သြစတြီးယားပါလီမန်က ရုရှားထံမှ ဓာတ်ငွေ့တင်သွင်းမှုကို ၂၀၂၇ ခုနှစ်တွင် အပြီးအပိုင် ဖယ်ရှားရန် သဘောတူညီခဲ့
ALynn (NSS) - ဩဂုတ် ၅
သြစတြီးယား၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် နိုင်ငံ၏ ရုရှားဓာတ်ငွေ့ ထောက်ပံ့မှုကို ၂၀၂၇ ခုနှစ်တွင် အပြီးအပိုင် ဖယ်ရှားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
စာချုပ်မူကြမ်းကို ကိုးကား၍ မီဒီယာတစ်ခုဖြစ်သည့် Kurier က စနေနေ့ (ဩဂုတ်လ ၃ ရက်) တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အီးယူ၏ မူဝါဒနှင့်အညီဖြစ်ပြီး "ရုရှားစွမ်းအင် တင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်သည်"ဟု သဘောတူညီချက်၏ဖော်ပြချက်အရ သိရသည်။ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom သည် သြစတြီးယားဓာတ်ငွေ့၏ ၈၀ နှင့် ၉၀ ရာခိုင်နှုန်းကြား ပံ့ပိုးပေးထားကြောင်း Kurier မှ မှတ်ချက်ပြုခဲ့သည်။
၎င်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အစိုးရညွန့်ပေါင်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Green Alternative Party ၏ တားဆီးမှုကြောင့် ဆုံးဖြတ်ရန်ကျန်ရစ်ခဲ့သည့် ကိစ္စရပ်လည်းဖြစ်သည်။ ၎င်းဆုံးဖြတ်ချက်ကို သဘောတူညီစွာ ချမှတ်နိုင်ရန်အတွက် Austrian People's Party (OVP) သည် Greens များနှင့်အလဲအလှယ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး Magnus Brunner ကို လာမည့် သက်တမ်းတွင် ဥရောပကော်မရှင်နာအဖြစ် ထမ်းဆောင်ရန် အတည်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဩစတြီးယား လုံခြုံရေး မဟာဗျူဟာကို ဖက်ဒရယ် အဓိပတိက အပြီးသတ် ရေးဆွဲထားပြီး လာမည့် ရက်သတ္တပတ်များအတွင်း ထုတ်ပြန်သွားမည်ဟု သိရသည်။
တစ်ချိန်တည်းတွင် ပါလီမန်ရှိဒုတိယအဓိကပါတီဖြစ်သော သြစတြီးယားဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPO) မှ Green's Gas Act ကို မကြာသေးမီက ပယ်ချခဲ့ခြင်းကြောင့် ၂၀၂၇ ခုနှစ်တွင် ရုရှားဓာတ်ငွေ့ များကို နိုင်ငံအဆင့်ဖြတ်တောက်ရန်မူ အောင်မြင်နိုင်ပါ့မလား စောင့်ကြည့်ရဦးမည်ဖြစ်သလို ယခင် အစိုးရကလည်း Gazprom ကို 2040 အထိ သက်တမ်းတိုးခဲ့ကြောင်း တွေ့ရသည်။
အီးယူ၏ အဓိကဓာတ်ငွေ့တင်သွင်းသူဖြစ်သည့် Gazprom က မကြာသေးမီလများအတွင်း ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို လေးပုံတစ်ပုံနီးပါး တိုးမြှင့်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် Nord Stream ပိုက်လိုင်းများ ပျက်စီးမှုများကြောင့် ၂၀၂၂ ခုနှစ်တွင် ဓာတ်ငွေ့တင်ပို့မှုများ သိသိသာသာ ကျဆင်းသွားခဲ့ဖူးသည်။ အီးယူသည် အမေရိကန်အပါအဝင် အခြားနိုင်ငံများမှ LNG တင်သွင်းမှုဖြင့် အစားထိုး ကျားကန်ခဲ့ရသည်။ ယင်းကြောင့် ဥရောပ၏ ဓာတ်ငွေ့သုံးသူများအတွက် ကုန်ကျစရိတ် သိသိသာသာ တိုးလာခဲ့သည်။ ထိုအတောအတွင်း ရုရှားသည် ဓာတ်ငွေ့ပေးပို့မှုကို အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းကာ ၂၀၂၂ ခုနှစ် မတိုင်မီ တရုတ်ထံ တင်ပို့ရောင်းချမှုကို ထက်ဝက်နီးပါး အရောင်းမြှင့်တင်နိုင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲအပေါ် အာရုံစိုက်ထားသဖြင့် ဟိုင်ဂင်ကို နစကဘက်က သွားတက်ရန် မသေချာ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း