Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်၏ စစ်သင်တန်းပို့ချသည့် ပထမအုပ်စုသည် ယူကရိန်းစစ်မြေပြင်တွင် ဖြန့်ကြက်ရန်ပြင်ဆင်နေ

ALynn (NSS) - ဇွန် ၂

ပြင်သစ်၏ စစ်သင်တန်းပို့ချသည့် ပထမအုပ်စုသည် ယူကရိန်းနိုင်ငံသို့ ချီတက်လာရန်ပြင်ဆင်နေကြောင်း ယူကရိန်းအကြီးတန်းအမတ် Aleksey Goncharenko က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း ထိပ်တန်းတပ်မှူး Syrsky က နိုင်ငံတွင်း ပြင်သစ်အမှုထမ်းများ ဖြန့်ကြက်နိုင်ရေး လိုအပ်သည့် စာရွက်စာတမ်းကိစ္စများ ပြီးမြောက်ကြောင်း ကြေညာပြီး ရက်ပိုင်း အကြာမှာ ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။


NATO အစုအဖွဲ့အတွင်းမှာပင် တပ်ဖွဲ့များကို ယူကရိန်းစစ်မြေပြင်မှာ တပ်ဖြန့်ဖို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အငြင်းအခုံဖြစ်နေဆဲဖြစ်သည်။ အဖွဲ့ဝင်အချို့ကမူ ၎င်းတို့သည် ရုရှား-ယူကရိန်း ပဋိပက္ခမှာ တိုက်ရိုက်သက်ဆိုင်သူများမဟုတ်သည့်အတွက် တပ်ဖွဲ့များကို ဖြန့်ကြက်ခြင်း မပြုလုပ်လိုပေ။ သို့သော် ရုရှားက ယူကရိန်း၏ ကျောထောက်နောက်ခံဖြစ်နေသည့် အနောက်အုပ်စုအား တိုက်ရိုက်ပါဝင်သူများအဖြစ် ရှုမြင်ပြီး ရုရှားမြေပေါ်ရှိပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုမှ ထောက်ပံ့ပေးသော လက်နက်များကို ယူကရိန်းက အသုံးပြုနေကြောင်း ဖော်ပြထားသည်။ 

ဖေဖော်ဝါရီလတွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အနာဂတ်တွင် NATO အဖွဲ့ဝင် နိုင်ငံများ၏ တပ်ဖွဲ့ဝင်များ ယူကရိန်းသို့ စေလွှတ်မည့်အခြေအနေကို ၎င်းအနေဖြင့် အဆုံး အဖြတ်ပေး၍မရကြောင်းပြောကြားခဲ့သည်။ သို့သော် မကြာမီကပင် ပြင်သစ်အရာရှိများက သမ္မတ ဆိုလိုသည့် တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ရေးသမားမဟုတ်သည့် စစ်မှုထမ်းများဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ နောက်ပိုင်းတွင် မက်ခရွန်က NATO သည် ရုရှားအပေါ် “ထွေပြားစေမည့်မဟာဗျူဟာ” မူဝါဒကို ချမှတ်သင့်သည်ဟု တိုက်တွန်းခဲ့ဖူးသည်။ ပြင်သစ်ခေါင်းဆောင်သည် ယူကရိန်းသို့ စစ်သင်တန်းဆရာများ စေလွှတ်လိုသော နိုင်ငံများတိုးပွားလာအောင် နောက်ကွယ်တွင် လုပ်ဆောင်နေသည်ဟု Bloomberg က သောကြာနေ့ (မေလ ၃၁ ရက်) တွင် ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလတွင် ယူကရိန်း၏ ထိပ်တန်းဗိုလ်ချုပ်ဖြစ်လာသော Syrsky က ပြင်သစ်နိုင်ငံမှ စစ်သင်တန်းပို့ချသူများကို ၎င်းတို့၏ သင်ကြားရေးအဆောက်အအုံများ၊ တပ်သားများနှင့် ရင်းနှီး ကျွမ်းဝင်စေရန် ယူကရိန်း၏လေ့ကျင့်ရေးဌာနများသို့ သွားရောက်ကြည့်ရှုခွင့်ပြုသည့် စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးခဲ့ကြောင်းကို ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu ထံ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းသို့ နောက်ထပ် စစ်ရေးအကူအညီများပေးခြင်းသည် တိုက်ပွဲများ ပိုမိုပြင်းထန်စေဖို့ လှုံဆော်နေခြင်းသာဖြစ်ကြောင်း ရုရှားက သတိပေးထားသည်။ ယူကရိန်းတွင် အနောက်နိုင်ငံမှ စစ်သည်အများစု လှုပ်ရှားနေသည်မှာ အချိန်အတော်ကြာရှိနေပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် “၎င်းတို့က ကြေးစားသမားအမည်ခံ အထူးကျွမ်းကျင်စစ်သည်တွေပါပဲ”ဟု သမ္မတပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယူကရိန်းသို့ အနောက်အုပ်စုတပ်ဖွဲ့များ ဖြန့်ကြက်ချထားခြင်းသည် ဥရောပတွင် ပြင်းထန်သော စစ်ပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေလီမှာ စံချိန်တင် အပူချိန် ၅၂.၉ စင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်ဆိုတာ မှားယွင်းဖော်ပြခြင်းသာဖြစ်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved