Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တင်းမာမှုများရှိနေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်

Pika (NP News) - ဧပြီ ၃


အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့၏ ရေတပ် တပ်ဖွဲ့များသည် ဧပြီလ(၃)ရက်တွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုအပါအဝင် နှစ်ရက်ကြာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်းသိရသည်။


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အမေရိကန်၏လေယာဥ်တင်သင်္ဘော USS Nimitz ပါဝင်သော သုံးနိုင်ငံရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကိုရီးယားကျွန်းဆွယ် တောင်ဘက်ရှိရေပြင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်၊၊ မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များအပါအဝင် ပိုမိုတိုးတက်လာသော ရေအောက်ခြိမ်းခြောက်မှုများကို တုံ့ပြန်ကာကွယ်ရန်အတွက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအရသိရသည်။


အဆိုပါစစ်ရေးလေ့ကျင့်ခန်းမျိုးကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း ပြုလုပ်ခဲ့ပြီး (၅)နှစ်အတွင်း ပထမဆုံးအကြိမ်လေ့ကျင့်ခြင်းဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားက ပြီးခဲ့သည့်လတွင်  ၎င်း၏စစ်တပ်သည် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း အလွန်ပြင်း ထန်သော ရေဒီယိုသတ္တိကြွဆူနာမီကို ဖန်တီးနိုင်စွမ်းရှိသော ရေအောက်နျူကလီးယား လက် နက်ကို စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ တောင်ကိုရီးယားသည် နှစ်ရက်ကြာမည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် Yulgok YiYi၊ Choe Yeong နှင့် Daejoyeong အမည်ရှိ ဖျက်သင်္ဘောများနှင့်  Soyang အမည်ရှိ ထောက်ပံ့ရေးသင်္ဘောများကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။


ဂျပန်သည် JS Umigiri အမည်ရှိ ဖျက်သင်္ဘောကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ပြီး အမေရိကန်သည် USS Wayne E. Meyer နှင့် USS Decatur အမည်ရှိ ဖျက်သင်္ဘောနှစ်စီးကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားက "ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ရေအောက်ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းဖို့ ၊ ခြေရာခံဖို့ ၊ သတင်းအချက်အလက်မျှဝေခြင်းနဲ့ လက်တုံ့ပြန်မှုတွေလုပ်ဆောင်နိုင်ဖို့ သုံးနိုင်ငံလုံးရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ အာရုံစိုက်သွားမှာပါ"ဟုပြောဆိုခဲ့သည်။

zawgyi version


Pika (NP News) - ဧပြီ ၃









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရဝမ်ဒါဟာ ခိုလှုံခွင့်တောင်းခံသူများအတွက် ဘေးကင်းသောနေရာဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပြောကြား

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved