Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံမှာ ထူးထူးခြားခြား အထီး၊ အမ အမွှာပူး ဆင်(၂)ကောင် မွေးဖွား

ရောင်နီ(NSS) - ဇွန် ၁၂

           ထိုင်းနိုင်ငံမှာ ပန်ဂျန်ဂျူရီ အမည်ရှိ အသက် (၃၆)နှစ်အရွယ် ဆင်မကြီးတစ်ကောင်ဟာ အယုဒ္ဓယပြည်နယ်မှာ ဇွန်လ ၇ ရက်နေ့က ကမ္ဘာ့ပထမဆုံး အထီး၊ အမ အမွှာပူးဆင် (၂) ကောင်ကို မွေးဖွားခဲ့ပါတယ်။ 


            အယုဒ္ဓယမြို့နယ် စွမ်ပရစ်ခရိုင်ခွဲရှိ Royal Elephant Kraal ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၇ ရက် ညမှာ အလေးချိန် ၈၀ ကီလိုဂရမ်ရှိ ဆင်ပေါက် အမွှာလေး(၂) ကောင် မွေးဖွားခဲ့ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ အခြားပြုစုစောင့်ရှောက်သူတွေကို အံ့အားသင့်စေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆင်ပေါက်လေး (၂)ကောင်ကို ဓာတ်မှန်ရိုက် စစ်ဆေးဖို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကမ္ဘာတဝန်းက ဆင်အမွှာမွေးဖွားမှုဖြစ်စဉ်တွေဆိုရင် ၂၀၂၃  ခုနှစ် နိုဝင်ဘာလကတော့ ကင်ညာနိုင်ငံမှာ ဆင်အမွှာပူးမွေးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအမွှာဟာ လိင်အင်္ဂါမတူညီတဲ့ အမွှာဖြစ်ပါတယ်။ ဆင်တွေမှာ မွေးဖွားမှုရဲ့ (၁)ရာခိုင်နှုန်းခန့်သာ အမွှာမွေးလေ့ရှိတယ်လို့ သိရပါတယ်။ အခု လိင်အင်္ဂါကွဲပြားတဲ့ အမွှာဆင်မွေးဖွားမှုကတော့ ကမ္ဘာ့ပထမဆုံး မွေးဖွားမှုဖြစ်ပြီး ဆင်မကြီး ပန်ဂျန်ဂျူရီရဲ့စတုတ္ထမြောက် ကိုယ်ဝန်ဖြစ်တယ်လို့ သိရပါတယ်။

        ဇူလိုင်လ ၂၈ ရက်နေ့မှာ ထိုင်းဘုရင်မင်းမြတ် သက်တော်(၇၂)နှစ်မြောက်မွေးနေ့ရှိပြီး မွေးနေ့မတိုင်ခင် ထူးထူးခြား အမွှာဆင် မွေးဖွားမှုဖြစ်စဉ်ဟာ အံ့ဖွယ်ကောင်းတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားက မိုက်ခရို ပလတ်စတစ် စားသုံးမှုအများဆုံးစာရင်းတွင်ပါဝင်လာ

RELATED POSTS
RECENT POSTS
ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ ပါတီအား နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပိတ်ပင်
16 Jul 2024
တင်းမာမှုများရှိနေချိန်တွင် အမေရိကန်က ဂျာမနီတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထားတော့မည်
16 Jul 2024
ယူကရိန်းနှင့်စစ်ပွဲတွင် လူသစ် နှစ်သိန်းနီးပါး စုဆောင်းနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
16 Jul 2024
နေတိုးအဖွဲ့ နှင့် အစ္စရေးတို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လက်မခံကြောင်း တူရကီသမ္မတပြော
16 Jul 2024
မန္တလေးမြို့သို့ ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို ရင်ဆိုင်နေကြရ
16 Jul 2024
နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် ကား(၂)စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ(၈)ဦးဒဏ်ရာရ
16 Jul 2024
မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သံတွဲမြို့ခံအချို့ မေးခွန်းထုတ်
16 Jul 2024
ဘဏ်များတွင် ငွေသားများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို လစာပေးနိုင်ရေး အခက်အခဲရှိလာနိုင်
16 Jul 2024
BIGBANG ရဲ့အဖွဲ့ဝင် တေးယန်းက (၇)နှစ်အတွင်း ပထမဆုံး တစ်ကိုယ် တော်ဖျော်ဖြေပွဲ ကျင်းပမည်
16 Jul 2024
စင်ကာပူနိုင်ငံ Jurong Point ကုန်တိုက်မှာ အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး စက်လှေကားညပ်ပြီး ဆေးရုံတင်ခဲ့ရ
16 Jul 2024
တောင်တရုတ်ပင်လယ်၌ တရုတ်တို့ တစ်ဖက်သတ်ကြေညာသည့် ရေပြင်ဧရိယာ နှစ်ဆ တိုးလာ
08 Jul 2024
အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့အတူ မြေပြိုမှုများဖြစ်ပွားပြီး (၁၁)ဦးသေဆုံးကာ (၁၉)ဦးပျောက်ဆုံးနေ
08 Jul 2024
တိုက်ခိုက်မှုတွေရှိလာလျှင် တရုတ်ကို လက်တုံ့ပြန်မည်ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ်ပြော
08 Jul 2024
ကနေဒါရွေးကောက်ပွဲသမိုင်းတစ်လျှောက် ဆန္ဒမဲတစ်မဲမှမရရှိခဲ့တဲ့ပထမဆုံးကိုယ်စားလှယ်လောင်း အမျိုးသား
08 Jul 2024
"ဂျိုးသာ ပြည့်စုံတဲ့ သမ္မတဖြစ်ခဲ့ရင် ကျွန်တော် ဒီစင်ပေါ်မှာ သူနဲ့အတူရှိနေမှာ မဟုတ်ဘူး" (ဒေါ်နယ်ထရမ့်) (ဘာသာပြန်ဆောင်းပါး)
08 Jul 2024
ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
08 Jul 2024
လွိုင်ကော်မြို့မှ KNDF အဖွဲ့များ စတင်ဆုတ်ခွာနေပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့်ဒေသခံများကို ခြိမ်းခြောက်မှုများလုပ်နေ
08 Jul 2024
ရေငုပ်သင်္ဘောတွေ ကူညီထောက်ပံ့ပေးဖို့ ယူကရိန်းရေတပ်အကြီးအကဲတောင်းဆို
08 Jul 2024
တက်သစ်စအဆိုတော်တစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မြို့သစ်မြို့နယ်တွင်ဖြစ်ပွား
08 Jul 2024
ယူကရိန်းနိုင်ငံကို နှောင့်နှေးမှုမရှိဘဲ F-16 အမျိုးအစားတိုက်လေယာဉ်တွေ လွှဲပြောင်းပေးတော့မယ်လို့ နယ်သာလန်အစိုးရ ထုတ်ဖော်ပြောဆို
08 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved