မြောက်ကိုရီးယားစစ်တပ်က ပဲ့ထိန်းဒုံးကျည်အသစ် (၂၅၀)ကို လက်ခံရရှိခဲ့ဟု ဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၅
မြောက်ကိုရီးယားစစ်တပ်ဟာ သြဂုတ် ၄ ရက်နေ့က ပဲ့ထိန်းဒုံးကျည်စနစ်အသစ်တွေကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ အဲဒီပဲ့ထိန်းဒုံးကျည်၊ လောင်ချာအရေအတွက် ၂၅၀ ကို မြောက်ကိုရီးယားစစ်တပ်ထံ လွှဲပြောင်းပေးမှုတွေကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီလက်နက်စနစ်တွေထဲမှာ တောင်ကိုရီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာဖြန့်ကြက်ချထားတဲ့ "Hwasong-11" အမျိုးအစားလောင်ချာစနစ်လည်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ နျူကလီးယားလက်နက်ပိုင် နိုင်ငံကို အခြေပြုပြီး စစ်ရေးအဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ ကြံစည်နေကြောင်း၊မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားခြိမ်းခြောက်မှုတွေကို တားဆီးဖို့နဲ့ စိန်ခေါ်မှုတွေကိုတုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ဇူလိုင်လအတွင်းပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ပဲ့ထိန်းဒုံး ကျည်အသစ်တွေ စမ်းသပ်တာတွေရှိခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကလည်း ပဲ့ထိန်းဒုံးကျည်နည်းစနစ်တွေကို စမ်းသပ်လျက်ရှိနေရာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့အငြင်းပွားမှုတွေ၊ တင်းမာမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။
အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံက ဇူလိုင်လအတွင်း ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ အင်ဒို-ပစိဖိတ်ဒေသရေပိုင်နက်အဆင့်တန်းပြောင်း လဲဖို့ တစ်ဖက်သတ်ကြိုးပမ်းမှုတွေကို ဆန့်ကျင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုနေခြင်းတွေကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒါ့ပြင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့ရဲ့ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ Quad အဖွဲ့အစည်းအပြီးထုတ်ပြန်ချက်မှာလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေခြင်းအား ပြစ်တင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီ အခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ကျပ် (၃၀၀)နီးပါး မြင့်တက်လာ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ