ရုရှားသည် ၎င်း၏နျူကလီးယားမူဝါဒကို ပြောင်းလဲနိုင်ခြေရှိကြောင်းဖော်ပြ
ALynn (NSS) - ဇွန် ၁၂
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အရှိန်မြှင့်လုပ်ဆောင်ပါက ၎င်း၏နျူကလီးယားမူဝါဒကို ပြုပြင်ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က သတိပေးပြောကြားခဲ့သည်။ Nizhny Novgorod တွင်ပြုလုပ်သည့် BRICS ဝန်ကြီးအဆင့် အစည်းအဝေးတွင် သတင်းထောက်များအား Ryabkov က နိုင်ငံတကာအခြေအနေသည် ပိုမိုရှုပ်ထွေးလာနေပြီး ၎င်းတို့နိုင်ငံသည် နျူကလီးယားနှင့်ပတ်သက်၍ ရပ်တည်ချက်ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်းဝန်ခံခဲ့သည်။
မော်စကိုတွင် အမှန်တကယ် ဆုံးဖြတ်ချက်များ မချမှတ်မီ “မည်ကဲ့သို့ အပြောင်းအလဲများ ပြုလုပ်နိုင်သည်ကို ကြိုတင်ဖုံးကွယ်ထားရန် အလေ့အကျင့်”မရှိကြောင်း သံတမန်က ရှင်းပြ ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကို၏ နျူလက်နက်ဆိုင်ရာ ရပ်တည်ချက်ကို နောက်ဆုံးအကြိမ်းအဖြစ် ထပ်မံပြောဆိုပြီးနောက် မကြာမီတွင် ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးကိစ္စများထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF)၊ အမေးအဖြေဆွေးနွေးပွဲအတွင်း ရုရှားနိုင်ငံသည် ရန်လိုသော နျူကလီးယား ဝေါဟာရကို ပထမဆုံး အသုံးပြုသည့် နိုင်ငံမဟုတ်ကြောင်း သမ္မတပူတင်က အလေးအနက်ပြောကြားခဲ့သည်။
နိုင်ငံ၏လက်ရှိနျူကလီးယားမူဝါဒသည် "ခြွင်းချက်အခြေအနေများ" တွင်သာအဏုမြူလက်နက် များ အသုံးပြုမှုကိုခွင့်ပြုထားပြီး လက်ရှိအခြေအနေသည် ထိုကဲ့သို့သော အရည်အချင်းပြည့်မီခြင်း မရှိကြောင်းပူတင်က ရှင်းပြသည်။ အလုံးစုံနျူကလီးယားစစ်ပွဲ မဖြစ်ပွားရန် မျှော်လင့်ကြောင်း သမ္မတက ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုသို့သော ပဋိပက္ခသည် “မရေမတွက်နိုင်သော အသေအပျောက်များ” ဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့သည်။ “ဥရောပရှိ နေတိုးနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားပဋိပက္ခတွင် အဆိုးရွားဆုံး ခံစားရမည့် အခြေအနေတွင်ရှိနေပြီး အမေရိကန်သည် ၎င်းတို့အား အမှန်တကယ် ကူညီလိမ့်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် နျူကလီးယားစစ်ပွဲကို လှုံ့ဆော်သည့်လုပ်ရပ်များကိုရှောင်ရှားရန်” သမ္မတပူတင်က သတိပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာလာဝီ ဒုတိယသမ္မတ လိုက်ပါသွားသည့် ပျောက်ဆုံးစစ်လေယာဉ်ကို မာလာဝီ စစ်သားများ တောနင်းရှာဖွေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ