Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့်နှစ်များတွင်လည်း ယခုနှစ်အောင်ချက်အတိုင်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု မဟော်သဓာအထက်တန်းကျောင်း တာဝန်ရှိသူဆို

စော (NSS) - ဇွန် ၁၃

ယခုနှစ်အောင်ချက်ကောင်းသည့် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်) အနေဖြင့် သာသာရေးအသိပညာနှင့်တွဲကာ စာပေများကို သင်ကြားပေးနေပြီး လာမည့်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသူရိန်စိုးက NSS ကိုပြောသည်။


ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအပြင် ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၁ ရက်၊ နံနက် ၆ နာရီက ထုတ်ပြန်ကြေငြာခဲ့ရာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)မှ ဖြေဆိုသူ (၂၈၂)ဦးအနက် (၂၇၈)ဦး အောင်မြင်ကာ အဆိုပါအောင်မြင်သူများထဲတွင် (၆)ဘာသာစုံဂုဏ်ထူးရှင် (၁၄)ဦး၊  ၅ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၁)ဦးနှင့် ရိုးရိုးအောင်သူ (၁၅၉)  ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ၅၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။

“လာမည့်နှစ်မှာလဲ အခုနှစ်အတိုင်းပဲဆက်လက်ပြီးတိုးတက်အောင် ဆရာတို့ဆောင်ရွက်သွားမှာပါ။ ဆရာတော်ဘုရားရယ်၊ ဆရာကြီးရယ်၊ အုပ်ချုပ်ရေးတွေရယ်၊ ဂိုက်ဆရာ၊ ဆရာမတွေရယ်၊ သင်ကြားရေးဆရာ၊ ဆရာမတွေ အားလုံးက အခုလိုပဲစဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုရအောင်ကြိုးစားရတာထက် ဒီအောင်မြင်မှုတည်တံ့ဖို့အတွက် ထိန်းသိမ်းရတာပိုပြီးခက်ပါတယ်။ ဒါကြောင့်မိုလို့ ဒီနှစ်အောင်တဲ့ ဒီလိုအောင်ချက်မျိုး လာမဲ့နှစ်တွေမှာ ဆက်တိုက်ဒီထက်တိုးတက်အောင် ဒီအတိုင်းပဲ ဒီထက်ကောင်းတဲ့နည်းရှိရင်လည်း ဆက်လက်ကျင့်သုံးပြီးတော့ ဆရာတော်ဘုရားကလည်း ဒါတွေကို စဉ်ဆက်မပြတ် လေ့လာနေတာပါ”ဟု ၎င်းက ပြောသည်။

သင်ကြားရေး ဆရာ၊ ဆရာမများအနေဖြင့် လပိုင်းအလိုက် သင်ရိုးမာတိကာများကို ကြိုတင်ရေးဆွဲခြင်း၊ သင်ခန်းစာများကို ပြင်ဆင်ခြင်း၊ စနစ်တကျသင်ကြားပေးခြင်းတို့ ပြုလုပ်ပြီး ထပ်မံစစ်ဆေးလေ့ကျင့်ပေးကြောင်း သိရသည်။ အဆိုပါသင်ကြားမှုများကိုလည်း ကျောင်း အုပ်ဆရာကြီး၊ ဒုကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့များက ကြီးကြပ်ကွဲကဲလမ်းညွှန်ပေးကာ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်ခြင်း၊ အကြံပေးခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြောင်း သိရသည်။

ထို့ပြင် သင်ကြားရေးပိုင်းအနေဖြင့် ဆရာ၊ ဆရာများသည် အတန်းနှင့်အခန်းတိုင်းတွင် သင်ရိုးအားလုံးကို ပြတ်အောင်သင်ကြားပေးကာ သင်ပြီးပါက ဖြေဆိုခိုင်းခြင်း၊ လေ့ကျင့်ပေးခြင်း၊ revision ပြန်ပေးခြင်း၊ အစိုးရစာမေးပွဲကြီးတွင် စာမေးပွဲဖြေဆိုသည့်အတိုင်း စာရွက်များ၊ မေးခွန်းပုံစံများကို အကုန်ကျခံကာ သေချာဖြေဆိုလေ့ကျင့်ပေးထားကြောင်း သိရသည်။ “ဆရာတော် (ဓမ္မဒူတ-အရှင်ပညာဝရ) ရဲ့စိတ်ဓာတ်ရေးရာမြှင့်တင်ရေးလုပ်ငန်းက အဓိကကျတယ်။ ဆရာတော်က မနက်ပိုင်း အပိုစောင်း သင်ကြားမှုအနေနဲ့ ဘာသာရေး အသိပညာပေါ့ Grade 10 အတန်းတွေဆိုရင်လည်း Grade 10 အချိန် တွေက ရတနာဂုဏ်ရည်သင်ခန်းစာကို သင်တယ်။ Grade 11 ဆိုရင်လည်း ကိုယ်ကျင့်အဘိဓမ္မာသင်ခန်းစာကို သင်တယ်။ Grade 12 တွေဆိုရင်လည်းပဲ  ကြိုတင်ပြီးတော့ ကျောင်းသင်ခန်းစာတွေမသင်ခင် အချိန်ထဲကနေပြီးတော့ အနာဂတ်သာသနာရေး ကျမ်းစာသင်ပေးတယ်။ ဒါတွေသင်ရင်းနဲ့ ဆရာတော်က ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ ကို မြှင့်တင်ပေးတယ်။ စိတ်ဓာတ်တည်ငြိမ်မှုကို ဘာသာရေးအသိတရားနဲ့ တရားထိုင်ပြီးတော့ စိတ်တည်ငြိမ်မှုရအောင် အရင်ဆုံးကြိုးစားပေးတယ်” ဟု ဦးသူရိန်စိုးက ပြောသည်။

အဆိုပါကျောင်းကို လာရောက်ပညာသင်ကြားသူများတွင် တော်၊ သင့်၊ ညံ့ ကလေးများလည်း ပါဝင်သောကြောင့် ၎င်းတို့၏ လိုအပ်ချက်များကို သိအောင် စဉ်ဆက်မပြတ်လေ့ကျင့်စစ်ဆေးပေးကာ လိုအပ်မှုရှိသော ကလေးများအား လိုအပ်မှုရှိသည့်ဘာသာရပ်များကို မှတ်တမ်းတင်၍ သီးခြားထပ်မံ စနစ်တကျလေ့ကျင့်သင်ကြားပေးကြောင်း သိရသည်။ ထို့ပြင် အားကစားနှင့် ကြံ့ခိုင်မှုစွမ်းရည်အနေဖြင့် ညနေပိုင်းတွင် ပိုက်ကျော်ခြင်း ၊ ဘတ်စကတ်ဘော၊ ဘောလီဘောစသည်ဖြင့် ဆော့ကစားချိန်ပေးထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားကို ရန်ပုံငွေလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် တရားစွဲဆိုခံရ

RECENT POSTS
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
20 May 2025
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
20 May 2025
အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ
20 May 2025
ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
20 May 2025
UEC ကို မင်းသားခန့်စည်သူ သိန်း ၂၀၀ ဖိုး လှူဒါန်းခြင်း၊ လားရှိုးမှာ လဝက လုပ်ငန်းတွေ ပြန်စပြီ၊ မပြေလည်သေးတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားကိစ္စ၊ NUG-PDF တို့ရဲ့ကမ္ဘာ့ပထမဆုံး ထူးခြားတဲ့လက်နက်(၁၉၊၅၊၂၀၂၅)
19 May 2025
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည် ကို တိုးမြှင့်မည်
19 May 2025
ပြင်သစ်တွင် Made in Myanmar ထုတ်ကုန်များ ပြသမည်
19 May 2025
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ
19 May 2025
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
19 May 2025
အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
19 May 2025
အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်
19 May 2025
KNU စောထူးထူးလေး ကွယ်လွန်မှုနဲ့ EAO ခေါင်းဆောင်ဟောင်းတို့ ရွက်ဟောင်းကြွေချိန်၊ UEC နဲ့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီကြားက အလွဲ၊ ဇူလိုင်လ ကြားဖြတ်အစိုးရ အဖွသတင်း၊ ဟာသ သရုပ်ဆောင်စူပါလင်းရဲ့ယာဥ်မတော်တဆမှု (၁၈၊ ၅၊ ၂၀၂၅)
18 May 2025
အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော
18 May 2025
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
18 May 2025
အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်
18 May 2025
နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ
18 May 2025
“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”
18 May 2025
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
18 May 2025
CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
18 May 2025
အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ
18 May 2025
FOLLOW US

Copyright © News Services Station | All Right Reserved