Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဘာတွေထူးခြားလဲ (ဆောင်းပါး)

သန်းထိုက်စိုး (NSS) - ဇွန် ၁၂

တောင်ကိုရီးယား၊ တရုတ်၊  ဂျပန် သုံးနိုင်ငံ တို့မှခေါင်းဆောင်များသည် ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။ လေးနှစ်ကျော်ကာလအတွင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ပထမဆုံး ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ၂၀ဝ၈ ခုနှစ်ကတည်းက ပုံမှန်စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကိုဗစ်ကပ်ရောဂါ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကြား ဆက်ဆံရေး အဆင်မပြေမှုတို့ကြောင့် ၂၀၁၉ ခုနှစ်ကတည်းက မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် တောင်ကိုရီးယားနိုင်ငံသည် တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများဖြစ်လာကာ ဂျပန်နိုင်ငံနှင့်ဆက်ဆံရေး ပုံမှန် ပြန်ရောက်လာရန်ကြိုးပမ်းခဲ့သည်။ ထို့ပြင် အမေရိကန်နှင့်လည်း ပိုမိုနီးကပ်လာခဲ့သည်။ 

ထိုအခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိက မဟာ မိတ် နှစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသည့် အမေရိကန်၏အားထုတ်နေမှုအပေါ်တုံ့ပြန်ရန် နည်းလမ်းရှာဖွေလာခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်း ရှိသည်။ ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံတို့သည်လည်း အမေရိကန်နှင့်တရုတ်တို့ကြား တွင် စစ်ရေး၊ စီးပွားရေးအားပြိုင်မှုများကြား ဟန်ချက်ညှိနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် အမေရိကန်၏ လုံခြုံရေးမဟာမိတ်များဖြစ်ပြီး ဒေသတွင်းတွင် ပူးတွဲစစ် ရေး လေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း စီးပွားရေးအရ တရုတ်နိုင်ငံအပေါ်မှီခိုနေရပြီး အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်များလည်းဖြစ်သည်။ 

အမေရိကန်နိုင်ငံအနေဖြင့် အာရှသုံးနိုင်ငံ အလှည့်ကျဆွေးနွေးပွဲ ပြန်လည်ကျင်းပခြင်းအပေါ် စိုးရိမ်စရာမရှိဟု အမေရိကန်သုတေသီတို့ကဆိုသည်။ သို့သော် အမေရိကန်၏ မဟာမိတ်များတွင်လည်း စီမံခန့်ခွဲရမည့် ကိုယ်ပိုင်အကျိုးစီးပွားများရှိနေကြောင်း အဆိုပါ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲက အမေရိ ကန်ကို အချက်ပေးနေခြင်းဖြစ်သည်ဟု အမေရိကန် သုတေသီတို့ကယူဆသည်။ 

အစဉ်အလာအားဖြင့်ကြည့်ပါက တောင်ကိုရီးယားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်နှင့် တရုတ်ဝန်ကြီး ချုပ်တို့သည် အစိုးရအဖွဲ့ကိုဦးဆောင်ရသူများဖြစ်ကြပြီး လုံခြုံရေးကိစ္စရပ်များထက် စီးပွားရေး ကိစ္စရပ် များကို အဓိကထားဆောင်ရွက်ရန် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာကြခြင်းဖြစ် သည်။ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံး ကျင်းပခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက အခြေ အနေမှာ များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခု အချိန်တွင်မူ ရုရှားက ယူကရိန်းကို တိုက်ခိုက်နေချိန်၊ တရုတ်နိုင်ငံက ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်အင် အားတိုးမြှင့်ပြသနေချိန်၊ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်အစီအစဉ်များ တိုးမြှင့်ပြုလုပ်နေချိန်ဖြစ်သည်။ အဆိုပါအခြေအနေများသည် ဂျပန် နှင့်တောင်ကိုရီးယားနိုင်ငံတို့ကို အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စေရန် တွန်းအားတစ်ရပ် ဖြစ်စေ ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နှင့်ပူးပေါင်း ဆောင်ရွက်သကဲ့သို့ တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ချိတ်ဆက်မှုများရှိနေသည်။ ဂျပန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးမဟာဗျူဟာသည် တရုတ်နိုင်ငံနှင့်အပြုသဘောဆောင်ပြီး တည်ငြိမ်သည့်ဆက်ဆံရေးထားရှိ ရန် ရည်ရွယ်ထားသည်။ အထူးသဖြင့် စီးပွားရေးအရ ဆက်စပ်မှုများကို ထိန်းသိမ်းရန်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အင်ဒိုပစိဖိတ်မဟာဗျူဟာသည်လည်း သုံးပွင့်ဆိုင်ထိပ်သီး ဆွေးနွေးပွဲ ပြန်လည်စတင်ရန် ဖြစ်သည်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှု နှေးကွေးစေရန်နှင့် စစ်ရေးရည်မှန်း ချက်များကို တန်ပြန်ရန်ရည်ရွယ်ပြီး အင်ဒိုပစိဖိတ် ဒေသတစ်လျှောက် မဟာမိတ်များစုဖွဲ့လာခဲ့သည်။ တရုတ်နိုင်ငံကလည်း အမေရိကန်၏ အဆိုပါကြိုးပမ်းအားထုတ်မှုဖိအားအပေါ် တန်ပြန်ရန်အတွက် အာရှ စီးပွားရေး အင်အားကြီးနှစ်နိုင်ငံနှင့်ဆွေးနွေးမှု ပြန်လည်စတင်လိုခြင်းဖြစ်နိုင်သည်ဟု လေ့လာ သူများက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံကလည်း ၎င်းအား အမေရိကန်နှင့်သူ၏ မဟာမိတ်များက ဝိုင်းရံထားသည်ဟုခံစားနေရသည့်အတွက် ပြန်တွန်းလိုခြင်းလည်း ဖြစ်နိုင်သည်ဟု တိုကျိုတက္ကသိုလ်မှ နိုင်ငံတကာနိုင်ငံရေးပါမောက္ခတစ်ဦးဖြစ်သူ့ Yasuhiro Matsuda က ဆိုသည်။ သမ္မတ ဂျိုးဘိုင်ဒန်သည် လွန်ခဲ့သည့်နွေရာသီက Camp David စခန်းတွင် ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များနှင့်တွေ့ဆုံ ပြီး မိတ်ဖက်ဖြစ်မှုခေတ်သစ် “new era of part­nership” အဖြစ်ကြေညာပြီးနောက်တွင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည်စတင်ရန် တရုတ်အရာရှိများက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား အရာရှိ များကဆိုသည်။

ယခု သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် သုံး နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစနစ် အပြည့်အဝ ပြန်လည် ရရှိစေခြင်းနှင့် ပုံမှန်ပြန်ဖြစ်စေရေးအတွက် အလှည့်အပြောင်းတစ်ခုဖြစ်နိုင်သည်ဟု တောင်ကိုရီးယား လုံခြုံရေးအကြံပေးတစ်ဦးဖြစ်သည့် Kim Tae hyo က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြော ဆိုခဲ့သည်။ ပိုမိုကောင်းမွန်သည့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခြင်းသည် ဒေသတွင်းတည်ငြိမ်ရေးအ တွက် အရေးကြီးသုံးနိုင်ငံတို့မှာ သီးခြားခွဲထုတ်၍ မရသည့် အိမ်နီးချင်းများအဖြစ် ရှေ့ဆက်ကြရမည်ဖြစ် သည်ဟု တရုတ်ပညာရှင်များကလည်း သုံးသပ်ကြသည်။ လျှပ်စစ်ကားများအပါအဝင် တရုတ်သွင်းကုန် များအပေါ် အမေရိကန်နိုင်ငံက သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံရန်ကြိုးပမ်းနေချိန်တွင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံထံမှ ထောက်ခံမှုရရှိရန် တရုတ်နိုင်ငံက နည်းလမ်းရှာနေခြင်းဖြစ်သည်ဟု နန်နင်းတက္ကသိုလ် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ညွန်ကြားရေးမှူးဖြစ်သူ Zhu Feng ကဆို သည်။ ဂျပန်နိုင်ငံကလည်း တရုတ်နိုင်ငံနှင့်ဆက်သွယ်ရေး လမ်းကြောင်းဆက်ဖွင့်ထားရန် စိတ်ဝင်စား သည်။ ဂျပန်နိုင်ငံသည် အထူးသဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုအပေါ် စိုးရိမ်မှုရှိကြောင်း တိုကျိုတက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးပါ မောက္ခတစ်ဦးဖြစ်သူ Yasuhiro Matsuda က ဆိုသည်။ ဂျပန်နိုင်ငံ၏ဒီပလိုမေစီမှာ တရုတ်နိုင်ငံ နှင့်ပတ်သက်၍ ကြိုတင်ဟန့်တားရေးမူဘောင် တည်ဆောက်ရန်ဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည့် တရုတ်နိုင်ငံ ၏ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားနေသည့်အတွက် ဆက်သွယ်ရေးလမ်းကြောင်း ဆက်ထားခြင်း သည်သာ ကြိုတင်ဟန့်တားရေးကို အထောက်အပံ့ဖြစ်စေနိုင်သည်ဟု Yasuhiro Matsuda က ယူဆ သည်။ ဂျပန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များ၊ မြောက် ကိုရီးယားနှင့် ရုရှားတို့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းတို့နှင့် ပတ်သက်၍ အရှိန်သတ်နိုင်ရေး တရုတ်နိုင်ငံကို ဖိအားတစ်စုံတစ်ရာပေးလိုပုံရသည်။  သို့သော် တရုတ်ဝန်ကြီးချုပ် လီချန်းက လက်ခံလို ပုံမရ။ တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးရည်မှန်းချက်များကို ပိတ်ဆို့ဟန့်တားရန် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ တရုတ် နှင့်ရုရှားတို့သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် ကြိုးပမ်းမှုအပေါ် ဗီတိုအာဏာသုံး၍ တညီတညွတ်တည်း ပယ်ချ ခဲ့ကြသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကုန်ထုတ်လုပ်မှု ကွင်းဆက်ကိုကာကွယ်ခြင်း၊ ကုန်သွယ်ရေးမြှင့်တင် ခြင်း၊ သမ္ဘာရင့်နိုင်ငံသား များပြားလာခြင်း၊ အသစ်ပေါ်ထွက်လာသည့် ကူးစက်ရောဂါများ စသည့်ဘုံသ ဘောတူညီချက်အပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။ သို့သော် ခေါင်းဆောင်များသည် ထိုင်ဝမ်၊ မြောက်ကိုရီးယား စသည့် ထိရှလွယ်သည့် ဒေသတွင်း ဆိုင်ရာလုံခြုံရေးကိစ္စများနှင့်ပတ်သက်၍မူ သတိကြီးစွာ ထား၍ဆွေးနွေးခဲ့ကြသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအပေါ် စိုးရိမ်ချက်ရှိသည်။ ထို့ပြင် ၎င်းအပေါ် တစ်ဖက်သတ် ချမှတ်ထားသည့် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အန်တုပြီး ရုရှားနိုင်ငံနှင့် လက်နက်ရောင်းဝယ်မှု တိုးချဲ့လာခဲ့သည်ဟု သတင်းတချို့ကဆိုသည်။ ရုရှား နိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များနှင့် ကျည်ဆန်များ ရောင်းချပေးသည်။ ရုရှားနိုင်ငံကလည်း အပြန်အလှန်အားဖြင့် မြောက် ကိုရီးယားနိုင်ငံ၏ မစ်ဆိုင်းဒုံးကျည်အစီအစဉ်ကို အထောက်အပံ့ဖြစ်စေသည့် စွမ်းအင်နှင့်နည်းပညာ ဆိုင်ရာ အထောက်အပံ့များ ပြန်ပေးသည်ဟုလည်း ဆိုပါသည်။ ဂျပန်နှင့် တောင်ကို ရီးယားတို့က တရုတ်နိုင်ငံကို မြောက်ကိုရီးယားအပေါ် နားချစေလိုကြသည်။ သို့သော် တရုတ်နိုင်ငံကလည်း မြောက်ကိုရီးယားအပေါ် ၎င်း၏ဩဇာကို အသုံးပြုရန် ဆန္ဒရှိပုံမရပါ။ 

ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအားလုံး၏ ငါးပုံတစ်ပုံရှိသော အရှေ့တောင်အာရှအိမ်နီးချင်း နိုင်ငံများသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။ အထူးသဖြင့် ကပ်ရောဂါ လွန် ကာလစီးပွားရေးနှေးကွေးမှုမှ ပြန်လည်နာလန်ထူရေးနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ ပိုင်နက်အတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၈၀ဝ၀ ကျော်လက်ခံထားပြီး အရေးကြီးဆုံးမဟာမိတ်အဖြစ် ခံယူထားသည်။ သို့ သော် တရုတ်နိုင်ငံနှင့် စီးပွားရေးအရဆက်ဆံမှု တိုးမြှင့်ရန် လုပ်ငန်းရှင်များ၏ ပြည်တွင်းဖိအားများကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် ၎င်း၏ကြီး မားသည့်ဈေးကွက်ဖြင့် ဂျပန်နှင့် တောင်ကိုရီးယား လုပ်ငန်းရှင်များအတွက် မက်လုံးပေးနိုင်ပြီး အမေရိကန်၏လွှမ်းမိုးမှုအချို့ကို မှေးမှိန်စေနိုင်သည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းသည့်အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး သုံးနိုင်ငံကြား လွတ်လပ်သည့်ကုန်သွယ်ရေး သဘော တူညီချက်ရရှိရေး ဆွေးနွေးပွဲပြန်စရန် သဘောတူညီခဲ့သည်။

ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နိုင်ငံကို အာရှဒေသတွင် တရုတ်နိုင်ငံကို ထိန်းညှိပေးသူအဖြစ် ရှိစေလိုသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို နောက်ဆုံးပေါ် တစ်ပိုင်းလျှပ် ကူးပစ္စည်းများအသုံးမပြုနိုင်စေရန် ကန့်သတ်ချက်များ တစ်လှေကြီးချမှတ်ထားသည်။ ဂျပန်နှင့်တောင် ကိုရီးယားနိုင်ငံတို့ကိုလည်း ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေသည်။ တရုတ်ဝန်ကြီးချုပ်လီချန်းကမူ ဗဟုဝင်ရိုးကမ္ဘာ အထိုင်ပုံဖော်ရန်တိုက်တွန်းခြင်းဖြင့် အမေရိကန်ကို ဝေ ဖန်ခဲ့ပြီး ကုန်သွယ်ရေးကိစ္စကို နိုင်ငံရေးကိစ္စအဖြစ် အသုံးမချရန်နှင့် အုပ်စုများဖွဲ့စည်းရန် ကြိုးပမ်းသည့် မည်သို့သော အားထုတ်မှုကိုမဆို ဆန့်ကျင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သမိုင်းကြောင်းနှင့်ချီသည့် အငြင်းပွားမှုများကြောင့် ဆက်ဆံရေးယိုယွင်းခဲ့သည့် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် မကြာသေး မီ နှစ်များအတွင်းက ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ နှစ်နိုင်ငံတို့သည် မြောက်ကိုရီးယား နှင့် တရုတ်တို့ကို ကြိုတင်ဟန့်တားမှုဟုဆိုကာ အမေရိကန်နိုင်ငံနှင့် သုံးပွင့်ဆိုင် စစ်ရေး ပူးပေါင်း ဆောင် ရွက်မှုကို တိုးချဲ့ခဲ့ကြသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ သည် တရုတ်နိုင်ငံအတွင်း စီးပွားရေး လုပ်ကိုင်ရခြင်း နှင့်ပတ်သက်၍ ပိုမိုခက်ခဲလာခြင်းကိုဖြေရှင်းပေးရန် တရုတ်အစိုးရအား တောင်းဆို ခဲ့ကြသည်။ သူလျှိုပြုလုပ်သည်ဟူသော သံသယဖြင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဂျပန်နိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကတိုက်တွန်းခဲ့သည်။ အမေရိကန်နှင့် ပိုမိုနီးကပ်လာသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို လက်ထက်တွင် တရုတ် နိုင်ငံသို့ တောင်ကိုရီးယား၏ ပို့ကုန်များ ဇောက်ထိုးကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသည် တရုတ်၏နေရာတွင် အစားထိုးဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအဖြစ် တောင်ကိုရီးယား၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်လာခဲ့သည်ဟု တရားဝင် ထုတ်ပြန်သည့် အစိုးရ သတင်းအချက်အလက်များက ပြဆိုနေသည်။ 

သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် သဘောတူညီနိုင်ခဲ့ခြင်းသည် အရှေ့မြောက် အိမ် နီးချင်းသုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ် သည်ဟု ပညာရှင်းများကယူဆကြသည်။ သုံးနိုင်ငံလုံးသည် ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများနှင့် စစ်ပွဲများ ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးအရ မသေချာမရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ သုံး ပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်စရန် သဘောတူညီလိုက်ခြင်း အပေါ် အပြုသဘော တိုးတက်မှုအဖြစ် ယူဆခြင်း မှာ ဆီလျော်သည်။ သို့သော် သုံးနိုင်ငံကြားတွင် ရှုပ်ထွေးသည့်ပြဿနာများကလည်းရှိနေပြန်ရာ ၎င်းတို့ ကြား ပူးပေါင်းဆောင်ရွက်မှုကို မည်သို့သောအတိုင်းအတာအထိ မြှင့်တင်နိုင်မည်ဆိုသည်မှာမူ မသိကိန်း တစ်ခုသာဖြစ်သည်။ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ လုံခြုံစိတ်ချရ သည့် ကုန်ထုတ်လုပ်မှုကွင်းဆက်များ တည်ဆောက်ရေး၊ မျှဝေခံစားနေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ကျန်းမာရေးနှင့် အခြားသောကိစ္စရပ်များ ဖြေရှင်းနိုင်ရေး အတူတကွပူးပေါင်းဆောင်ရွက် ရေးတို့တွင် ခေါင်းဆောင်သုံးဦးတို့က သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို က ဆိုသည်။ သုံးနိုင်ငံလုံးသည် ဒေသတွင်းငြိမ်းချမ်းရေးအတွက် ကြီးမားသည့်တာဝန်များကို မျှဝေယူကြ ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကဆိုသည်။ သံသယများပျောက်ပြီး ယုံကြည်မှုများတိုးလာစေရန် ရိုး သားသည့်ဆွေးနွေးမှုဖြစ်ရန်၊ ဗဟုဝင်ရိုးကမ္ဘာမြှင့်တင်ရန်နှင့် အုပ်စုများဖွဲ့စည်းခြင်းကို ဆန့်ကျင်ရန် လိုအပ်သည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းကဆိုသည်။

အမေရိကန်နိုင်ငံမှ 400 U.S Tomahawk  တာဝေးပစ် ခရုမစ်ဆိုင်းဒုံးကျည်များဝယ်ယူမည့် ဂျပန်နိုင်ငံ၏အစီအစဉ်နှင့် အနောက်ပစိဖိတ်ဒေသရှိ ၎င်းတို့၏လှုပ်ရှားမှုများကို အထောက်အပံ့ ဖြစ်စေရန် ဂျပန်နိုင်ငံတွင် အမေရိကန်စစ်သင်္ဘောများ ပြင်ဆင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေသည်။ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်သုံးနိုင်ငံကြား စစ်ရေးလေ့ကျင့်မှု တိုးချဲ့လာခြင်းနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံက ကန့်ကွက်ထား ပြီးဖြစ်သည်။ သုံးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲကို မကြာမီရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ ဂြိုဟ်တုလွှတ်တင့်မည့်အစီအစဉ်က လွှမ်းမိုးထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ဂြိုဟ်တု လွှတ်တင်မှုကိုမဆို မပြုလုပ်ရန် ကုလသမဂ္ဂက တားမြစ်ထားသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်စွမ်း တိုးမြှင့်ရန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ပိုမိုစောင့်ကြည့် နိုင်ရန်အတွက် သူလျှိုဂြိုဟ်တုများလိုအပ်သည်ဟု ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောထားသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဂြိုဟ်တုများဆက်လွှင့်တက်နေမည်ဆိုပါက ပြင်းထန်သည့် နိုင်ငံတကာ အရေးယူမှုများပြုလုပ်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက တိုက်တွန်းခဲ့သည်။  ဂြိုဟ်တုလွှင့် တင်မည့်အစီအစဉ်များကို ပြန်လည်ရုပ်သိမ်းရန် ဂျပန်ဝန်ကြီးချုပ်ခီရှီဒါးက မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီချန်းကမူ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရေး နိုင်ငံရေးနည်းအရ ဖြေရှင်းဆောင်ရွက်ရန်သာ ပြောဆိုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်းသည် ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးနှင့်ရော၊ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့်ပါ နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း သီးသန့်တွေ့ဆုံခဲ့ကြသည်။ တောင်ကိုရီးယား သမ္မတ ယွန်ဆော့ယိုသည် တရုတ်ဝန်ကြီးချုပ်လီချန်းအား ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး မြှင့်တင် ရန်၊ ရုရှားနှင့် စစ်ရေးအရ နက်နက်ရှိုင်းရှိုင်းဆက်ဆံမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကလည်း တရုတ်ဝန်ကြီးချုပ် လီချန်းအား တောင်တရုတ်ပင်လယ် အခြေအနေ၊ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှန်ဂျန်းဒေသ၊ ဟောင်ကောင်၊ ထိုင်ဝမ်အရေးတို့နှင့်ပတ်သက်၍ စိုးရိမ်ကြောင်းပြောဆိုခဲ့သည်။ ထိုင်ဝမ်ကိစ္စကို ပြည်တွင်းရေးအဖြစ် တရုတ်နိုင်ငံက အခိုင်အမာ ရပ်တည်ထားပြီး ဖြတ်သန်း၍မရသည့်မီးနီလိုင်းဖြစ်သည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ဂျပန်ဝန်ကြီးချုပ် ခီရှီဒါးကိုပြောဆိုခဲ့သည်။ တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း ဂျပန် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ဝေဖန်ပြောကြားခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကြား ကွဲပြားမှုများရှိသော်လည်း အခုကဲ့သို့ သုံးပွင့် ဆိုင်ဆွေးနွေးပွဲ ပြန်လည်ကျင်းပခြင်းသည် စိုးရိမ်ဖွယ်ရာကိစ္စရပ်များ ဖြေရှင်းရေးအတွက် အရေးကြီး သည်ဟု ကမ္ဘာ့ခေါင်းဆောင်များက ပြောဆိုကြသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အတူ ပူးတွဲတည် ရှိရန် လိုအပ်ပြီး တင်းမာမှုများအရှိန်မတက်အောင်ထိန်းသိမ်းရမည်ဟု ဂျပန်နိုင်ငံ၏ Cabinet Secretary for Public Affairs  ဖြစ်သူ Noriyuki Shikata ကလည်းပြောသည်။ သုံးနိုင်ငံ လွတ်လပ်သော ကုန် သွယ်ရေး သဘောတူညီချက်ရရှိအောင် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ခြင်းသည် ပါဝင်သူအား လုံးအတွက် အပြုသဘောခြေလှမ်းဖြစ်ပြီး သုံးနိုင်ငံလုံးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ကာလရှည် ကြာကတည်းက သက်သေပြခဲ့ပြီးဖြစ်သည်ဟု အမေ ရိကန်နိုင်ငံ Dartmouth College မှ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာလုံခြုံရေးပညာရှင်တစ်ဦးဖြစ်သူ Dr. Minseon Ku ကလည်း ယူဆသည်။ အာရှစီးပွားရေးအင်အားကြီးသုံးနိုင်ငံသည် အာရှဒေသတွင် စစ်ရေးအရ ထိပ်တိုက်တွေ့မှုများကိုရှောင်ရှားပြီး အငြင်းပွားဖွယ်ရာများကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်စွမ်းရှိကြောင်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ခြင်းက သက်သေ တစ်ခုဖြစ်ကြောင်း  တောင်ကိုရီးယား၊ တရုတ်၊  ဂျပန် သုံးပွင့် ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သည့် သဘောထား အမြင်တချို့ကို ကောက်နုတ်တင်ပြရပါသည်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်နက်ဝယ်ယူမှုတို့နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတရဲ့သားဖြစ်သူဟန်တာဘိုင်ဒန်မှာ အပြစ်ရှိကြောင်း တရားသူကြီးများဆုံးဖြတ်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved