Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လမ်းတံတား တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံခဲ့ရပြီး အများဆုံးဖျက်ဆီးသူအဖြစ် KNU၊ PDF ဦးဆောင်

သန့်ဇင် (NSS) - မေ ၂၉

      သုံးနှစ်ကျော်အတွင်း လမ်းတံတားနှင့် တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံထားရပြီး အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကို KNU ၊ PDF ပူးပေါင်းအဖွဲ့များက အများဆုံးပြုလုပ်နေကြောင်းဖြစ်စဉ်များအရ သိရသည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့ကိုKNU နှင့်  PDF ပူးပေါင်းအဖွဲ့က ရက်ပိုင်းသာခြား ၍ မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့ရာ ခရီးသွားပြည်သူအချို့ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ “အခုလိုလမ်းတံတား တွေဖျက်ဆီးခံရတော့ ခရီးသွားပြည်သူတွေအတွက်ကအဆင်မပြေဘူးပေါ့။ တောလမ်းတွေကနေသွားရ တာလည်း အဆင်မပြေပါဘူး။ အခုကမိုးတွင်းရောက် လာပြီဆိုတော့ပိုလို့တောင်အဆင်မပြေဖြစ်ရတယ်။ အဲဒီနေရာက နှစ်တိုင်းကလည်း ရေကြီးနေတော့ အဓိက ကတော့ ကုန်ကားတွေအဆင်မပြေတာပေါ့။ ကားလေးတွေက တခြားလမ်းတွေကသွားလို့ရနေ သေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ဘီး လင်းကလူတွေက ရန်ကုန်တို့၊ ပဲခူးတို့ပဲသွားရတော့ တယ်။ မော်လမြိုင်တို့ သထုံတို့ဘက်ကိုတော့ သွားလို့ မရတော့ဘူးပေါ့”ဟု ဘီးလင်းမြို့ခံတစ်ဦးက NSS သို့ ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတား နှစ်စင်းမှာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင်ရှိသည့် အရေးပါသောတံတားများဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့အတွက် အပြန်အလှန်ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သဖြင့် ဒေသခံပြည်သူလူထုအတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိ နစကအစိုးရလက်ထက်တွင် KNU နှင့်PDF ပူးပေါင်းအဖွဲ့တို့သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်း(အရှေ့ပိုင်း)တို့ရှိ လမ်းတံတားများစွာကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ)တံတားကို KNU ၊ PDFပူးပေါင်းအဖွဲ့ က မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားပြိုကျပျက်စီးခဲ့ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား လမ်းပန်း ဆက်သွယ်မှုသည်လည်း ပြတ်တောက်ခဲ့ရကာ ဒေသ ခံများအတွက် အခတ်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။

     အလားတူ ဇွန်လ၂၅ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ကျောက် ကြီး-နတ်သံကွင်းသွား ကားလမ်းရှိ ခရုမြောင်း ကွန်ကရစ်တံတားကို KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ရာ ဒေသခံများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက် သွယ်ရေးအခက်အခဲများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ အဆိုပါ ခရုမြောင်းတံတားဖြစ်စဉ်မတိုင်မီ ဇွန်လ ၁ ရက်ကလည်း ပဲခူးတိုင်း၊ နတ်သံကွင်းမြို့နယ်ရှိ နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ် ထားသော နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့၍ တံတားမှာပြိုကျပျက်စီးခဲ့ရသည်။ ထို့ပြင် KNU ၊ PDF ပူးပေါင်းအဖွဲ့သည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်ရှိ တံတားအချို့ကိုလည်း မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေ သည့် ပဋိပက္ခများအတွင်း လမ်းတံတားများနှင့် ပတ်သက်၍ KNU ၊ PDF ပူးပေါင်းအဖွဲ့၏ မိုင်းခွဲဖျက်ဆီး မှုများကို အများဆုံးတွေ့မြင်နေရသည့်အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် MNDAA ၊ TNLA ၊ AA အဖွဲ့တို့၏ မိုင်းခွဲဖျက်ဆီးမှုလုပ်ရပ်များကိုလည်း တွေ့မြင်နေရသည်။

ယခုကဲ့သို့ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် လမ်း၊ တံတားများသည် အများပြည်သူနှင့်သက်ဆိုင် သော နိုင်ငံတော်ပိုင်အဆောက်အအုံများဖြစ်ပြီး တံတားတစ်စင်းပြန်လည်တည်ဆောက်ရန်အတွက် ငွေ ကြေးနှင့်အချိန်များစွာပေးဆပ်ရကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။ “တံတားတစ်စင်းဖြစ်ဖို့ဆိုရင် တံတားရဲ့ အရှည်ပေါ်မှာမူတည်တာပေါ့။ တံတားတစ်စင်းကို သိန်း(၄)(၅)ထောင်လောက်တော့ အနည်းဆုံးရှိ တယ်။ တံတားရှည်ရင် ရှည်သလောက် ပိုပြီးကုန်တာပေါ့။ အဲဒါကတော့ ကွန်ကရစ်တံတားတွေပေါ့နော်။ ရိုးရိုး ဘေလီတံတားကတော့ နည်းနည်းလေးသက်သာ ပေမယ့် အခုသံဈေးတွေတက်နေတော့ သက်သာ တယ်လို့လည်း ပြောလို့မရဘူး။ သံကူကွန်ကရစ်ဆိုရင် အနည်းဆုံး(၁)လခွဲ(၂)လလောက်တော့ကြာမယ်။ ဘေလီတံတား ဆိုရင်တော့ ထုတ်လုပ်ရေးနဲ့ တပ်ဆင် တာ ပေါ်မူတည်ပြီး (၂) ပတ်လောက်နဲ့ဆိုရတယ်။ ဒါ ကလည်း ထုတ်လုပ်ရေးအပေါ်မူတည်တာပေါ့”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NSS ကိုပြောသည်။ 

    ထို့သို့ လက်နက်ကိုင် အဖွဲ့များအနေဖြင့် လမ်းတံတားများကိုဖျက်ဆီးနေ ခြင်းသည် အစိုးရကတိုက်ရိုက်ထိခိုက်စေခြင်းမျိုးမရဘဲ အများပြည်သူကိုသာ တိုက်ရိုက်ထိခိုက်စေကြောင်း ၎င်းကထပ်မံသုံးသပ်ထားသည်။ “တံတားဖျက်ဆီးတဲ့အတွက် အဓိက က တော့ ပြည်သူတွေထိခိုက်တာပေါ့။ စစ်တပ်က ရေလမ်းကနေသွားလို့ရတယ်။ လေကြောင်းကနေလည်း သွားလို့ရတယ်။ အဲဒီလိုမျိုးသွားလို့ရနေတာကို လုပ် တဲ့အတွက် စစ်တပ်ကထိခိုက်တာမဟုတ်ဘူး။ ပြည် သူလူထုပဲ ထိခိုက်တာ။ အဲဒါတွေဖျက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေတက်မယ်။ ဆီတွေပို့လိုမရရင် ဆီ ဈေးတွေတက်မယ်။ အခုနောက်ပိုင်းက ရထားလမ်း တွေပါဖျက်ဆီးနေတော့ အဓိကကတော့ ပြည်သူလူထုပဲထိခိုက်တာပဲပေါ့။ ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲဖြစ်လာတာပေါ့”ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ  နိုင်ငံတစ်ဝန်း၌ ဖျက်ဆီးခံခဲ့ရသော လမ်း တံတားနှင့် တိုးဂိတ်အဆောက်အအုံပေါင်း (၁၅၀ဝ)နီးပါးထိ ရှိနေပြီဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။    


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိမ်မွေးတိရစ္ဆာန် အရေခွံခွာ ရုပ်လုံးသွင်းလုပ်ငန်း တိမ်မြုပ်လုနီးပါးဖြစ်နေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved