တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုက နိုင်ငံတကာစည်းကမ်းအမိန့်တွေကိုရန်စတာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - မေ ၂၅
ထိုင်ဝမ်းကျွန်းအနီး တရုတ်စစ်တပ်က နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းဟာ နိုင်ငံတကာအမိန့်စည်းကမ်းတွေကို ရန်စတာမျိုးဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ထိုင်ဝမ်မှာ သမ္မတ လီချန်တေး ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာမှာပဲ တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်ခန်းစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တရုတ်စစ်တပ်က ထိုင်ဝမ်သမ္မတကို ခွဲထွက်ရေးသမားအဖြစ် ဝေဖန်ပြစ်တင်ထားပြီး အဲဒီ စစ်ရေးလေ့ကျင့်ခန်းက ခွဲထွက်ရေးသမားတွေကို အပြစ်ပေးဖို့ရည်ရွယ်တာမျိုးဖြစ်ကြောင်း ပြောပါတယ်။ ထိုင်ဝမ်သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တရုတ်စစ်တပ်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းဟာ ရန်စမှုတွေဖြစ်တယ်။ အဲဒီရန်စမှုတွေဟာ ထိုင်ဝမ်ကျွန်းနား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နစ်နာစေရုံသာမက နိုင်ငံတကာ အမိန့်စည်းကမ်းဥပဒေတွေကို ရန်စတာမျိုးဖြစ်တယ်"လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ပြောဆိုထားပြီး ထိုင်ဝမ်ကလည်း တရုတ်လက်အောက်ကနေ ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ လိုလားနေပါတယ်။တရုတ်နိုင်ငံက ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမှာဖြစ်ပေမယ့် လိုအပ်ရင်အင်အားသုံးမယ်လို့ပြောဆိုထားပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းပိုင်နက်တွေထဲကို စစ်သင်္ဘောတွေနဲ့တိုက်လေယာဉ်တွေ မကြာခဏကျူးကျော်ဖြတ်သန်းခဲ့ပြီး တင်းမာမှုတွေပိုမိုဖြစ်လာခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်ရဲ့လုပ်ရပ်ကို သတိပေးထားပြီး လာမယ့်သီတင်းပတ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့ရှိ ကန်သာကန်၌ ငါးမျိုးစုံ ထောင်နှင့်ချီကာ သေဆုံးမှု ဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း