Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာရှကျား(သို့) ကျွန်းနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံအကြောင်း တစေ့တစောင်း (ဗဟုသုတဆောင်းပါး)

Pika  (NSS) - ဩဂုတ် ၃

 တရားဝင်စင်ကာပူသမ္မတနိုင်ငံဖြစ်သော စင်ကာပူ နိုင်ငံသည် အရှေ့တောင်အာရှတွင် ပင်လယ် ရေကြောင်းဆိုင်ရာ ကျွန်းနိုင်ငံနှင့် မြို့ပြ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ စင်ကာပူနိုင်ငံသည် အီကွေ တာမျဉ်း၏ မြောက်ဘက်(၁၃၇) ကီလိုမီတာအကွာတွင်တည်ရှိပြီး အနောက်ဘက်တွင် မလက္ကာရေ လက်ကြား၊ တောင်ဘက်စွန်းတွင် မလေးကျွန်း ဆွယ်၊ စင်ကာပူရေလက်ကြား၊ အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်နှင့်မြောက်ဘက်တွင် ဂျိုဟိုရေလက်ကြားတို့ ရှိကြောင်းသိရသည်။ ထို့ပြင် စင်ကာပူနိုင်ငံ၏ပိုင်နက်နယ်မြေတွင်ပင်မကျွန်းတစ်ကျွန်း၊ကျွန်းငယ်(၆၃)ကျွန်းနှင့်အစွန်းအဖျားကျွန်းငယ်လေးတစ်ကျွန်းတို့ပါဝင်ကြောင်းလည်းသိရသည်။သို့သော်လည်း မြေရာပြန်လည်ပြင်ဆင်ရေးစီမံကိန်းများကြောင့် လွတ်လပ်ရေးရပြီးချိန်မှစတင်ပြီးစင်ကာပူနိုင်ငံ၏ စုပေါင်းဧရိယာသည်(၂၅)ရာခိုင် နှုန်းခန့်တိုးလာခဲ့ကြောင်းသိရသည်။ စင်ကာပူ နိုင်ငံသည် မြို့ပြစီမံကိန်းကြောင့်စိမ်းလန်းစိုပြည် သော အပန်းဖြေစရာနေရာအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက်လူဦးရေသိပ် သည်းဆအများဆုံးနိုင်ငံလည်းဖြစ်သည်။ ထို့ပြင် ယဉ်ကျေးမှုပေါင်းစုံနှင့် နိုင်ငံတွင်းရှိ အဓိကလူမျိုးစု ဆိုင်ရာ ယဉ်ကျေးမှုလက္ခဏာများကို အသိအမှတ်ပြု သည့်အနေဖြင့် စင်ကာပူနိုင်ငံတွင် ဘာသာစကား လေးမျိုးကို အသုံးပြုပြီး ၎င်းတို့မှာအင်္ဂလိပ်၊ မလေး၊ မန်ဒရင်းနှင့် တမီးလ်တို့ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်ဘာသာစကားသည် အသုံးအများဆုံး ဘာသာစကားတစ်ခုဖြစ်ပြီး အများပြည်သူဝန် ဆောင်မှုအများအပြားတွင် သီးသန့်အသုံးပြုသည့် ဘာသာစကားတစ်ခုလည်းဖြစ်သည်။ ထို့ပြင် Multiracialism0g' ဝါဒ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားပြီး အမျိုးသားရေးမူဝါဒများကို ပညာရေး၊ အိမ်ရာနှင့် နိုင်ငံရေးတို့တွင် ပုံဖော်ထား ကြောင်းလည်း သိရသည်။ စင်ကာပူ၏သမိုင်း ကြောင်းကို ကြည့်မည်ဆိုလျှင်လွန်ခဲ့သည့် နှစ်ပေါင်း (၈၀ဝ) ကို ပြန်သွားရမည်ဖြစ်ပြီး Temasek ဟု လူသိများသော ရေကြောင်းကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ခဲ့ကာ tha lass ocratic အင်ပါယာ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်း သိရသည်။ ဗြိတိသျှအရှေ့အိန္ဒိယ အုပ်ချုပ်သူ Stamford Raffles သည် စင်ကာပူကို ဗြိတိသျှ အင်ပါယာ၏ ကုန်သွယ်ရေးစခန်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီးနောက် ၁၈၁၉ ခုနှစ်တွင် ၎င်း၏ခေတ်ပြိုင်ခေတ် စတင်ခဲ့ ကြောင်းသိရသည်။ ၁၈၆၇ခုနှစ်တွင် အရှေ့တောင်အာရှရှိ ကိုလို နီများကို ပြန်လည်စုစည်းခဲ့ပြီးနောက် စင်ကာပူ နိုင်ငံသည် ရေလက်ကြားအခြေချမှုများ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဗြိတိန်၏တိုက်ရိုက်ထိန်း ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း စင်ကာပူသည် ၁၉၄၂ခုနှစ် တွင် ဂျပန်တို့၏သိမ်းယူခြင်းကိုခံခဲ့ရပြီး ၁၉၄၅ ခုနှစ် တွင် ဂျပန်တို့လက်နက်ချပြီးနောက်သီးခြားအိမ်ရှေ့ ကိုလိုနီနိုင်ငံအဖြစ် ဗြိတိန်၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ စင်ကာပူသည် ၁၉၅၉ ခုနှစ် တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မလေးရှားပြည်ထောင်စု အသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ကြောင်းသိရ သည်။ သို့သော်လည်း စင်ကာပူ၏ ပထမဆုံးဝန်ကြီးချုပ် ဖြစ်သော လီကွမ်ယုဦးဆောင်သည့် နိုင်ငံရေးအတွေး အခေါ်များသည် မလေးရှား၏အခြားဖွဲ့စည်းပုံဆိုင်ရာ အဖွဲ့အစည်းများတွင် အယူဝါဒဆိုင်ရာ သဘောထား ကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့ပြီးနောက် မလေးရှား ပြည်ထောင်စုထံမှ စင်ကာပူကို ခွဲထုတ်ရန်အထိ ဦးတည်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်စင် ကာပူသည် ၁၉၆၅ ခုနှစ်တွင် လွတ်လပ်သော အချုပ် အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ စင်ကာပူ နိုင်ငံသည် သဘာဝအရင်းအမြစ်များနှင့် ကုန်းတွင်းပိုင်းမရှိသောကြောင့် အစောပိုင်းကာလ များအတွင်း အခက်အခဲများကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် အာရှကျား လေးကောင်အနက် တစ်ကောင်အဖြစ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်းသိရသည်။ ဖွံ့ဖြိုးတိုး တက်ပြီးသားနိုင်ငံတစ် နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဦးချင်းဂျီဒီပီ (PPP) အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံလည်းဖြစ်သည်။ထို့ပြင် စင်ကာပူသည် အဓိကလေကြောင်း၊ ဘဏ္ဍာရေးနှင့်ရေကြောင်းဆိုင် ရာကုန်သွယ်မှုများအတွက် အချက်အချာနေရာ ဖြစ်ပြီး နိုင်ငံခြား အလုပ်သမားများနှင့် ပြည်ပြေး များအတွက် နေထိုင်ရန် ဈေးအကြီး ဆုံးမြို့များထဲမှ တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံ ထားရကြောင်းသိရ သည်။ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင်အကျင့် ပျက် ခြစားမှုအနိမ့်ဆုံးအဆင့်ရှိသည့် နိုင်ငံတစ်နိုင် ငံလည်းဖြစ်ကြောင်းသိရသည်။ အာဆီယံအဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံ(၅)နိုင်ငံအနက် တစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွင်းဝန်များ ရုံး၊ ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အတွင်းဝန်များရုံးတို့၏ ဌာနချုပ်ဖြစ်ပြီး နိုင်ငံတကာ ညီလာခံများနှင့်ပွဲပေါင်းများစွာကို လက်ခံ ကျင်းပသည့် နိုင်ငံလည်းဖြစ်သည်။ စင်ကာပူနိုင် ငံသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ ဘက်မလိုက်သော လှုပ်ရှားမှုများနှင့် ဓနသဟာယနိုင်ငံများ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ကြောင်းသိရသည်။

 နိုင်ငံခြားဆက်ဆံရေး

စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးသည် အရှေ့တောင်အာရှနှင့် အနီးတစ်ဝိုက် ရှိနယ်မြေများတွင် လုံခြုံရေးကို ထိန်းသိမ်းပေးထား ကြောင်းသိရသည်။ စင်ကာပူနိုင်ငံ အခြေခံမူဝါဒမှာ ဒေသတွင်းတွင် နိုင်ငံရေးနှင့်စီးပွားရေးတည်ငြိမ်ရေးဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ (၁၈၀)ကျော် နှင့် သံတမန်ဆက်ဆံရေးများရှိကြောင်းသိရသည်။အာဆီယံအဖွဲ့တည်ထောင်သူနိုင်ငံ(၅)နိုင်ငံအနက် တစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ(AFTA)နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှုနယ်မြေ (AIA) တို့ကို ထောက်ခံအားပေးသည့်နိုင်ငံလည်း ဖြစ်သည်။

ထို့ပြင် စင်ကာပူသည် ကုလသမဂ္ဂတွင်ဆန္ဒ အလျောက် အလွတ်သဘောအဖွဲ့ဖွဲ့သည့် The Forum of Small States (FOSS) ၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း သိရသည်။ စင်ကာပူသည် အာရှဥရောပ အစည်း အဝေး၊ အရှေ့အာရှ-လက်တင်အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၊ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအဖွဲ့အစည်းနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး ကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ကြောင်းလည်းသိရသည်။ စင်ကာ ပူသည် G20 အဖွဲ့၏တရားဝင်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ၂၀၁၀ ပြည့်နှစ်မှစတင်ကာ G20 အဖွဲ့၏လုပ်ငန်းစဉ်များတွင် ပါဝင်ရန်ဖိတ်ကြားခံခဲ့ရကြောင်းသိရသည်။ စင်ကာပူသည် ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကောင်စီ (PECC) အတွင်း ဝန်များရုံး၏ တည်ရှိရာနေရာလည်းဖြစ်သည်။

စီးပွားရေး

တိုးချဲ့ကုန်သွယ်မှုအပေါ်အခြေခံထား သော စင်ကာပူနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သောစီးပွား ရေဈေးကွက်ရှိကြောင်းသိရသည်။ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့နှင့်အတူ စင်ကာပူ သည် အာရှကျားလေးကောင်အနက် တစ်ကောင် ဖြစ်ပြီး တစ်ဦးချင်းဂျီဒီပီနှင့်နှိုင်းယှဉ်မည်ဆိုပါက အခြားနိုင်ငံများကို ကျော်တက်သွားခဲ့ကြောင်းသိရသည်။၁၉၆၅ခုနှစ်နှင့် ၁၉၉၅ခုနှစ်အတွင်း စင်ကာ ပူ၏တိုးတက်မှုနှုန်းသည် တစ်နှစ်လျှင်ပျမ်းမျှ(၆)ရာခိုင်နှုန်းဝန်းကျင်ရှိပြီး လူဦးရေ၏လူနေမှုအဆင့် အတန်းကို ပြောင်းလဲစေခဲ့သည်။ စင်ကာပူနိုင်ငံ၏စီးပွားရေးကို လွတ်လပ်ကာ ဆန်းသစ်တီထွင်မှု၊ တက်ကြွမှုနှင့် စီးပွားရေးအရအဆင်ပြေမှုတစ်ခု အဖြစ် သတ်မှတ်ကြကြောင်းသိရသည်။ စင်ကာပူ သည် ၎င်း၏တည်နေရာ၊ ကျွမ်းကျင်လုပ်သား အင်အား၊ အခွန်နှုန်းနည်းပါးမှု၊ အဆင့်မြင့် အခြေခံ အဆောက်အအုံနှင့် အကျင့်ပျက်ခြစားမှုကို လက်မခံခြင်းစသည့်တို့၏ ရလဒ်အနေဖြင့် များပြား လှသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် လျက်ရှိကြောင်းသိရသည်။ နိုင်ငံပေါင်း (၆၄)နိုင်ငံ၏ ကမ္ဘာ့ပြိုင်ဆိုင်မှုအဆင့်သတ်မှတ်ချက် အရစင်ကာပူ နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် ကမ္ဘာပေါ်၌ စတုတ္ထ မြောက် ပြိုင်ဆိုင်မှုအရှိဆုံးစီးပွားရေး နိုင်ငံဖြစ်ခဲ့ပြီး တစ်ဦးချင်းဂျီဒီပီ (PPP) အမြင့်ဆုံးဖြစ်ကြောင်း လည်းသိရသည်။ သို့သော်လည်း စင်ကာပူလုပ်သား အင်အား၏ (၄၄) ရာခိုင်နှုန်းသည် စင်ကာပူနိုင်ငံသားမဟုတ်သူများဖြစ် ကြောင်းလည်းသိရသည်။

          ဈေးကွက် လွတ်လပ်ခွင့်ရှိသော်လည်းစင်ကာပူ အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများသည် နိုင်ငံဂျီဒီပီ၏(၂၂) ရာခိုင်နှုန်းကို ပံ့ပိုးပေးပြီး  စီးပွားရေးတွင် သိသာထင်ရှားသောအစုရှယ်ယာများရှိကြောင်းသိရသည်။

      စင်ကာပူသည် ညီလာခံများနှင့်ပွဲလမ်းသဘင်များအတွက်ရေပန်းအစားဆုံးနေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ၏ငွေကြေးမှာ စင်ကာပူဒေါ်လာ (SGD or S$) ဖြစ်ပြီး စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS)က ထုတ်ပေးခြင်းဖြစ်သည်။ (MAS) သည် စင်ကာပူဒေါ်လာ လဲလှယ်နှုန်းကို ထုတ်ဖော်ပြသ ခြင်းမရှိသော ကုန်သွယ်မှုဘောင်အတွင်း လုပ် ဆောင် ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏ငွေကြေးမူဝါဒကို စီမံခန့်ခွဲ ကြောင်း သိရသည်။ ထို့ပြင် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် (၁၁)ခုမြောက် အကြီးဆုံးနိုင်ငံခြားအရန်ငွေရှိသည့်နိုင်ငံဖြစ်ပြီး တစ်ဦးချင်းအသားတင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံးရှိသည့်  နိုင်ငံများထဲမှ တစ်နိုင်ငံလည်းဖြစ်ကြောင်းသိရသည်။     

 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လိုင်စင်မဲ့မော်တော်ယာဥ် တရားမဝင် ဝင်ရောက်မှုများလာခြင်းမှာ နယ်စပ်ဂိတ်များက တာဝန်ကျအဖွဲ့အစည်းများ၏ တာဝန်ယူမှုမရှိခြင်းကြောင့်ဟုဆို

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved