Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အပစ်အခတ်ရပ်စဲရန် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်သော်လည်း အစ္စရေးတပ်များ ဆက် လက်တိုက်ခိုက်နေ

Htay Oung (NSS) - ဇွန် ၁၂

ဂါဇာကမ်းမြှောင်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ် အခတ်ရပ်စဲရေး အစီအစဉ်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် “စကိုင်း_နယူးစ်” က ယမန်နေ့ (ဇွန်လ ၁၁ ရက်)က ရေးသားပါတယ်။ 


အမေရိကန်က တင်သွင်းခဲ့တဲ့ အဲ့ဒီအစီအစဉ်မှာ စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်တဲ့ အဆင့်သုံးဆင့် ပါဝင်ပါတယ်။ ဟားမတ်စ်တို့က စေ့စပ်ညှိနှိုင်းပေးသူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပေမယ့် အစ္စရေးကတော့ အမြဲတန်း အပစ်အခတ်ရပ်စဲရေး မတိုင်မီ ပါလက်စတိုင်းစစ်သွေးကြွတို့ရဲ့ စစ်စွမ်းရည်ကို ဖျက်သိမ်းရန် တောင်း ဆိုတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်ပြီး မကျေနပ်နိုင်ပဲ ရှိနေပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဓား စာခံများ လွတ်မြောက်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးတို့ကိုလည်း တောင်းဆို ထားပါ တယ်။ ၁၅- နိုင်ငံပါ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄-နိုင်ငံတို့က အဲ့ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ဗီတိုအခွင့် အရေးပိုင်ဆိုင်ထားတဲ့ ရုရှားကတော့ မကန့်ကွက်ပဲ ကြားနေခဲ့ပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲ ရေးနဲ့ ပတ်သက်ပြီး နောက်ထပ် ထိခိုက်နစ်နာမှုများ မဖြစ်ရအောင် အမေရိကန်နဲ့ ဗြိတိန်သံတမန်များက တိုက်တွန်းထားပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အထိ ရည်ရွယ်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဟား မတ်စ်တို့က သဘောတူပါတယ်။ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ အမေရိကန် နိုင်ငံခြားရေး ဝန် ကြီးက မြင်ထားတဲ့အတိုင်း အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ ပါလက်စတိုင်းစစ်သွေးကြွတို့က ဆန္ဒရှိပါတယ်။ 

ဂါဇာကမ်းမြှောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများကို လာမယ့် ရက်များအတွင်း ဆက်လက်ပြု လုပ် သွားကြပါလိမ့်မယ်။ ယခင်ကတည်းက ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ နှစ်ဦးစ လုံးတို့အကြား တူညီတဲ့ အခြေခံအချက်များ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ လုံခြုံရေးကောင်စီက ဆုံးဖြတ် သည့်တိုင် ဂါဇာကမ်းမြောင်ဒေသအတွင်း တိုက်ခိုက်မှုများကို အစ္စရေးက ဆက်လက်လုပ်ဆောင်နေပါတယ်။ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်များ ဆုတ်ခွာရေးကိစ္စနဲ့ လုံခြုံရေးကောင်စီရဲ့ ဓားစာခံများ လဲလှယ်ဖို့ ဆက်စပ် ထားခြင်းကို ဟားမတ်စ်က လက်ခံပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကြောင့် အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရပါ တယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့အတွက် အစီအစဉ် များကို အမေရိကန်က လုပ်ဆောင်နေပါတယ်။ ယခင်အားထုတ်မှုများ မအောင်မြင်ခဲ့ဖူးတဲ့အတွက် ဂါဇာ ကမ်းမြောင်နေ ပါလက်စတိုင်းသားတို့ကတော့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် အတော်သတိထားပြီး အကောင်းမြင်ပေးကြပါတယ်။

လက်ဘနွန်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တို့အကြား ပဋိပက္ခဖြစ်နိုင်ချေအတွက်လည်း  စိုးရိမ်နေ ကြပါတယ်။ အခြေအနေအားလုံးကို ကြားဝင်ဖျန်ဖြေရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာပါဝင် နေပြီး အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းခြင်းများကို ဝေဖန် ပြောဆိုလာရပါတယ် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်များက ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက်စလုံး မှာ ထိခိုက်ကျဆုံးမှုများရှိနေဆဲဖြစ်ပါတယ်။ ထပ်ခါတလဲလဲ အကြိမ် ကြိုးပမ်းနေသည့်တိုင် ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိတဲ့အထိဆိုတာ  အလှမ်းဝေးနေပါတယ်။

ဓားစာခံများကို ကယ်ဆယ်ဖို့ အစ္စရေး၏ စစ်ဆင်ရေးအတွင်း ဂါဇာနေ အရပ်သားများကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စ အပြင် ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုတို့က လူစည်ကားတဲ့ နေရာကို စီးနင်းမှုကိုလည်း စစ်ရာဇဝတ် မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အင်္ဂါနေ့က ပြောပါတယ်။ ဓါးစာခံ ဖမ်းဆီး ထားတဲ့ ဟားမတ်စ်တို့ရှိရာ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ လူနေရပ်ကွက်တစ်ခုကို  လေကြောင်းမှ တိုက်ခိုက် ခြင်း အပါအဝင် ချေမှုန်းရေး ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးမှာ ပါလက်စတိုင်းအရပ်သား ၂၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

လူနေထူထပ်တဲ့ ဧရိယာအတွင်း စီးနင်းမှု ပြုလုပ်ရာမှာ အစ္စရေးအနေနဲ့ နိုင်ငံတကာ စစ်ဥပဒေများကို လိုက် နာခြင်း ရှိ-မရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက မေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့ဒီလိုနေရာမျိုူမှာမှ ဓားစာခံတွေကို ဖမ်းဆီးထားခြင်းဖြင့် အရပ်သားများကို အန္တရာယ်ဖြစ်စေတယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များအပေါ် ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ နှစ်ဖက်စလုံးဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ရှိနေပြီလို့ စွပ်စွဲခံထားရပါတယ်။ 

အစ္စရေးကတော့ ကုလသမဂ္ဂဟာ ဂျူးတို့အပေါ်မှာပဲ  တစ်ဖက်သပ်တရားမျှတမှုမရှိစွာ ပြစ်တင်ဝေဖန်နေ ကြောင်း ပဋိပက္ခမှာ အရပ်သားသေဆုံးမှု မြင့်မားလာရတဲ့ကိစ္စအတွက် ဟားမတ်စ်တို့မှာသာ အပြစ်ရှိတယ်လို့ တုန့်ပြန်ပါတယ်။ ၂၀၂၃-ခုနှစ် အောက်တိုဘာ ၇-ရက်နေ့မှာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့က အစ္စ ရေးတောင်ပိုင်း လူနေရပ်ကွက်ကို တိုက်ခိုက်ခြင်းဖြင့် ပဋိပက္ခစတင်ခဲ့ပြီး နှစ်ဖက်သွေးချောင်းစီး ပ၌ိပက္ခကို ဦးတည်သွားပါတယ်။ ဟားမတ်စ်တို့လက်ချက်နဲ့ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ရတယ်လို့ အစ္စရေးဘက်က သတင်းထုတ်ပြန်ခဲ့ုပြီး တစ်ဆက်တည်းမှာပဲ ဂါဇာဒေသကို ဗုံးကြဲခြင်း၊ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် လူပေါင်း ၃၇,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။ ဟားမတ်စ်တို့က ဓားစာခံ ၂၅၀ ခန့်ကို ဂါဇာသို့ခေါ်ဆောင်သွားခဲ့ပြီး အပစ်အခတ်ရပ်စဲချိန် အခိုက်အတန့်မှာ ဓါးစာခံ ၁၀၀ ကျော်ကို ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ခန့်နဲ့ အလဲအလှယ်လုပ်ခဲ့ပါတယ်။ ယခုအချိန်ထိ ဟားမတ်စ်တို့လက်တွင်း ဓါးစာခံအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဓားစာခံအချို့ သေဆုံးသွားပြီလို့ အစ္စရေး အာဏာပိုင်များက ကြေညာခဲ့ပါတယ်။ 

ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံလိုက်တဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အဖြေပေးချက်ကို ကာတာနဲ့ အီဂျစ်ရှိ ဖျန်ဖြေသူများထံ တင်ပြလိုက်တယ်လို့ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်တိုက်ခိုက်ရေးသမားတို့က ပြောဆိုကြောင်း အယ်လ်ဂျားဇီးယားက ယနေ့ (ဇွန်လ ၁၂ ရက်)မှာ ရေးသားပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သူတို့ရဲ့ အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးတယ်လို့  ဟစ်ဇ်ဘို လာတို့က ကြေညာပါတယ်။ တယ်လက်_အဗ္ဗဒူလာလို့ လူသိများသူဟာ ယခုလအတွင်း ကျဆုံးရတဲ့ ရာထူး အ ကြီးဆုံး ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦးဖြစ်ပြီး လက်ဘနွန်တောင်ပိုင်း ဂျူရာမြို့ တိုက်ခိုက်ခံရစဉ် လူအများအပြား တို့လည်း သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

တစ်ပြိုင်တည်းမှာပဲ ဂျူးတို့သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့တည်ရာ ဂျီနင်းမြို့အနီး ကေ့ဖ်ဒန်မြို့ကိုလည်း အစ္စရေးတပ်များ ဝင်ရောက်စီးနင်းတဲ့အတွက် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာဒေသမှာ အစ္စရေးက ထိုးစစ်ဆင်ခဲ့အတွက် အနည်းဆုံး လူ ၃၇,၁၆၄ ဦး သေဆုံးပြီး ၈၄,၈၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးကတော့ ဟားမတ်စ်တို့လက်ချက်နဲ့ သူတို့ဘက်မှာ သေဆုံးရသူပေါင်း ၁,၁၃၉ ဦးတယ်လို့ ပြင်ဆင်သတင်းထုတ်ပြန်ပြီး လူအတော်များများကို ဂါဇာမှာ  ဖမ်းဆီးထားဆဲပဲလို့ ပြောပါတယ်။  

စစ်ပွဲရဲ့ စောစောပိုင်းလများအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုများမှာ ဂါဇာတောင်ပိုင်း “ခန်းယူနွတ်မြို့” က အပြင်း ထန်ဆုံး ခံစားရပါတယ်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ အစ္စရေးတပ်များ ဝင်ရောက်လာပြီး ဧပြီ လစောစောပိုင်း ပြန်လည် ဆုတ်ခွာသွားချိန်အထိ အဲ့ဒီနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပါတယ်။ အစ္စရေး တပ်များ ဆုတ်ခွာသွားပြီးနောက် ကျဉ်းမြောင်းတဲ့ ကမ်းမြှောင်အတွင် ပြေးစရာမြေ မရှိဖြစ်နေတဲ့  ပါလက်စတိုင်း ဒေသခံတွေက ပျက်စီးသွားတဲ့ သူတို့ရဲ့ မြို့အတွင်း ပြန်လည်ဝင်ရောက်နေကြဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂရဲ့ ယခု ဆုံးဖြတ်ချက်ကို အစ္စရေးဘက်ကလည်း အကောင်အထည်ဖော်စေ ချင်တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ တင်ပြချက်ကို အမေရိကန်အစိုးရက လက်ခံရ ရှိတယ်လို့ အတည်ပြုခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အိမ်ဖြူ တော်ဟာ လက်ရှိအခြေအနေကို အကဲဖြတ်နေပြီး ဟားမတ်စ်တို့တင်ပြချက်အပေါ် အထောက်အကူ ဖြစ်စေဖို့ ကြိုးစားနေကြောင်း အသေးစိတ်အားဖြင့် ဆောင်ရွက်နေပုံရတယ်လို့ ဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်တို့ အဖြေပေးရန် အခွင့်အရေးရှိတယ်လို့  စောစောပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ဖူးပါတယ်။ ယခုအခါ အခြေအနေမှာ ပြောင်းလဲသွား ပုံရပါတယ်။ ဟားမတ်စ်တို့က တုံ့ပြန်လာတဲ့အတွက် အစ္စရေးတို့အပေါ် မူတည်သွားပါတယ်။ ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်ရှိ ရာဖာမြို့ရှိ နေအိမ်တစ်လုံးကို အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် တစ်ဦးသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာရရှိကြောင်း၊ အလယ်ပိုင်း ဂါဇာစီးတီးရှိ အခြားနေအိမ်များ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးကြောင်း အယ်လ်ဂျားဇီးယားက ဆက်လက်ဖော်ပြပါတယ်။

(Sky News., 11 June 2024,” UN Security Council votes in favour of Israel-Hamas ceasefire resolution” နှင့် အခြားဆက်စပ်သတင်းများကို ဘာသာပြန်ဆို စုစည်းသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဘာတွေထူးခြားလဲ (ဆောင်းပါး)

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved