Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့်နှစ်များတွင်လည်း ယခုနှစ်အောင်ချက်အတိုင်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု မဟော်သဓာအထက်တန်းကျောင်း တာဝန်ရှိသူဆို

စော (NSS) - ဇွန် ၁၃

ယခုနှစ်အောင်ချက်ကောင်းသည့် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်) အနေဖြင့် သာသာရေးအသိပညာနှင့်တွဲကာ စာပေများကို သင်ကြားပေးနေပြီး လာမည့်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသူရိန်စိုးက NSS ကိုပြောသည်။


ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအပြင် ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၁ ရက်၊ နံနက် ၆ နာရီက ထုတ်ပြန်ကြေငြာခဲ့ရာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)မှ ဖြေဆိုသူ (၂၈၂)ဦးအနက် (၂၇၈)ဦး အောင်မြင်ကာ အဆိုပါအောင်မြင်သူများထဲတွင် (၆)ဘာသာစုံဂုဏ်ထူးရှင် (၁၄)ဦး၊  ၅ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၁)ဦးနှင့် ရိုးရိုးအောင်သူ (၁၅၉)  ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ၅၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။

“လာမည့်နှစ်မှာလဲ အခုနှစ်အတိုင်းပဲဆက်လက်ပြီးတိုးတက်အောင် ဆရာတို့ဆောင်ရွက်သွားမှာပါ။ ဆရာတော်ဘုရားရယ်၊ ဆရာကြီးရယ်၊ အုပ်ချုပ်ရေးတွေရယ်၊ ဂိုက်ဆရာ၊ ဆရာမတွေရယ်၊ သင်ကြားရေးဆရာ၊ ဆရာမတွေ အားလုံးက အခုလိုပဲစဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုရအောင်ကြိုးစားရတာထက် ဒီအောင်မြင်မှုတည်တံ့ဖို့အတွက် ထိန်းသိမ်းရတာပိုပြီးခက်ပါတယ်။ ဒါကြောင့်မိုလို့ ဒီနှစ်အောင်တဲ့ ဒီလိုအောင်ချက်မျိုး လာမဲ့နှစ်တွေမှာ ဆက်တိုက်ဒီထက်တိုးတက်အောင် ဒီအတိုင်းပဲ ဒီထက်ကောင်းတဲ့နည်းရှိရင်လည်း ဆက်လက်ကျင့်သုံးပြီးတော့ ဆရာတော်ဘုရားကလည်း ဒါတွေကို စဉ်ဆက်မပြတ် လေ့လာနေတာပါ”ဟု ၎င်းက ပြောသည်။

သင်ကြားရေး ဆရာ၊ ဆရာမများအနေဖြင့် လပိုင်းအလိုက် သင်ရိုးမာတိကာများကို ကြိုတင်ရေးဆွဲခြင်း၊ သင်ခန်းစာများကို ပြင်ဆင်ခြင်း၊ စနစ်တကျသင်ကြားပေးခြင်းတို့ ပြုလုပ်ပြီး ထပ်မံစစ်ဆေးလေ့ကျင့်ပေးကြောင်း သိရသည်။ အဆိုပါသင်ကြားမှုများကိုလည်း ကျောင်း အုပ်ဆရာကြီး၊ ဒုကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့များက ကြီးကြပ်ကွဲကဲလမ်းညွှန်ပေးကာ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်ခြင်း၊ အကြံပေးခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြောင်း သိရသည်။

ထို့ပြင် သင်ကြားရေးပိုင်းအနေဖြင့် ဆရာ၊ ဆရာများသည် အတန်းနှင့်အခန်းတိုင်းတွင် သင်ရိုးအားလုံးကို ပြတ်အောင်သင်ကြားပေးကာ သင်ပြီးပါက ဖြေဆိုခိုင်းခြင်း၊ လေ့ကျင့်ပေးခြင်း၊ revision ပြန်ပေးခြင်း၊ အစိုးရစာမေးပွဲကြီးတွင် စာမေးပွဲဖြေဆိုသည့်အတိုင်း စာရွက်များ၊ မေးခွန်းပုံစံများကို အကုန်ကျခံကာ သေချာဖြေဆိုလေ့ကျင့်ပေးထားကြောင်း သိရသည်။ “ဆရာတော် (ဓမ္မဒူတ-အရှင်ပညာဝရ) ရဲ့စိတ်ဓာတ်ရေးရာမြှင့်တင်ရေးလုပ်ငန်းက အဓိကကျတယ်။ ဆရာတော်က မနက်ပိုင်း အပိုစောင်း သင်ကြားမှုအနေနဲ့ ဘာသာရေး အသိပညာပေါ့ Grade 10 အတန်းတွေဆိုရင်လည်း Grade 10 အချိန် တွေက ရတနာဂုဏ်ရည်သင်ခန်းစာကို သင်တယ်။ Grade 11 ဆိုရင်လည်း ကိုယ်ကျင့်အဘိဓမ္မာသင်ခန်းစာကို သင်တယ်။ Grade 12 တွေဆိုရင်လည်းပဲ  ကြိုတင်ပြီးတော့ ကျောင်းသင်ခန်းစာတွေမသင်ခင် အချိန်ထဲကနေပြီးတော့ အနာဂတ်သာသနာရေး ကျမ်းစာသင်ပေးတယ်။ ဒါတွေသင်ရင်းနဲ့ ဆရာတော်က ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ ကို မြှင့်တင်ပေးတယ်။ စိတ်ဓာတ်တည်ငြိမ်မှုကို ဘာသာရေးအသိတရားနဲ့ တရားထိုင်ပြီးတော့ စိတ်တည်ငြိမ်မှုရအောင် အရင်ဆုံးကြိုးစားပေးတယ်” ဟု ဦးသူရိန်စိုးက ပြောသည်။

အဆိုပါကျောင်းကို လာရောက်ပညာသင်ကြားသူများတွင် တော်၊ သင့်၊ ညံ့ ကလေးများလည်း ပါဝင်သောကြောင့် ၎င်းတို့၏ လိုအပ်ချက်များကို သိအောင် စဉ်ဆက်မပြတ်လေ့ကျင့်စစ်ဆေးပေးကာ လိုအပ်မှုရှိသော ကလေးများအား လိုအပ်မှုရှိသည့်ဘာသာရပ်များကို မှတ်တမ်းတင်၍ သီးခြားထပ်မံ စနစ်တကျလေ့ကျင့်သင်ကြားပေးကြောင်း သိရသည်။ ထို့ပြင် အားကစားနှင့် ကြံ့ခိုင်မှုစွမ်းရည်အနေဖြင့် ညနေပိုင်းတွင် ပိုက်ကျော်ခြင်း ၊ ဘတ်စကတ်ဘော၊ ဘောလီဘောစသည်ဖြင့် ဆော့ကစားချိန်ပေးထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားကို ရန်ပုံငွေလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် တရားစွဲဆိုခံရ

RECENT POSTS
မြောက်ကိုရီးယား၌ ခေါင်းဆောင်အသစ် ထပ်မံပေါ်ပေါက်လာရန် ရှိနေ
14 Feb 2026
ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့စေလွှတ်ရန် အမေရိကန်ပြင်ဆင်နေဟုဆို
14 Feb 2026
အာတိတ်ဒေသတွင် တည်ရှိနေမှုကို အားကောင်းလာစေရန်အတွက် မစ်ရှင်တစ်ခုကို နေတိုးအဖွဲ့စတင်
14 Feb 2026
Myitkyina airport drone attack causes travel disruptions
14 Feb 2026
MAI က စတုတ္ထအကြိမ်မြောက် Chairman's Cup ဂေါက်ရိုက်ပြိုင်ပွဲကျင်းပ
14 Feb 2026
ရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက် ရာမန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အဖြစ် တွေ့မြင်ရဖွယ်ရှိနေ
14 Feb 2026
ပိုကီမွန်၏ ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းအတွက် သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည့် BLACKPINK အဖွဲ့ဝင် ဂျီဆိုး
14 Feb 2026
ရုရှားစစ်တပ်က နေတိုးအဖွဲ့ထက် ပိုပြီးမြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်နေ
14 Feb 2026
More PDF members rejoin society via growing legal awareness over past 5 years
14 Feb 2026
အီရန်အပေါ် စစ်ဆင်ရေးကြီး ဆင်နွှဲရန် အမေရိကန် စစ်တပ် ပြင်ဆင်နေပြီဟုဆို
14 Feb 2026
MAI က စတုတ္ထအကြိမ်မြောက် Chairman's Cup ဂေါက်ရိုက်ပြိုင်ပွဲကျင်းပ
14 Feb 2026
ကြက်သွန်နီဈေးကျဆင်းနေခြင်းကြောင့်စိုက်ပျိုးသူများအခက်ကြုံနေ
14 Feb 2026
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း ပထမဆုံး ခွေးရူးပြန်ရောဂါဖြင့် မြန်မာလုပ်သားတစ်ဦး သေဆုံး
14 Feb 2026
ပြည်ပသို့ တင်ပို့နိုင်သည့် မက္ကဒေးမီးယား စိုက်ပျိုးသူ များပြားလာ
14 Feb 2026
ဖေဖော်ဝါရီ (၈) ရက်မှ (၁၃) ရက်အထိ MSME လုပ်ငန်းရှင် တစ်ထောင်ကျော်ကို လုပ်ငန်း/စီးပွားချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့
14 Feb 2026
ယခု ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိ
14 Feb 2026
ဟွိုင်အန်းမြို့အကြောင်း
14 Feb 2026
အက်ပ်စတိန်း အရှုပ်တော်ပုံဆိုတာ ဘာလဲ၊ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်နေသလား
14 Feb 2026
တရုတ်(တိုင်ပေ)သမ္မတကို စစ်ပွဲလှုံ့ဆော်သူအဖြစ် တရုတ်အစိုးရ အမည်တပ်
14 Feb 2026
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ကျူးဘားကို ရေနံထောက်ပံ့ပေးဖို့ ရုရှား မျှော်လင့်နေ
14 Feb 2026
FOLLOW US

Copyright © News Services Station | All Right Reserved