Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မာလာဝီ ဒုတိယသမ္မတ လိုက်ပါသွားသည့် ပျောက်ဆုံးစစ်လေယာဉ်ကို မာလာဝီ စစ်သားများ တောနင်းရှာဖွေ

Htay Oung (NSS) - ဇွန် ၁၂

အာဖရိက မာလာဝီနိုင်ငံ ဒုတိယသမ္မတနဲ့ သမ္မတကတော်ဟောင်းတို့ လိုက်ပါသွားတဲ့ စစ်လေယာဉ်ဟာ တန င်္လာနေ့ နိုင်ငံ့မြောက်ပိုင်း မြို့တစ်မြို့အနီးမှာ ပျောက်ဆုံးနေပါတယ်။ အဲ့ဒီ တောင်တန်းသစ်တောများအနီး တစ်ဝိုက်မှာ စစ်သားများက တောနင်းရှာဖွေနေကြတယ်လို့ မာလာဝီသမ္မတ လက်ဇာရပ်စ်ချာကွီရာက ပြောဆို ကြောင်း အေပီသတင်းအေဂျင်စီက ဇွန်လ ၁ဝ ရက်မှာ ရေးသားပါတယ်။

အသက် ၅၁ နှစ်အရွယ် ဒုတိယ-သမ္မတ ဆောလို့စ်_ချီလီမာ၊ ယခင်သမ္မတဟောင်းရဲ့ ဇနီးနဲ့ အခြား လူ ၈ ဦးတို့ လိုက်ပါသွားတဲ့ လေယာဉ်ဟာ မာလာဝီနိုင်ငံ မြို့တော် လီလောင်ဝေမှ နံနက် ၉ နာရီ ၁၇ မိနစ်အချိန် ထွက်ခွာခဲ့ပြီး မြောက်ပိုင်း မိုင် ၂၃၀ ခန့်အကွာ မစ်ဇူဇူမြိုကို ၄၅ မိနစ်အကြာမှာ ဆင်းသက်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ရာသီဥတုဆိုးရွားပြီး မြင်ကွင်းညံ့ဖျင်းတာကြောင့် ဆင်းသက်ဖို့ မဖြစ်နိုင်ကြောင်း ပြန်လှည့်သွားဖို့ လေကြောင်းထိန်းချုပ်ရေး ပြောကြားခဲ့တယ်လို့ မာလာဝီနိုင်ငံပိုင် MBC ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်တဲ့ သမ္မတ ချာကွီရာ မိန့်ခွန်းမှာ ပါရှိပါတယ်။ အဲ့ဒီနောက် လေကြောင်းထိန်းချုပ်ရေး မျှော်စင်ဟာ လေယာဉ်နဲ့ အဆက်အ သွယ် ပြတ်တောက်သွားပြီး ခဏအကြာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။

မစ်ဇူဇူဟာ မာလာဝီရဲ့ တတိယအကြီးဆုံးနဲ့ မြောက်ပိုင်းဒေသမြို့တော်ဖြစ်ပြီး ဗီဖရာတောင်တန်းဒေသ ထင်းရူး စိုက်ခင်းများနဲ့ သစ်တောဧရိယာအတွင်း တည်ရှိပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်များမှတဆင့် လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့တဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၆-မိုင် အချင်းဝက်ရှိတဲ့ စိုက်ခင်း    ဧရိယာမှာ မော်လဝီကာကွယ်ရေးတပ်ဖွဲ့က နေ့ရော ညပါ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။ အမေရိကန်၊ ဗြိတိန်၊ နော်ဝေးနဲ့ အစ္စရေးတို့ကလည်း ရှာဖွေရာမှာ ကူညီနေကြပြီး  အမြန်ရှာဖွေနိုင်တဲ့ အထူး နည်းပညာများကို ပံ့ပိုးပေးလျှက်ရှိကြောင်း၊ ၁၉၉၄ မှ ၂၀၀၄-ခုနှစ်အတွင်း သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ ဘာကီလီ_မူလူဇီရဲ့ ဇနီးသယ်ဟာ အစိုးရ ဝန်ကြီးဟောင်းတစ်ဦးရဲ့ ဈာပနပွဲတက်ရောက်ရန် ခရီးသည်တစ်ဦး အနေနဲ့ လိုက်ပါသွားခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူများအနက် သုံးဦးမှာ မာလာဝီ စစ် ဘက်ဆိုင်ရာ အမှုထမ်းများဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆောလို့စ်ချီလီမာဟာ ၂၀၁၉ ခုနှစ် မာလာဝီသမ္မတရွေးကောက်ပွဲမှာ တတိယနေရာအတွက် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဆန္ဒမဲအရေအတွက်အရ အဲ့ဒီအချိန်လက်ရှိသမ္မတ ပီတာ_မူသာရီကာက အနိုင်ရသူဖြစ်ပေမယ့် မဲ မမှန်ကန်ကြောင်း မာလာဝီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပယ်ဖျက်ခဲ့ပါတယ်။ ချီလီမာဟာ ဒုတိယနေရာမှ အနိုင်ရရှိခဲ့သူ လက်ရှိသမ္မတ ချာကွီရာအတွက် မဲဆွယ်စည်းရုံးပေးသူဖြစ်ပြီး ၂၀၂၀-ပြည့်နှစ်မှာ ဒုတိယသမ္မတ ဖြစ်လာပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အာဖရိကတိုက်မှာ ဆန္ဒမဲကိစ္စအကြောင်းပြု ပြီး တရားရုံးရဲ့ ဆုံးဖြတ် ချက်နဲ့ သမ္မတတစ်ဦးကို ပထမဆုံးအကြိမ် ဖယ်ရှားခံရခြင်းလည်း ဖြစ်သွားပါတယ်။ ဒုတိယ သမ္မတဖြစ်သူ ချီလီမာဟာ အစိုးရကန်ထရိုက်လုပ်ငန်းများမှာ မလျော်သြဇာသုံးခြင်း၊ ငွေကြေး ရယူခြင်း ဖြင့် အကျင့်ပျက်ခြစားကြောင်း စွဲချက်များနဲ့ ရင်ဆိုင်နေရပေမယ့် အဲ့ဒီအမှုအားလုံးကို  စွဲချက်မတင်မီ ပြီးခဲ့တဲ့ လမှာ အစိုးရရှေ့နေများက ပယ်ချခဲ့ပါတယ်။ အဲ့ဒီအတွက် ချာကွီရာအစိုးရဟာ အဂတိလိုက်စားမှုအပေါ် ထိထိ ရောက်ရောက် ကိုင်တွယ်အရေးယူခြင်း မရှိကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၂၂-ခုနှစ်နှောင်းပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူ ချီလီမာဟာ တရားရုံးအများအပြားရှေ့မှောက် ရောက်ရှိလာခဲ့ပေမယ့်  ယခုအချိန်ထိ ရုံးချိန်း စတင်ခြင်း မရှိသေးပါဘူး။ ဒုတိယ သမ္မတဖြစ်သူကတော့ စွပ်စွဲချက်များကို ငြင်းဆိုထား ပါတယ်။ ယခုနောက်ဆုံးရရှိတဲ့သတင်းများအရ ဒုတိယသမ္မတချီလီမာလိုက်ပါသွားတဲ့ လေယာဉ်ဟာ တောအုပ်တစ်ခုအ တွင်း ပျက်ကျသွားခြင်းဖြစ်ကြောင်း မာလာဝီစစ်ဘက်က ပြောဆိုတယ်လို့ BBC က ယနေ့ရေးသားပါတယ်။

(မာလာဝီဟာ အာဖရိက အရှေ့တောင်ပိုင်း ဇမ်ဘီယာ၊ တန်ဇန်းနီးယား၊ မိုဇမ်ဘစ်တို့နဲ့ ထိစပ်နေတဲ့ကုန်းတွင်း ပိတ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၈% ခန့်သာ ကျယ်ဝန်းပြီး လူဦးရေ ၁၉-သန်းခန့်နေထိုင်ပါ တယ်။ မာလာဝီရေကန်လို့ လူသိများတဲ့ “ညာဆာကုန်းတွင်း ရေချိုကန်ကြီး” ဟာ နိုင်ငံရဲ့ ငါးပုံတစ်ပုံကို နေရာ ယူထားပါတယ်။ တိုင်းရင်းသား လူမျိုးစု ၁၂ မျိုးခန့်ရှိပြီး ခရစ်ယာန်ဘာသာဝင် ၈၂%၊ အစ္စလာမ် ၁၄% ခန့်ရှိပါ တယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး လူသားရင်းမြစ်ဖွံ့ဖြိုးမှုမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် ၁၇၄ အ ဆင့် ရောက်ရှိနေပါတယ်။ အာဖရိက အရှေ့တောင်ပိုင်း ဒေသဟာ နှစ်ထောင်ပေါင်းများစွာကတည်းက လူနေထိုင်မှုရှိခဲ့ပြီး ၁၅-ရာစုနှစ်မှာ အင်ပါယာအသွင် စုဖွဲ့လာခဲ့ကြပါတယ်။ ၁၆-ရာစုနှောင်းပိုင်းမှာ ကိုလိုနီဖြစ်သွားတဲ့ အိမ်နီးးချင်း မိုဇမ်ဘစ်နယ် မြေမှတဆင့် ပေါ်တူဂီကုန်သည်များနဲ့ ရောင်းဝယ်ဖောက်ကားခြင်းအပြင် လူဖြူစစ်သားများနဲ့ စစ်ရေးထိတွေ့မှု စတင်ခဲ့ပါတယ်။ ၁၇-ရာစုနှစ်မှာ မာလာဝီအင်ပါယာဟာ လူမျိုးစုအသီးသီးတို့ ထိန်းချပ်ထားတဲ့ နယ်မြေများ အ ဖြစ် အသီးသီး ကွဲထွက်သွားခဲ့ပါတယ်။ ၁၈-ရာစုနှစ်အလယ်ပိုင်းမှာ အထူးသဖြင့် အရှေ့အာဖရိကဒေသနဲ့ ဆာ ဟာရသဲကန္တာရတောင်ပိုင်းအပါအဝင် အာဖရိကတိုက်ကို ရောက်ရှိလာတဲ့ စပိန်၊ ပေါ်တူဂီ၊ ဒတ်ချ်(နယ်သာ လန်)၊ ပြင်သစ်၊ အင်္ဂလိပ်တို့က စစ်မက်တိုက်ခိုက်ပြီး၊ ကိုလိုနီနယ်မြေအဖြစ် သိမ်းယူခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူ ကို လူချင်း တိရစ္ဆာန်များသဖွယ် လူသားအမဲလိုက်ခြင်း၊ ကျွန်အဖြစ် ဖမ်းယူ ရောင်းစားခြင်းများ ကျူးလွန်ခဲ့ကြပါ တယ်။ မာလာဝီနယ်မြေတစ်ခုတည်းမှာပဲ နှစ်စဉ် လူပေါင်း ၂၀,၀၀၀ ခန့်အထိ ဖမ်းဆီးခံရပြီး အရှေ့အလယ် ပိုင်း၊ ကာရစ်ဗီယန်ဒေသစိုက်ပျိုးခင်းများနဲ့ အမေရိကတို့မှာ ကျွန်အဖြစ် ရောင်းစားခံခဲ့ရပါတယ်။ 

၁၈၈၉-ခုနှစ် မာလာဝီဟာ ဗြိတိသျှ ဗဟိုအာဖရိက ကာကွယ်စောင့်ရှောက်ခံ နယ်မြေဖြစ်သွားပါတယ်။ စစ် တပ်နဲ့ ရဲတပ်ဖွဲ့ အောက်ခြေပိုင်းမှာ လူမည်းတိုင်းရင်းသားများကို ခန့်ထားပြီး အုပ်ချုပ်ရေး-ဥပဒေပြုရေး အပိုင်း မှာလည်း ထည့်သွင်းလာခဲ့ပေမယ့် နိုင်ငံ့ဥသျှောင်ဟာ ဗြိတိသျှဘုရင်မကြီးဖြစ်ပါတယ်။

၁၉၆၃ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့တဲ့ မာလာဝီကို သမ္မတ ဟစ်စ်တင်း_ဘန်ဒါက တစ်ပါတီစနစ် ဖြင့် အုပ်ချုပ်ခဲ့ပါတယ်။ နောက်ပိုင်း သူ့ကိုယ်သူ တစ်သက်တာ သမ္မတအဖြစ် ကြေညာပြီး ပြင်းထန်စွာ ဖိနှိပ်လာ ခဲ့ပါတယ်။ ၁၉၉၃-ခုနှစ်မှာ ပါတီစုံစနစ်ကို ပြောင်းလဲခဲ့ပြီး ၁၉၉၄-ခုနှစ် မာလာဝီရွေးကောက်ပွဲမှာ ဘန်ဒါ အပြတ် အသတ် ရှုံးနိမ့်သွားပါတယ်။

မာလာဝီရဲ့ နိုင်ငံခြားရေး မူဒါဒအရ အနောက်နိုင်ငံများနဲ့ နီးကပ်စွာဆက်ဆံလျှက်ရှိပါတယ်။ ဗြိတိသျှ ဓနသဟာ ရ၊ ကမ္ဘာ့ကုလသမဂ္ဂအပြင် နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကြီးမား ဆုံး ပြဿနာကတော့ HIV/AIDS ရောဂါကြောင့် ကျားမ ပျမ်းမျှသက်တမ်း ၅၀.၃ နှစ်သာ ရှိတဲ့အထိ အလွန်တို တောင်းနေခြင်း ဖြစ်ပါတယ်။ HIV ရောဂါကြောင့် နှစ်စဉ် လူ ၂၇,၀၀၀ သေဆုံးနေရပြီး ၂၀၁၅-ခုနှစ်မှာ မိဘမဲ့ က လေးငယ်ပေါင်း ၁-သန်းရှိနေပါတယ်။ မွေးကင်းစကလေး သေဆုံးမှုကလည်း အလွန်များပြီး အသည်းရောင် အသားဝါ၊ တိုက်ဖွိုက်၊ ငှက်ဖျား၊ ပလိပ်ရောဂါတို့ကြောင့် လယ်သမားစုစုပေါင်းရဲ့ ၅.၈% သေဆုံးနေပါတယ်။

မာလာဝီရဲ့ အခြားအားနည်းချက်ကတော့ အဖိုးတန်သယံဇာတ များများစားစား မထွက်ခြင်း ဖြစ်ပါတယ်။ လူဦးရေနဲ့ ၈၅% ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး တိုင်းပြည် GDP ရဲ့ သုံးပုံတစ်ပုံဟာ စိုက်ပျိုးရေး ထုတ်ကုန်အပေါ် မှီခိုနေရပါတယ်။ တစ်ချိန်က ဆေးရွက်ကြီး စိုက်ပျိုးမှု ထွန်းကားခဲ့ပေမယ့် နိုင်ငံတကာ ဆေး ရွက်ကြီး အသုံးပြုမှု လျော့ချခြင်းနဲ့အတူ နိုင်ငံသားတစ်ဦးချင်းဝင်ငွေလည်း လျော့ကျသွားရပါတယ်။ လူပေါင်း သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ရေကြီးရေလျှံမှုကလည်း မကြာခဏဖြစ်ပွားတတ်ပြီး ကမ္ဘာ့အရေည်အသွေး အကောင်းဆုံး ဆေးခြောက်ထွက်ရာ တိုင်းပြည်ဟာ ရာဇဝတ်မှုခင်း အလွန်ထူပြောပါတယ်။  

မာလာဝီဟာ ဝါဂွမ်း၊ မြေပဲ၊ သကြား၊ စိုက်ပျိုးရေးထုတ်ကုန်၊ သစ်အချောထည်များကို တင်ပို့ပြီး ရေနံ၊ စားနပ် ရိက္ခာနဲ့ လူသုံးပစ္စည်းများကို တင်သွင်းပါတယ်။ နိုင်ငံတကာ အကူအညီနဲ့ အနောက်နိုင်ငံများရဲ့ အထောက်အပေါ် အဓိက မှီခိုနေရတဲ့အချိန်မှာ တိုင်းပြည်ရဲ့ အကျင့်ပျက်ခြစားမှု ဆိုးရွားလွန်းတာကြောင့် ၂၀၀၀ ပြည့်နှစ်ကတည်းက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF က အကူအညီပေးမှုများ ရပ်ဆိုင်းလိုက်ပါတယ်။    

(AP., 10 June 2024,” Soldiers in Malawi search for missing military plane carrying vice president and former first lady” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို သည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အပစ်အခတ်ရပ်စဲရန် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်သော်လည်း အစ္စရေးတပ်များ ဆက် လက်တိုက်ခိုက်နေ

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved