ကလေးသူငယ်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က TikTok ကို တရားစွဲ
Pika (NSS) - ဩဂုတ် ၃
အမေရိကန်တရားရေးဌာန (DOJ) က TikTok အပ်ပ်ဟာ ၎င်းတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ကလေးသူငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး TikTok အပ်ပ်နဲ့ ၎င်းရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance တို့ကို တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
TikTok အပ်ပ်ဟာ အသက်(၁၃)နှစ်အောက် အသုံးပြုသူတွေရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကို စုဆောင်းဖို့အတွက် ၎င်းတို့ရဲ့မိဘတွေဆီက ခွင့်ပြုချက်ကို ရယူဖို့လိုအပ်တဲ့ ကလေးသူငယ်အွန်လိုင်း ကိုယ်ရေးကိုယ် တာကာကွယ်ရေးအက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ DOJ ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် TikTok အပ်ပ်ဟာ ကလေးသူ ငယ်တွေကို ၎င်းတို့ရဲ့ပလက်ဖောင်းပေါ်မှာ အကောင့်ဖွင့်တာတွေနဲ့ အရွယ် ရောက်ပြီး သူတွေနဲ့ဗီဒီယိုမျှဝေတာမျိုးတွေကို သိသိကြီးနဲ့ ခွင့်ပြုထားခဲ့တယ်လို့ DOJ ကပြောကြားခဲ့ပါတယ်။ ပြီးတော့ TikTok ဟာ မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ အသက်ငယ်တဲ့အသုံးပြုသူတွေဆီကနေ သတင်းအချက် အလက်တွေကို စုဆောင်းခဲ့တယ်လို့လည်း DOJ ကပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ 'TikTok ဟာ ကလေးသူငယ်တွေရဲ့ အီးမေးလ်လိပ်စာတွေနဲ့ အခြားကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရားမဝင်စုဆောင်းခဲ့ပါတယ်။ မိဘတွေက ၎င်းတို့ရဲ့သားသမီးတွေ အကောင့်ကို တွေ့ရှိချိန်မှာ အဲဒီအကောင့်တွေနဲ့အချက်အလက်တွေကို ဖျက်ပေးဖို့တောင်းဆိုတာမျိုးတွေကိုလည်း TikTok ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်'လို့ ရေးသားထားပါတယ်။ TikTok က 'ကလေးသူငယ်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ပြီးတော့ ဒီပလက်ဖောင်းကို အဆင့်မြှင့်တင်ပြီး တိုးတက်သွားအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင် ရထားလမ်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ