ က်ဴးလြန္သူ မည္သူကိုမဆို လက္မခံေၾကာင္းကိုလည္း ေဖာ္ျပထားပါတယ္။


၂ဝ၁၆ ခုႏွစ္ သမၼတ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးစဥ္ကာလအတြင္း ပါးစပ္ပိတ္ေနဖို႔ လူႀကီးကား မင္းသမီး စေတာင္းမီ_ဒန္နီယယ္လ္ကို ေဒၚလာ ၁၃ဝဝဝဝ ေပးခဲ့ေၾကာင္း အေထာက္ အထားမ်ား ၾကားသိရၿပီးေနာက္ ေဒၚနယ္ထရမ့္အေပၚ စြဲခ်က္တင္ဖို႔ ဂ်ဴရီလူႀကီးမ်ားက မဲခြဲဆုံးျဖတ္ခဲ့ၾကပါတယ္။


၂ဝဝ၆ ခုႏွစ္တုန္းက သူနဲ႔ လိင္ပိုင္းဆိုင္ရာ ေတြ႕ဆုံခဲ့သူ ေဒၚနယ္ထရမ့္က ေ႐ြးေကာက္ပြဲကာလ ပါးစပ္ပိတ္ေနဖို႔ “ႏႈတ္ပိတ္ေၾကး“ ေပးခဲ့တယ္လို႔ “ စတက္ဖနီ_ကလစ္ဖို႔” အမည္ရင္း “ဒန္နီယယ္” က ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ကေတာ့ လိင္ပိုင္းဆိုင္ရာေတြ႕ဆုံမႈကို ျငင္းဆိုထားပါတယ္။


ေဒၚနယ္ထရမ့္အမႈ စတင္စြဲခ်က္တင္ဖြယ္ရွိတဲ့ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္ မတိုင္မီ တရား႐ုံး အေပၚထပ္အလႊာမ်ားရွိ တရား႐ုံးအခန္းမ်ားကို မြန္းလြဲ ၁ နာရီမွာ စတင္ ပိတ္ထားမွာျဖစ္ေၾကာင္း၊ လမ္းတစ္ဖက္ အေဆာက္အအုံရွိ တရား႐ုံးမ်ားမွ အမႈမ်ားကိုလည္း ဆိုင္းငံ့ထားဖို႔ ရွိေၾကာင္း တရား႐ုံးအရာရွိ တစ္ဦးက ေျပာပါတယ္။


ယခုေနာက္ဆုံး သတင္းမ်ားအရ အေမရိကန္သမၼတေဟာင္းဟာ ဖေလာ္ရီဒါေနအိမ္မွ စတင္ထြက္ခြာလာၿပီ ျဖစ္ေၾကာင္းနဲ႔ နယူးေယာက္အပါအ၀င္ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ လုံၿခဳံေရး အထူးတင္းၾကပ္ထားေၾကာင္း သိရွိရပါတယ္။


( ျမန္မာစံေတာ္ခ်ိန္ဟာ နယူးေယာက္ ေဒသစံေတာ္ခ်ိန္ထက္ ၁ဝ နာရီခြဲ ေစာတဲ့အတြက္ ေဒၚနယ္ထရမ့္အမႈ စတင္စြဲခ်က္တင္ခ်ိန္ဟာ ျမန္မာ ဗုဒၶဟူးေန႔ နံနက္ ၄ နာရီခန္႔ ျဖစ္ပါလိမ့္မယ္။


နယူးေယာက္သား ၁၈ ရာခိုင္ႏႈန္းရဲ႕ မဲနဲ႔ သမၼတျဖစ္လာသူဟာ ရာထူးသက္တမ္းေနာက္ဆုံးႏွစ္မွာ ၂၃ ရာခိုင္ႏႈန္းအထိ တိုးလာတယ္ဆိုတာကေတာ့ ေဒၚနယ္ထရမ့္ရဲ႕ ႏိုင္ငံေရးသမားတစ္ဦးအျဖစ္ေအာင္ျမင္မႈ မွတ္ေက်ာက္လို႔ ေျပာႏိုင္ပါတယ္။


ဒီမိုကေရစီဆႏၵမဲစနစ္ တိုင္းျပည္ေတြမွာ ဘယ္ေလာက္ပဲ လူႀကိဳက္မ်ားတဲ့ ႏိုင္ငံေရးသမား-ႏိုင္ငံေရး ပါတီျဖစ္ေစ အာဏာမရခင္ ေထာက္ခံမဲထက္ အာဏာရရွိၿပီးေနာက္ ေထာက္ခံမဲက ရာႏႈန္းက်ဆင္းသြားတတ္ပါတယ္။ #တိုးလာတယ္ဆိုရင္ေတာင္_ရာႏႈန္း_မ်ားမ်ား_မရွိတတ္ပါ။ လူ႔သဘာ၀ အမွားအယြင္း မကင္းႏိုင္တဲ့ အျပင္ ေ႐ြးေကာက္ပြဲ ကတိမ်ားအတိုင္း ရာႏႈန္းျပည့္အေကာင္အထည္ေဖာ္ရန္ အခက္အခဲရွိတတ္လို႔ ျဖစ္ပါတယ္။


#ေထာက္ခံမဲ #၆၇% #ေက်ာ္ေလးနဲ႔ #အာဏာရလာတဲ့ #ႏိုင္ငံေရးပါတီတစ္ခုဟာ #အစိုးရသက္တမ္း #ကုန္ဆုံးကာနီး_ေ႐ြးေကာက္ပြဲမွာ_ရာႏႈန္းျပည့္နီးပါး #၈၆% အထိ #ေသာင္ၿပိဳ_ကမ္းၿပိဳႏိုင္တယ္ေဟ့_ဆိုရင္ #ႏွစ္ခါ_စဥ္းစားမေနပါနဲ႔ #အခြင့္အာဏာအလြဲသုံးၿပီး #မဲသမာတာ_ရွိေနပါၿပီ။ #ထင္တာေတာ့ #လက္လြန္သြားပုံ_ရပါတယ္။

..

#ဒါကို_မဟုတ္ဖူး_ျငင္းရဲသူဟာ_ႏိုင္ငံေရးသမားသာ_ျဖစ္ရင္ #တာဇံေတာင္_ေပါကားထဲက_အဆင့္ #အေတာ္_စာမေက်_တာပဲလို႔ #သတ္မွတ္ႏိုင္ပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)


(Reuters., 3 March 2023,” New York plans for Trump surrender with barricades, courtroom closings” ကိုဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစက ထုတ်ပြန်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved