Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချဲ့ထွင်လုပ်ဆောင်လာသော အမေရိကန်

ALynn (NSS) - ဇွန် ၁၃

ရုရှား၏ “စစ်ပွဲစီးပွားရေး”နှင့်ဆက်နွှယ်သည်ဟု စွပ်စွဲခံရသည့် နောက်ထပ် လူပုဂ္ဂိုလ် ၃၀၀ နှင့် အဖွဲ့အစည်းများကို ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်)တွင် အမေရိကန်နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးဌာန၏အဆိုအရ ယခုအစီအမံများသည် မော်စကိုအား အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုမှ ရှောင်လွှဲနိုင်စေသည်ဟု ယူဆသော သံသယရှိသူများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားခြင်းဖြစ်သည်။


ရုရှားနှင့်၎င်း၏နိုင်ငံခြား မိတ်ဖက်များအကြား ကုန်သွယ်မှုမှာ ဒေါ်လာသန်း ၁၀၀ ဖြစ်သည်။ အမေရိကန်၏ ယခုပိတ်ဆို့အရေးယူမှုစာရင်းတွင် တရုတ်၊ ကာဂျစ်စတန်နှင့် တာကီယဲရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် ပါဝင်သည်ဟု ဘဏ္ဍာရေးဌာနက ကြေညာထားသည်။ အမေရိကန်နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှစ်ခုသည် ရုရှားရှိ အမေရိကန်နိုင်ငံသား မည်သူ့ကိုမဆို ဒီဇိုင်းဝန်ဆောင်မှုများ၊ အိုင်တီပံ့ပိုးမှုဝန်ဆောင်မှုများ၊ လုပ်ငန်းစီမံခန့်ခွဲမှု ဆော့ဖ်ဝဲ၊ ဒီဇိုင်းနှင့်ထုတ်လုပ်ရေးတို့အတွက် cloud-based ဝန်ဆောင်မှုများထောက်ပံ့ခြင်းမျိုး မပြုကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။ 

ဘဏ္ဍာရေးဌာနသည် အုပ်ချုပ်ရေးအမိန့်အမှတ် ၁၄၀၂၄ အရ Sberbank နှင့် VTB အပါအဝင် ရုရှား၏ စစ်ဘက်-စက်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများအားလုံးကို ဒဏ်ခတ်ပိတ်ဆို့မည့် စာရင်းတွင် ထည့်သွင်းရန် ပြန်လည်သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ ရုရှားနှင့် “ထင်ရှားသော အရောင်းအ၀ယ်ပြုလုပ်ခြင်း သို့မဟုတ် ကူညီဆောင်ရွက်ပေးခြင်း သို့မဟုတ် ဝန် ဆောင်မှုတစ်ခုခုကို ပံ့ပိုးပေးခြင်း” ဆက်နွှယ်မှုရှိသော ကြားနိုင်ငံများရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သွားမည်ဖြစ်သည်။  

အမေရိကန်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ရုရှားနှင့် ကုမ္ပဏီပေါင်း ၄,၀၀၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ အမေရိကန်၏ လှုပ်ရှားမှုသည် အီတလီတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေး မတိုင်မီတွင် သိမ်းဆည်းထားသော ရုရှား၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် ကြေညာရန်မျှော်လင့်ထားသည်။ သို့သော်လည်း အမေရိကန်နှင့် ၎င်း၏ EU မဟာမိတ်များအကြား ၎င်းနောက်တစ်ဆင့်အတွက် ညှိနှိုင်းမရအခြေအနေများရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်။

ရုရှားသည် အမေရိကန်၏ရန်လိုသည့် လုပ်ရပ်များကို တုံ့ပြန်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ ခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဝါရှင်တန်၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် မော်စကိုစတော့အိတ်ချိန်းသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကြောင့် ကြာသပတေးနေ့မှစတင်ကာ အမေရိကန် ဒေါ်လာနှင့် ယူရိုငွေများအသုံးပြု၍ အရောင်းအဝယ်ပြုလုပ်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသွားလာခွင့်အခကြေးငွေ ကောက်ခံမယ့်အစီအစဉ်ကို ထိုင်းအစိုးရဖျက်သိမ်း

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved