Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဆိုတော်တစ်ဦးတည်းရဲ့ ရုပ်ပုံတက်တူးအများဆုံးရှိခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ပေါ့ပ်တေးဂီတ ပရိသတ်တစ်ဦး

Pika (NSS) - မေ ၂၉

အမေရိကန်ကနိုင်ငံက ပေါ့ပ်တေးဂီတ အမျိုးသမီးပရိသတ်တစ်ဦးသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပေါ့ပ်ဂီတဘုရင်မအဖြစ်တင်စားခံထားရသော မက်ဒေါနား၏ ရုပ်ပုံတက်တူး(၁၈)ခုကို ထိုးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။


ပေါ့ဂီတဘုရင်မအဖြစ် တင်စားခံထားရသော မက်ဒေါနားကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ ရုပ်ပုံတက်တူး(၁၈)ခုကို ထိုးခဲ့ခြင်းဖြစ်ကြောင်း တာရာဘယ်ရီက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ် Topeka မြို့တွင် နေထိုင်သော တာရာဘယ်ရီသည် ခန္ဓာကိုယ်ပေါ်တွင် အဆိုတော်တစ်ဦးတည်း၏ ရုပ်ပုံတက်တူးအများဆုံးရှိခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ တာရာဘယ်ရီသည် ခန္ဓာကိုယ်ပေါ်တွင် နာမည်ကျော်ရက်ပ်ပါအဆိုတော် Eminem ၏ ရုပ်ပုံတက်တူး (၁၅)ခုကိုထိုးခဲ့သော ဗြိတိန်အမျိုးသမီး နစ်ကီပက်တာဆန်၏ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မက်ဒေါနားက တက်တူးထိုးထားသည့် ၎င်း၏ပရိသတ်များကို သီချင်းဗီဒီယိုတစ်ခုတွင် ပါဝင်စေရန်အတွက် ရှာဖွေနေသည်ဟု ကြားခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် မက်ဒေါနား၏ ပထမဆုံးရုပ်ပုံတက်တူးကို ထိုးခဲ့ခြင်းဖြစ်ကြောင်း တာရာဘယ်ရီက ပြောကြားခဲ့သည်။

တာရာဘယ်ရီက 'နာမည်ကျော်ရက်ပ်ပါအဆိုတော် Eminem ရဲ့ ရုပ်ပုံတက်တူး(၁၅)ခုကို ထိုးထားတဲ့ အမျိုးသမီးက ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့တယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မမှာ မက်ဒေါနားရဲ့ ရုပ်ပုံတက်တူး(၂)ခုထိုးပြီးနေပါပြီ။ အဲဒီညမှာပဲ ဒီဂင်းနစ်စံချိန်ကို  ရအောင်ယူမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့ပြီး တက်တူးဆရာကို ဖုန်းဆက်ခဲ့တာပါ။ သူကလည်း ကျွန်မကို ဆက်လုပ်ဖို့ အားပေးခဲ့တာပါ။ လူအတော်များများက ကျွန်မရဲ့ လက်မောင်းတွေမှာ ထိုးထားတဲ့ တက်တူးတွေကို ဓါတ်ပုံ ဒါမှမဟုတ် ဗီဒီယိုရိုက်လို့ရလားလို့ မေးခဲ့ကြပါတယ်။ အဲဒီလိုစကားတွေကြားခဲ့ရတဲ့အတွက် ကျွန်မတကယ်ကိုဝမ်းသာပါတယ်။ ဒီတက်တူးတွေထိုးဖို့အတွက် ပိုက်ဆံတွေချေးတာမျိုး၊ အပေးအယူလုပ်တာမျိုးတွေ လုပ်ခဲ့ရပါတယ်"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် မက်ဒေါနား၏ ရုပ်ပုံတက်တူး(၁၈)ခု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၉၈၀၀)ကျော်ရှိကြောင်း တာရာဘယ်ရီက ခန့်မှန်းပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝိုင်းမော်မြို့မှ မြို့ခံပြည်သူ (၈၀) ရာခိုင်းနှုန်းကျော်နေရပ်စွန့်ခွါ

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved