Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရဝမ်ဒါဟာ ခိုလှုံခွင့်တောင်းခံသူများအတွက် ဘေးကင်းသောနေရာဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပြောကြား

ရောင်နီ (NP News) - ဧပြီ ၃

        

ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူလာဘရာဗာမန်းက ရဝမ်ဒါဟာ ခိုလှုံခွင့်တောင်းခံသူများ ပြန်လည်နေရာချထားရေးအတွက် လုံခြုံသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

       

ဗြိတိန်အစိုးရက ပြင်သစ်နိုင်ငံမှ အင်္ဂလန်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာသူများကိုဟန့်တားဖို့အတွက် ပေါင်သန်း ၁၂ဝ (ဒေါ်လာ ၁၄၈ သန်း) သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ လာရောက် ခိုလှုံခွင့်တောင်းသူများကို အရှေ့အာဖရိကနိုင်ငံ၊ ရဝမ်ဒါသို့ ကီလိုမီတာ ၆၅ဝဝ (မိုင် ၄ဝဝဝ) ကျော်အကွာသို့စေလွှတ်ရန် ဆန္ဒရှိနေပါတယ်။ အဆိုပါ အစီအစဉ်ကို ယမန်နှစ် ဧပြီလက စတင်ကြေညာခဲ့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ တားမြစ်ချက်ကြောင့် အစီအစဉ်မဖြစ်မြောက်ခဲ့ပါဘူး။ လန်ဒန်တရားရုံး ချုပ်က အဆိုပါအစီအစဉ်ဟာ တရားဝင်ကြောင်း ဒီဇင်ဘာလက ဆုံးဖြတ်ခဲ့သော်လည်း အတိုက်အခံများက အဆိုပါစီရင်ချက်ကို အယူခံဝင်ဖို့ ကြိုးပမ်းနေကြပါတယ်။ 


ဗြိတိန်ဟာ ပြီးခဲ့တဲ့လက လှေငယ်များနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းခံသူများကို တား မြစ်မယ့် ဥပဒေအသေးစိတ်များကို ထုတ်ပြန်ခဲ့ကာ ၎င်းဟာ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံခွင့်တောင်းခံခြင်းမှတားဆီးမည်ဖြစ်ပြီး ၎င်းတို့ကို မွေးရပ်မြေသို့ သို့မဟုတ် ဘေးကင်းလုံခြုံသော နိုင်ငံတစ်ခုသို့ ပြန်လွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အချို့သော ပရဟိတအဖွဲ့များက အဆိုပြုထားတဲ့ ဥပဒေဟာ လက်တွေ့မကျဘဲ ထောင်နဲ့ချီသော ဒုက္ခသည်များရဲ့ ကြိုးပမ်းအားထုတ်မှုများကို ရာဇဝတ်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၈ ခုနှစ်က ရဝမ်ဒါရှိ စခန်းတစ်ခုမှာ ရိက္ခာများ ကောက်ခံမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး ဒုက္ခသည် ငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဘရာဗာမန်းက သူမဟာ ယင်းကိစ္စနဲ့ပတ်သက်ပြီး သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း ရဝမ်ဒါဟာ လုံခြုံသော နိုင်ငံဖြစ်ကြောင်း ပြောဆိုကာ ဗြိတိန်ကို လှေငယ်များနဲ့ ဝင်ရောက်လာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာများအတွက် မှန်ကန်သော ဖြေရှင်းချက်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 


“ကျွန်မတို့က ဥပဒေ ပြဋ္ဌာန်းပြီးပါပြီ၊ ဗြိတိန်မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ရဝမ်ဒါ သို့ အတတ်နိုင်ဆုံးအမြန်ဆုံးပြောင်းရွှေ့လိုပါတယ်။ ကျွန်မတို့ နိုင်ငံတဝှမ်းက အမျိုးမျိုးသော အိမ်ခြံမြေ အမျိုးအစားများစွာကို ပိုင်ဆိုင်တဲ့ အော်ပရေတာတွေ အများကြီးနဲ့ စကားပြောနေပါတယ်။ ဒီတစ်ပတ် အစောပိုင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စီစဉ်ထားတဲ့ ဆိုက်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။ 

     

ယင်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အန္တရာယ်တွင်းကို တွန်းပို့လိုက်ခြင်းသို့ ဖြစ်စေနိုင်တယ်လို့ဆိုကာ အငြင်းပွားမှုများလည်း ရှိနေပါတယ်။

zawgyi version

ရဝမ္ဒါဟာ ခိုလႈံခြင့္ေတာင္းခံသူမ်ားအတြက္ ေဘးကင္းေသာေနရာျဖစ္ေၾကာင္း ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး ေျပာၾကား

ေရာင္နီ (NP News) - ဧၿပီ ၃

        

ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး ဆူလာဘရာဗာမန္းက ရဝမ္ဒါဟာ ခိုလႈံခြင့္ေတာင္းခံသူမ်ား ျပန္လည္ေနရာခ်ထားေရးအတြက္ လုံၿခဳံေသာ ႏိုင္ငံျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ 

       

ၿဗိတိန္အစိုးရက ျပင္သစ္ႏိုင္ငံမွ အဂၤလန္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာသူမ်ားကိုဟန႔္တားဖို႔အတြက္ ေပါင္သန္း ၁၂ဝ (ေဒၚလာ ၁၄၈ သန္း) သေဘာတူညီခ်က္ တစ္စိတ္တစ္ပိုင္းအေနနဲ႔ လာေရာက္ ခိုလႈံခြင့္ေတာင္းသူမ်ားကို အေရွ႕အာဖရိကႏိုင္ငံ၊ ရဝမ္ဒါသို႔ ကီလိုမီတာ ၆၅ဝဝ (မိုင္ ၄ဝဝဝ) ေက်ာ္အကြာသို႔ေစလႊတ္ရန္ ဆႏၵရွိေနပါတယ္။ အဆိုပါ အစီအစဥ္ကို ယမန္ႏွစ္ ဧၿပီလက စတင္ေၾကညာခဲ့ေသာ္လည္း လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပတရား႐ုံးရဲ႕ တားျမစ္ခ်က္ေၾကာင့္ အစီအစဥ္မျဖစ္ေျမာက္ခဲ့ပါဘူး။ လန္ဒန္တရား႐ုံး ခ်ဳပ္က အဆိုပါအစီအစဥ္ဟာ တရားဝင္ေၾကာင္း ဒီဇင္ဘာလက ဆုံးျဖတ္ခဲ့ေသာ္လည္း အတိုက္အခံမ်ားက အဆိုပါစီရင္ခ်က္ကို အယူခံဝင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။ 


ၿဗိတိန္ဟာ ၿပီးခဲ့တဲ့လက ေလွငယ္မ်ားနဲ႔ ေရာက္ရွိလာတဲ့ ခိုလႈံခြင့္ေတာင္းခံသူမ်ားကို တား ျမစ္မယ့္ ဥပေဒအေသးစိတ္မ်ားကို ထုတ္ျပန္ခဲ့ကာ ၎ဟာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ခိုလႈံခြင့္ေတာင္းခံျခင္းမွတားဆီးမည္ျဖစ္ၿပီး ၎တို႔ကို ေမြးရပ္ေျမသို႔ သို႔မဟုတ္ ေဘးကင္းလုံၿခဳံေသာ ႏိုင္ငံတစ္ခုသို႔ ျပန္လႊတ္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အခ်ိဳ႕ေသာ ပရဟိတအဖြဲ႕မ်ားက အဆိုျပဳထားတဲ့ ဥပေဒဟာ လက္ေတြ႕မက်ဘဲ ေထာင္နဲ႔ခ်ီေသာ ဒုကၡသည္မ်ားရဲ႕ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ရာဇဝတ္မႈျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ၂ဝ၁၈ ခုႏွစ္က ရဝမ္ဒါရွိ စခန္းတစ္ခုမွာ ရိကၡာမ်ား ေကာက္ခံမႈနဲ႔ ပတ္သက္ၿပီး အၾကမ္းဖက္ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ကာ အနည္းဆုံး ဒုကၡသည္ ငါးဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ဘရာဗာမန္းက သူမဟာ ယင္းကိစၥနဲ႔ပတ္သက္ၿပီး သိပ္ရင္းႏွီးကြၽမ္းဝင္မႈ မရွိေသာ္လည္း ရဝမ္ဒါဟာ လုံၿခဳံေသာ ႏိုင္ငံျဖစ္ေၾကာင္း ေျပာဆိုကာ ၿဗိတိန္ကို ေလွငယ္မ်ားနဲ႔ ဝင္ေရာက္လာေနတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူ ျပႆနာမ်ားအတြက္ မွန္ကန္ေသာ ေျဖရွင္းခ်က္ျဖစ္ေၾကာင္း သူမက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ 


“ကြၽန္မတို႔က ဥပေဒ ျပ႒ာန္းၿပီးပါၿပီ၊ ၿဗိတိန္မွာ ေရာက္ရွိေနတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို ရဝမ္ဒါ သို႔ အတတ္ႏိုင္ဆုံးအျမန္ဆုံးေျပာင္းေ႐ႊ႕လိုပါတယ္။ ကြၽန္မတို႔ ႏိုင္ငံတဝွမ္းက အမ်ိဳးမ်ိဳးေသာ အိမ္ၿခံေျမ အမ်ိဳးအစားမ်ားစြာကို ပိုင္ဆိုင္တဲ့ ေအာ္ပေရတာေတြ အမ်ားႀကီးနဲ႔ စကားေျပာေနပါတယ္။ ဒီတစ္ပတ္ အေစာပိုင္းမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအတြက္ စီစဥ္ထားတဲ့ ဆိုက္ေတြကို ေၾကညာသြားမွာ ျဖစ္ပါတယ္" လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ 

     

ယင္းဟာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအတြက္ အႏၲရာယ္တြင္းကို တြန္းပို႔လိုက္ျခင္းသို႔ ျဖစ္ေစႏိုင္တယ္လို႔ဆိုကာ အျငင္းပြားမႈမ်ားလည္း ရွိေနပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချင်းမိုင်မြို့က ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့အဖြစ် (၉)ရက်ဆက်တိုက် သတ် မှတ်ခံရဟုဆို

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved