အီရန်သမ္မတသေဆုံးမှုအတွက် အမေရိကန်ကို အပြစ်တင်သင့်တယ်လို့ ဘီလာရုစ်သမ္မတဝေဖန်
Pika (NSS) - မေ ၂၅
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်နိုင်ငံဟာ ၎င်းရဲ့အမေရိကန်ထုတ်ရဟတ်ယာဉ်တွေကို ပြင်ဆင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့တာဟာ အီရန်သမ္မတအီဘရာဟင်ရိုင်စီသေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ အခန်းကဏ္ဍတစ်ခုကနေပါဝင်နေတယ်လို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြောဆိုခဲ့ပါတယ်။
အီရန်သမ္မတအီဘရာဟင်ရိုင်စီနဲ့ ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့ဟာ မေလ(၂၀)ရက်နေ့က အဇာဘိုင်ဂျန်ပြည်နယ်ကနေ ပြန်လာစဉ်အချိန်အတွင်း ရဟတ် ယာဉ်ပျက်ကျခဲ့ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ လူကာရှန်ကိုက "ဒီစကားကို သမ္မတတစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ပြောတာပါ။ အမေရိကန်ရဲ့ လုပ်ရပ်တွေကြောင့် ဒီလိုဖြစ်ရပ်ဆိုးဖြစ်ခဲ့ရတာပါ။ အဓိကပြောချင်တာကတော့ ပိတ်ဆို့အရေးယူမှုတွေပါ။ အမေရိကန်ဟာ လူတွေကို သယ်ဆောင်တဲ့ သင်္ဘောတွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအပေါ်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပိုင်ခွင့်မရှိပါဘူး။ အီဘရာဟင်ရိုင်စီရဲ့ ရဟတ် ယာဉ်နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေ မပေးဖို့ သူတို့ရဲ့ကုမ္ပဏီတွေကို အမေရိကန်က တားမြစ်ခဲ့တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး အမေရိကန်ကို အပြစ်တင်သင့်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ဟာ ၎င်းရဲ့ သမ္မတလေယာဉ်ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ လူကာရှန်ကိုက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။လူကာရှန်ကိုဟာ မေလ(၂၄)ရက်နေ့က ရုရှားသမ္မတပူတင်နဲ့ Minsk မြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပူတင်က 'ရုရှားထုတ်ရဟတ်ယာဉ်တွေဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ပြဿနာတွေမရှိဘဲ ပျံသန်းနိုင်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ မေလ(၂၀)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အီရန်စစ်တပ်က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ဟာ စီစဉ်ထားတဲ့လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့တာဖြစ်ပြီး ကိုယ်ထည်မှာ ကျည်ဆန်ရာတွေလည်းမရှိတဲ့အတွက် ပစ်ချခံရတာမဟုတ်ဘူးလို့ အီရန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုက နိုင်ငံတကာစည်းကမ်းအမိန့်တွေကိုရန်စတာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရဝေဖန်ပြစ်တင်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း