Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဂျင်တီးနားတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးနေချိန်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ALynn (NSS) - ဇွန် ၁၃

အာဂျင်တီးနားနိုင်ငံ၊ အထက်လွှတ်တော်က သမ္မတ Javier Milei ၏ စီးပွားရေး ပြင်ဆင်မွမ်းမံမှုများကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေကြမ်းတစ်ခုကို ဆွေးနွေးအတည်ပြုရန် ကြိုးပမ်းနေသည့်အတွက် ဗြူနိုအေးရိစ်မြို့တော်လမ်းမပေါ်တွင် ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည်။ 


ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်)တွင် ကွန်ဂရက်စ်အဆောက်အအုံတွင်စုရုံးခဲ့ကြပြီး အဆိုပြုထားသော ခြိုးခြံချွေတာရေးဥပဒေကြမ်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ဦးထုပ်များ၊ နံပါတ်တုတ်များ၊ ပလတ်စတစ်ဒိုင်းများ ကိုင်ဆောင်ကာ လူစုခွဲရန်ရောက်ရှိလာသည်။ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်များ၊ မီးသတ်ပိုက်များ အသုံးပြု၍ နှိမ်နင်းခဲ့သည်။ ဥပဒေပြုရေးကို ဆန့်ကျင်သည့် လူအုပ်ကြီးထဲမှ မျက်လုံးနှင့် အရေပြား မီးလောင်ဒဏ်ရာရရှိသူများကို ကုသရန်အတွက် အနီးနားရှိ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

“အာဂျင်တီးနားဒီမိုကရေစီအတွက် ဝမ်းနည်းစရာနေ့တစ်နေ့”ဟု အတိုက်အခံများကို ကိုယ်စားပြုသည့် Peronist နိုင်ငံရေးပါတီက ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့ပြီး “ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ဖိနှိပ်မှုတွေကို လုံးဝရှုတ်ချကြောင်း” ကြေညာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် Milei ၏အစိုးရသည် နေ့ခင်းဘက်တွင် ဆန္ဒပြသူအချို့အသုံးပြုသည့် အကြမ်းဖက်နည်း ဗျူဟာများကို ထောက်ပြခဲ့သည်။ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် တုတ်များကို လက်နက်အဖြစ် အသုံးပြုခြင်းစသည့် သတင်းများထွက်ပေါ်လာပြီးနောက် လူ ၁၈ ဦးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ထို့ပြင် အသံလွှင့်ဌာနပိုင် Cadena 3 ကားတစ်စီးကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။ ဗြူနိုအေးရိစ်မြို့ရှိ တရားရေးနှင့်လုံခြုံရေးဝန်ကြီး Waldo Wolff က လူတစ်ဦးကို လက်ပစ်ဗုံးဖြင့် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆန္ဒပြသူများသည် အစိုးရကို ဖြုတ်ချရန်နှင့် ကွန်ဂရက်၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်ရန်ကြိုးပမ်းခဲ့သည်ဟု အစိုးရက သုံးသပ်ခဲ့သည်။ Ley de Bases သို့မဟုတ် "အခြေခံဥပဒေ"ဟုခေါ်သော မငြိမ်မသက်မှုများ၏ အဓိက အကြောင်းရင်းဖြစ်သော ဥပဒေမူကြမ်းသည် သမ္မတ Milei ၏ လစ်ဘရယ်ဆန်သော အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်ရန် တွန်းအားပေးနေသည်။ Milei သည် ပြည်သူပိုင်ကုမ္ပဏီများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြင့် ၎င်း၏အုပ်ချုပ်ရေးအာဏာကို ကျယ်ပြန့်အောင်ချဲ့ထွင်နေသည်။ အာဂျင်တီးနားတွင် နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၀၀ ရာခိုင်နှုန်းနီးပါး ရှိနေသည်။ စရိတ်စကများ တိုးလာသည်နှင့်အမျှ ဆင်းရဲမွဲတေမှုလည်း တိုးလာသည်။ Milei က ၎င်း၏ ခြိုးခြံ ချွေတာမှု အစီအမံများသည် ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံ၏ ကြွေးမြီများကို ထိန်းထားနိုင် လိမ့်မည်ဟု ယူဆသော်လည်း ၎င်း၏ ပြင်းထန်သော ဖြတ်တောက်မှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု ဝေဖန်သူများက ခန့်မှန်းကြသည်။

အတိုက်အခံများ ထိန်းချုပ်ထားသော အထက်လွှတ်တော်တွင် Milei အဆိုပြုထားသော ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်မှုများ ပိုမိုမြင့်မားလာမည်ဟု နိုင်ငံရေးလေ့လာသူများက ယုံကြည်ကြ သည်။ Peronist Union သည် အထက်လွှတ်တော်၏ ၇၂ နေရာအနက်မှ ၃၃ နေရာရရှိထားပြီး Milei ၏ La Libertad Avanza ပါတီမှာ ၇ နေရာသာရရှိထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချဲ့ထွင်လုပ်ဆောင်လာသော အမေရိကန်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved