ဒေလီမှာ စံချိန်တင် အပူချိန် ၅၂.၉ စင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်ဆိုတာ မှားယွင်းဖော်ပြခြင်းသာဖြစ်
ရောင်နီ (NSS) - ဇွန် ၂
အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီမှာ ယခုသီတင်းပတ်အတွင်း စံချိန်တင် အပူချိန် ၅၂.၉ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့တယ်ဆိုတဲ့သတင်းဟာ နိုင်ငံမိုးလေဝသရဲ့ မှားယွင်းတွက်ချက်မှုသာ ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က မြို့တော် ဒေလီမြို့ရဲ့ Mungeshpur ရှိ မိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့(မေလ ၂၉ ရက်) မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အာရုံခံ ချို့ယွင်းမှုကြောင့် မူလအပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ် ပိုတွက်မိခဲ့တာဖြစ်တယ်လို့ သိပ္ပံဝန်ကြီး ကီရန်ရီဂျူးက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရှယ်မီဒီယာပလပ်ဖောင်း X မှာလည်း အချိန်တိုင်း အပူချိန် ဖတ်ရှုခြင်းဆိုင်ရာ အစီရင်ခံစာမူကြမ်းကိုမျှဝေပြီး ဗုဒ္ဓဟူးနေ့(မေလ ၂၉ ရက်) အတွက် အပူချိန်ကိန်းဂဏန်းတွေကို ပြန်လည်ပြင်ဆင်ထားတယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့မြို့တော်ရဲ့ အပူချိန်ဟာ မြင့်မားတဲ့ အဆင့်မှာ ရှိနေဆဲပါပဲ။ နယူးဒေလီမှာ ယခင်က စံချိန်တင် အမြင့်ဆုံး အပူချိန်ဟာ ၁၉၉၈ ခုနှစ် မေလက ရောက်ရှိခဲ့တဲ့ ၄၈.၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်မှာလည်း အဲဒီကိန်းဂဏန်းထိ ရောက်ရှိလာခဲ့ပါတယ်။ ပြင်းထန်တဲ့ အပူရှိန် အက်တာပရာဒက်ရှ်၊ ဘီဟာပြည်နယ်တွေနဲ့ အရှေ့ဘက်ရှိ အျုရှီဟို ပြည်နယ်မှာ လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအစိုးရက လျှပ်စစ်ဓာတ်အားကဏ္ဍပြုပြင်ရန် ရန်ပုံငွေအတွက် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံ
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ