မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ် တိုက်ခိုက်ခံရ
Pika (NSS) - ဇွန် ၈
ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒဲရစ်ဆန်ဟာ ဇွန်လ(၇)ရက်နေ့က ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ ရိုက်နှက်တိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယရှိသူအမျိုးသားကို ချက်ချင်းဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ မက်ဖရက်ဒဲရစ်ဆန်ဟာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေ မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ကိုပင်ဟေဂင်မြို့ လယ်မှာရှိတဲ့ Kultorvet ရင်ပြင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မက်ဖရက်ဒဲရစ်ဆန်ဟာ ၎င်းပါတီရဲ့ဦးဆောင်ဥရောပရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း Christel Schaldemose နဲ့အတူ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Magnus Heunicke က 'မက်ဖရက်ဒဲရစ်ဆန်ဟာ ကိုပင်ဟေဂင်မြို့ Kultorvet ရင်ပြင်မှာ အမျိုးသားတစ်ဦးရဲ့ ရိုက်နှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို ကြားလိုက်တော့ ကျွန်တော်တို့ တုန်လှုပ်သွားပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ မက်ဖရက်ဒဲရစ်ဆန်ဟာ အဲဒီတိုက်ခိုက်မှုကြောင့် တုန်လှုပ်သွားပေမယ့်လည်း မှတ်ချက်ပြုပြောဆိုတာမျိုးတွေတော့ မရှိသေးဘူးလို့သိရပါတယ်။ မက်ဖရက်ဒဲရစ်ဆန်ဟာ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်မရရှိခဲ့ပေမယ့်လည်း အနည်းငယ်တော့တုန်လှုပ်သွားတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက Ekstra Bladet သတင်းစာကို ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေဟာ သံသယရှိသူအမျိုးသားကို အချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ DR News က ရေးသားဖော်ပြထားပါတယ်။ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုကို သေနတ်သမားတစ်ဦးက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် တစ်လမပြည့်ခင်အချိန်မှာ ဒိန်းမတ်ဝန်ကြီးချုပ်မက်ဖရက်ဒဲရစ်ဆန် တိုက်ခိုက်ခံရမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရတနာဂူအလယ်နန်းမှအခိုးခံရသော နာမည်ကျော်ရှေးဟောင်းနတ်ရုပ နှစ်ရုပ်ကို တိတ်တဆိတ် ပြန်ထားသွား၊ ကြောက်လန့်ကာ ပြန်ပို့ခြင်းဖြစ်မည်ဟု ယူဆထားကြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ